
Apologizing !
အခုဆို ကို @aggamunရဲ့ accမှာ ကျွန်မတို့တွေ စာတွေရေးတင်လာတာ ရက်တော်တော်ကြာလာပါပြီ။ကျွန်မတို့တွေလို့ သုံးနှုန်းရတာကတော့ ကျွန်မနှင်းအိခိုင်ရယ် မဟန်နီမိုးရယ် ကိုစောလွင်ရယ်ကို ဆိုလိုတာပါ။တတ်နိုင်သလောက်လေးနဲ့ steemitနဲ့ အဆင်မပြတ်အောင် ရေးတင်လာတာပါ။
အကို@aggamun ဆုံးပြီးကတည်းက ကျွန်မfacebookမှာ ရော steemitမှာရော မိတ်ဆွေအပေါင်းအသင်းတွေကို ဆုံးသွားတာကို အသိပေးခဲ့ပါတယ်။ဒါကြောင့် တစ်ချို့သော အသိမိတ်ဆွေတွေက လူကိုယ်တိုင်ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ သတင်းမေးနှစ်သိမ့်ပေးခဲ့ကြပါတယ်။ နာရေးကူငွေများလည်း ထည့်ဝင်ကူညီပေးခဲ့ကြပါတယ်။ဒါတွေကိုလည်း ကျွန်မတို့မိသားစုတွေက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်မိပါတယ်။
အခုဆိုကျွန်မတို့အကိုဆုံးတာ တစ်လပြည့်ပါတော့မယ်။စနေနေ့ဆို တစ်လပြည့်ပါပြီ။စနေနေ့မှာပဲ ကျွန်မတို့မိသားစုတွေက အကို့ကိုရည်စူးပြီး အလှူအတန်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ အခုရက်ပိုင်း အကို့accမှာ စာမရေးနိုင်ပါဘူး။အကို့accမှာ အမြဲမပြတ်voteနေကြသော မိတ်ဆွေ များကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဒီရက်ပိုင်းလေး စာရေးမတင်နိုင်တာကိုလည်း ခွင့်လွှတ်ပါလို့ မေတ္တာ ရပ်ခံပါတယ်။
လေးစားစွာဖြင့်
နှင်းအိခိုင်
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=226
Leave Apologizing ! to:
Read more #steempress posts
Best Posts From AggaMun
We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.