AggaMun avatar

Not just a piece, it can bounce back

aggamun

Published: 19 Nov 2019 › Updated: 19 Nov 2019Not just a piece, it can bounce back

Not just a piece, it can bounce back

"အသေးအမွှားကို အလေးမထားရင် ဘေးများတတ်တယ်"တဲ့။ ဒီစကားကို ကျွန်မတို့ရဲ့ အင်္ဂလိပ်ဆရာကြီး ဦးတင်သိန်းကနေ ပြောကြားခဲ့တာပါ။ အင်္ဂလိပ်စာ grammar ကိုသင်တိုင်း ပြောတဲ့စကားလေးပါ။ sထည့်ရမလား esထည့်ရမလား မထည့်ရဘူးလားဆိုပြီး သေချာသင်ပေးတိုင်း ထိုစကားလေးကို အမြဲပြောပါတယ်။ ဆရာကြီးက စာလုံးအသေးလေးတွေဆိုပြီး အလေးမထားလို့ကတော့ ဘေးဒုက္ခကို လှလှတွေ့ပါပြီတဲ့။ ကျွန်မတို့ကလည်း အမြဲမှားတတ်ပါတယ်။ဒါပေမယ့် ဆရာ့စကားလေးကတော့ နားထဲကကို မထွက်နိုင်ပါဘူး။

ဆရာ့စကားလေးက အင်္ဂလိပ်စာ တစ်ခုတည်းအတွက်တောင် မဟုတ်ပါဘူး။လူမှုပတ်ဝန်းကျင် နယ်ပယ်မှာလည်း အရေးပါစေပါတယ်။စဥ်းစား ကြည့်ပါ။ကာလာအဖြူရောင်စက္ကူပေါ်မှာ အမည်းရောင်အစက်အပြောက်လေးတစ်ခုပဲ တင်လိုက်ပါ။ဘယ်လိုမှကြည့်လို့ အဆင်မပြေပါဘူး။အမည်းရောင်အစက်လေးပါကွာ ဘာမှမဖြစ်လောက်ပါဘူးလို့ မထင်လိုက်ပါနဲ့။ အနည်းဆုံးတော့ သူ့မှာအရောင်အစွန်းလေး ဖြစ်သွားပါပြီ။

Image credit - Pixabay

ထိုနည်းတူပါပဲ။လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကအသေးအမွှားလေး အရေးမပါတဲ့အရာလေးဆိုပြီး လွှတ်ခနဲပြောလိုက်မိတဲ့ စကားလေးက တစ်ဖက်သားကို နစ်နာသွားစေနိုင်ပါတယ်။ကိုယ်ပြောလိုက်တဲ့စကားက ကိုယ့်အတွက် အရေးမပါပေမယ့် တစ်ခြားသူတွေအတွက်တော့ သူ့ဘဝနဲ့လည်း ဆိုင်ပါတယ်၊ သူ့အသက်နဲ့လည်း ဆိုင်ပါတယ်။အရင်တစ်ခါက Facebookပေါ်မှာ ကိုယ့်ကိုယ်ကို suicide လုပ်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဖတ်မိပါတယ်။တစ်ခြားသူတွေက သူ့ကို အခြောက်လို့ခေါ်တဲ့အတွက် နောက်ဆုံးမှာ suicide လုပ်သွားတာပါ။ ဒီအဖြစ်ကို ကြည့်မယ်ဆိုရင် "မင်းဟာ အခြောက်ပဲ"လို့ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ပြောလိုက်ရတဲ့ ကြာချိန်နဲ့စကားလုံးအရေအတွက် ဘယ်လောက်မှမရှိပေမယ့် တစ်ဖက်လူအတွက်ကတော့ အသက်ပါပေးသွားခဲ့ရပါတယ်။ဒါကြောင့် ပြောဆိုဆက်ဆံတဲ့အခါမှာလည်း အသေးအမွှား ဆိုပြီး အလေးမထားသင့်ပါဘူးလို့ အကြံပေးလိုက်ပါရစေ။

နှင်းအိခိုင် ရေးသားသည်။

Leave Not just a piece, it can bounce back to:

Written by

The more you know, the more you claim.

Read more #myanmar posts


Best Posts From AggaMun

We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From AggaMun