Just my thinking
Steemit နဲ့ အဆက်ပြတ်နေတာ အတော်ကြာပါပြီ … အခု ပြန်လေ့လာကြည့်တော့ ကိုယ်မသိတာတွေ အတော်များသား … သုတ ရသစာပေကို ရေးသူတွေက အတော်လေး ရှားနေပြီ ဖြစ်ပြီး … ဂိမ်းကစားပြီး ဆုလာဘ်ရအောင် ယူနေကြသူတွေက များနေသလားလို့ပါ … ဘာပဲဖြစ်ဖြစ်လေ … ကိုယ်သန်ရာသန်ရာ လုပ်ကြတာ ဖြစ်ပြီး … ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ကတော့ မှန်ကြပါတယ် …
ကျွန်တော့်အတွေ့အကြုံတစ်ခု ပြောပါရစေ … အခု ပြောနေတာနဲ့ ဆက်စပ်ပြီး တွေးမိတာလေးပေါ့ … ယူနီကုတ်တွေ ပေါ်လာတော့ အတော်လေး တိုင်ပတ်ခဲ့တယ် … ဖောင့်လက်ကွက်တွေ မသိတော့ ရမ်းသမ်းမှန်းတမ်းနဲ့ ရိုက်ခဲ့ရတယ် … ရိုက်ရင်းနဲ့တော့ အဆင်ပြေသွားတာပဲ … နောက်တစ်ခါ ယူနီကုတ် အဆင်မပြေတဲ့ စက်မှာ ဇော်ဂျီနဲ့ ရိုက်တော့ လက်ကွက်တွေက မှားနေပြန်တယ် … memory ပြန်ခေါ်နေရတယ် …
Image credit - https://pixabay.com/photos/grass-lying-resting-relaxing-man-1867800/
ဒီမှာ ကျွန်တော် ပြောချင်တဲ့ message လာပါပြီ … steemit trend တစ်ခုအနေနဲ့ ဂိမ်းတွေဆော့တယ် … activity တွေ လုပ်တယ် … ကိုယ့်မူလပုံစံကနေ သွေဖြည်လာတယ် … ကဲ … နောက်တစ်ခါ စာပေအရေးအသားကို အားပေးတဲ့ ခေတ် ပြန်ရောက်မယ်ဆို ကိုယ့်အနေနဲံ အဆင်ပြေနိုင်ပါဦးမလား … ဂိမ်းတွေက steemit မှာပဲ virtual world ဖြစ်နေတာ … အရေးအသားပိုင်းကတော့ real world မှာပါ အသုံးဝင်တယ် … အခု content writer ပိုင်း ကိုယ်ဝင်မယ်ဆိုရင်လည်း ဝင်လို့ရတယ် … ကိုယ်ပေးချင်တဲ့ message တစ်ခုခုကို ကိုယ်လိုရာဆွဲပြောပေးဖို့ အဆင်ပြေသွားမယ် … customer က complaint တစ်ခုခုတက်လာရင် ဘယ်လိုမျိုး ရေးသားပြောဆိုရမလဲဆိုတာ ပိုပြီးကျွမ်းကျင်လာမယ် … long term ကြည့်ရင် အကျိုးအတော်များတယ် …
အခုလိုပြောနေလို့ ဂိမ်းဆော့နေတာကို ဝေဖန်တာ မဟုတ်ဘူးနော် … တစ်ဖက်ကို အားသန်လွန်းရင် တစ်ဖက်မှာ ပေါ့လျော့သွားနိုင်တယ်ဆိုတဲ့အချက်ကို အဓိကပြောကြားလိုရင်း ဖြစ်ပါတယ် .. မလျှော့မတင်း စောင်းကြိုးညှင်းသလို … ကျွဲကူးရေပါ ဖြစ်အောင် လုပ်သင့်ကြောင်း တိုက်တွန်းချင်တာပါ … ဆော့တော့လည်း post တင်စရာ ရသလို ဗုတ်လည်း ရတာပါ့ဗျာ 😀😀😀
စောလွင် ရေးသားသည်။
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=198
Leave Just my thinking to:
Read more #steempress posts
Best Posts From AggaMun
We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.