AggaMun avatar

Time is power

aggamun

Published: 01 Nov 2019 › Updated: 01 Nov 2019Time is power

Time is power

စာတစ်ပုဒ်တော့ ရေးဦးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချတော့ အဓိကတွေးမိတဲ့ အရာက " ဘာရေးရမလဲ? "ဆိုတာပဲ။ ဦးနှောက်က တကယ့်အံသြစရာကောင်းတဲ့ အရာတစ်ခုပဲ။ဘာကြောင့်အခုလိုပြောတာလဲဆိုတော့ ခုနကလို စာရေးမယ်လို့ လှမ်းပြီးသူ့ကို သတင်းပို့တာနဲ့ သူကချက်ချင်း အကြောင်းအရာတွေကို ပြန်ထုတ်ပေးတယ်။ ဒါပေမယ့်ဆိုးတာက သူထုတ်ပေးတာတွေက ရောသမမွှေတွေကြီးပဲ။ ကိုယ်ဖတ်ဖူးသမျှ မှတ်ဖူးသမျှ ကြားဖူးသမျှ မြင်ဖူးသမျှ အားလုံးအားလုံးသော အကြောင်းအရာတွေကို ချက်ချင်းပြန်ပေးတယ်။ ဥပမာပြောရရင် "မုန့်စားချင်တယ်"ဆိုပြီး တွေးတာနဲ့ ဦးနှောက်ကနေ စားစရာမျိုးစုံကို တန်းစီပြီးထုတ်ပြတော့တာပဲ။ အဲ့လိုထုတ်ပြရင်တော့ ရွေးပေတော့ပဲ။ ဘာစားလို့ စားရမှန်းကို မသိအောင် မုန့်မျိုးစုံကို ထုတ်ပြတာ။ အခုလည်း ဒီလိုပဲ ဘာရေးလို့ရေးရမှန်း မသိအောင်ကို dataတွေက များလွန်းတယ်။

Image credit - https://pixabay.com/vectors/human-head-man-male-cranium-1211467/

ဒီတော့ တစ်ခုတော့ ရွေးရမယ်ဆိုပြီး စဥ်းစားတော့ အခုပြောမယ့်အကြောင်းအရာလေးကို ရခဲ့တယ်။"Time is Power" ဒီစကားလေးကို အရမ်းသဘောကျတယ်။ကိုယ့်ဘာသာ စဥ်းစားမိတာလေးပါ။"အချိန်သည် စွမ်းအား"တဲ့။ ဘာလို့အခုလို ပြောရတာလဲဆိုတော့ စွမ်းအားဆိုတာဘာမဆိုကိုဖြစ်အောင်လုပ်နိုင်တာမလား။ ဒီတော့ အချိန်ကိုသာ အကျိုးရှိရှိ အသုံးချရင် အချိန်ကလည်း စွမ်းအားဖြစ်လာနိုင်ပါတယ်။

ကမ္ဘာမှာ အောင်မြင်နေတဲ့လူတွေဟာ ဥုံဖွ ဆိုပြီး အောင်မြင်လာတာ ဘယ်သူမှမရှိပါဘူး။ဟပ်ချလောင်းဆိုပြီး အတွင်းစိတ်စွမ်းအားတွေနဲ့ အောင်မြင်လာသူတွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ မွေးရာပါစွမ်းအားရှင်တွေ မဟုတ်ပါဘူး။ဒါပေမယ့် အချိန်ကို မှန်မှန်ကန်ကန်အသုံးချတတ်လို့ အခုတော့ စွမ်းအားတွေရနေပါပြီ။

Image credit - https://pixabay.com/photos/hourglass-clock-sand-time-knapp-1875812/

ကျွန်မ စာအုပ်တစ်အုပ်မှာ အချိန်နဲ့ပတ်သက်တဲ့ စာကြောင်းလေးတစ်ကြောင်းကို ဖတ်ဖူးတယ်။"အောင်မြင်နေတဲ့လူတွေဟာ အားလပ်ချိန်၈နာရီ ကို အကျိုးရှိရှိ ဖြတ်သန်းလာတာပါ" တဲ့။မှန်ပါတယ် ကျွန်မတို့တွေဟာ တစ်နေ့၂၄ နာရီ ကို ၈နာရီစီပိုင်းမယ်ဆို ၃ပိုင်းရပါတယ်။ ၂ပိုင်းကို ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းတွေနဲ့ ဖြတ်ကျော်ပြီးတော့ ကျန်တဲ့တစ်ပိုင်း၈နာရီ ကို ဘယ်လိုဖြတ်သန်းလဲဆိုတာ ကိုယ့်ဘဝရဲ့ အောင်မြင်မှု နဲ့ တိုက်ရိုက်အချိူးကျပါတယ်။ဒါကြောင့်မို့ သင်သာသင့်ရဲ့အားလပ်ချိန်၈နာရီ ကို မှန်ကန် စွာ ဖြတ်သန်းမယ်ဆိုရင်တော့ ၈နာရီ ဆိုတဲ့အချိန်ဟာ သင်ဖြစ်ချင်တာတွေကို ဖြစ်လာနိုင်အောင် စွမ်းဆောင်ပေးမယ့် စွမ်းအားတစ်ခုဖြစ်လာမှာပါ။


နှင်းအိခိုင် ရေးသားသည်။



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=184

Leave Time is power to:

Written by

The more you know, the more you claim.

Read more #steempress posts


Best Posts From AggaMun

We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From AggaMun