E.G.O
ဒီတစ်ခါတော့ ကျွန်မအတွေးပေါက်တဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။တစ်ခြားတော့မဟုတ်ပါဘူး။ လူတွေနဲ့ရင်းနှီးတဲ့အရာပါ။ အတ္တ ဆိုတဲ့စကားလုံးပါ။
လူတိုင်းမှာ အတ္တရှိတယ်လို့ပြောရင် မှားတယ်လို့တော့ ပြောမယ်မထင်ပါဘူး။ရှိတဲ့ပမာဏတွေပဲ ကွာဟသွားမယ်လို့ ထင်ပါတယ်။ တစ်ချို့လူတွေကျတော့ ကိုယ့်မှာအတ္တရှိတယ်ဆိုတာ ရဲရဲဝံ့ဝံ့ ဝန်ခဲရဲပါတယ်။ တစ်ချို့ကျပြန်တော့လည်း ဝန်မခံရဲဘူးပေါ့။ တစ်ချို့များကျတော့လည်း အတ္တရှိမှန်းတောင် မသိကြဘူး။
အတ္တဆိုတဲ့အရာကလည်း ခက်တော့ခက်သား။ ချစ်ခင်မှုမှာလည်း အတ္တကပါနေပြန်တယ်။ မုန်းတီး မှုမှာလည်း ဒင်းလေးကပါနေတယ်။ အောင်မြင်လိုမှုမှာလည်း ပါနေတာပဲ။နေရာတိုင်းလိုလိုမှာ ပါလေရာငါးပိချက်ပဲ။အလိုဆန္ဒပြင်းထန်လာရင် အတ္တအလိုလိုဖြစ်သွားရော။လူဆိုတဲ့သတ္တဝါကလည်း ရလေလိုလေထဲမှာ ပါဝင်တော့ အတ္တဖြစ်တာမဆန်းပါဘူး။
Image credit - https://pixabay.com/photos/face-faces-dialogue-talk-psyche-65058/
ဒီတော့ ကျွန်မကအပေါ်မှာပြောထားတဲ့ အတ္တရှိတဲ့လူတွေထဲမှာမှ ကိုယ့်ကိုယ်ကိုအတ္တရှိလို့ရှိသွားမှန်း မသိတာလေးကို ဥပမာလေးနဲ့ ပြောပြချင်ပါတယ်။ ဥပမာထက်စာရင် ကိုယ်တွေ့လို့ဆိုရင် ပိုမှန်မယ်ထင်တယ်။အကြောင်းအရာလေးကတော့ တစ်ခြားမဟုတ်ပါဘူး။ အခု လတ်တလော မှာပင် ကျွန်မအကိုဆုံးသွားပါတယ်။ အဲ့တုန်းက ကျွန်မတော်တော်ငိုကြွေးရပါတယ်။ ကျွန်မတို့ရဲ့ ကျေးဇူးရှင်တစ်ယောက်ပါ။ ဒီတော့ ကျွန်မငိုကြွေးပါတယ်။ အကို့ရဲ့အသက်မဲ့တဲ့ ခန္ဓာကို ကိုင်ပြီး ရင်ထဲကနေ ပြန်လာပါ၊ ပြန်နိုးထလာပါ ဆိုပြီး တောင်းဆိုနေမိခဲ့ပါတယ်။ နောက်တော့ ကျွန်မရဲ့တောင်းဆိုမှုမှားတယ်ဆိုတာ ကျွန်မတွေးမိလိုက်ပါတယ်။ အကိုဟာ ကျန်းမာရေး မကောင်းသူပါ၊ ရာသီဥတုချို့ယွင်းတိုင်း မကြာခဏဖျားနာသူပါ။ အခုဆိုသူဟာ အခုလိုခဏခဏ ဒုက္ခပေးနေတဲ့ ခန္ဓာကိုယ်ကို စွန့်ခွာသွားတာကို ကျွန်မတို့က ဝမ်းသာနေရမှာပါ။ ကျွန်မတို့က "သူမရှိရင် ..."ဆိုတဲ့ အရာကိုတွေးပြီး ဝမ်းနည်းပူဆွေးနေတာပါ။ သူမရှိရင် ဘယ်သူ့ အားကိုးရမလဲ။သူမရှိရင် ငါ့ဘဝကြီး ဘာဖြစ်သွားမလဲဆိုပြီး သူ့ကိုတမ်းတသလိုနဲ့ ကိုယ့်ကိုယ်ကို ပြန်တွေးပြီးငိုတာပါ။ အမှန်တစ်ကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒအတွက် သွားလေသူကိုတမ်းတနေတာပါ။ ဒါဟာ အတ္တပါပဲ။
ကျွန်မဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းရှိတယ်။"လူတစ်ယောက် အော်ဟစ်ငိုကြွေးပြီး လောက ကြီးကိုဝင်လာချိန်မှာ ဘေးကလူတွေက ပြုံးပျော် နေကြပြီး လူတစ်ယောက် ပြုံးပြုံးလေး လောကကြီးက ထွက်သွားချိန်မှာ ဘေးကလူတွေက ငိုနေကြတယ်"တဲ့။ စဥ်းစားကြည့်ပါ၊ လူတစ်ယောက်ဟာ ရှုပ်ထွေးပွေလီလှတဲ့ လူ့တာဝန်ကို ထမ်းဖို့ဝင်လာချိန်မှာ ဘေးကနေပြုံးပြုံးလေးထိုင်ကြည့်ပြီးတော့ တာဝန်အားလုံးကို ပြီးဆုံး လို့ထွက်သွားချိန်မှာတော့ ဘေးကနေဝိုင်းငိုနေကြတယ်။ ဒါဟာ အတ္တတွေကြောင့် ငိုတာပါ။ သူမရှိရင်ဆိုပြီး ...ကိုယ့်အတွက်ကို တွေးပြီးငိုတာပါ။ ဒါဟာ အတ္တပဲ...။
နှင်းအိခိုင် ရေးသားသည်။
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=205
Leave E.G.O to:
Read more #steempress posts
Best Posts From AggaMun
We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.