
Reading Love !
စာဖတ်ခြင်းဟာ လူသားတို့အပေါ် များစွာ အကျိုးပြုတယ်။ စိတ်ကို နူးညံ့စေတယ်။ အမှားအမှန်ကိုလည်း ခွဲခြားသိမြင်နိုင်တယ်။အကြောင်းအကျိူး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တယ်။ လောကရဲ့အကြောင်းကိုလည်း သိမြင်အောင် ဖော်ပြပေးတယ်။ စာဖတ်ခြင်းဖြင့် စာရေးသူတို့ရဲ့ ကိုယ်တွေ့ခံစားချက် ဖြစ်ရပ် အတွေ့အကြုံ များကို လေ့လာနိုင်တယ်။ အများအားဖြင့် ကျွန်မက ရသစာပေကို ပိုဖတ်လေ့ရှိပါတယ်။ ကျွန်မက စဥ်းစားရတာထက် ခံစားရတာပိုကြိုက်တယ်။ စာဖတ်ရင်း ဇာတ်ကောင်လေးတွေကို သရုပ်ဖော်ကြည့်တယ်။ အဲ့ဒါကြောင့် ကျွန်မစာဖတ်ရတာ ပိုပြီး အားရတယ်။
ကျွန်မ ဖတ်ဖူးတဲ့ရသ တစ်ပုဒ်ရှိတယ်။အကြောင်းအရာက မိဘ၂ပါးမှာ ပညာမတက်ရှာသော လယ်သမားကြီးများ ဖြစ်သောကြောင့် သူတို့သားလေးကို ပညာတက်လေးဖြစ်အောင် အများကြီး ပံ့ပိုးပေးခဲ့တယ်။အဲ့လိုနဲ့ သူတို့သားလေးအရွယ်ရောက်ချိန်မှာ သူငယ်ချင်းတွေ အိမ်လာလည်တဲ့အခိုက်မှာ အတန်းပညာမသင်ခဲ့ဖူးသော သူ့အဖေက ပိုးသတ်ဆေးဝယ်ရင်း ကြားဖူးနားဝဖြစ်ခဲ့သော အင်္ဂလိပ် စကားလုံးလေးကို အသံနေအသံထားမှားယွင်းစွာ ပြောမိလိုက်တယ်။ ထိုအခါ သူငယ်ချင်းတွေ အရှေ့မှာဆိုတော့ ကောင်လေးက ရှက်သွားတယ်။ အလှောင်ခံရမှာ ကြောက်သွားတယ်။ အဖေရယ် မသိရင်လည်း မပြောပါနဲ့ လို့ ရှက်စိတ်မွှန်ကာ အော်ပြောမိတယ် ။ ရိုးသားတဲ့အဖေက မသိရှာဘူး ။ အဲ့လိုနဲ့ နောက်တစ်နေ့ ကောင်လေးရဲ့ သူငယ်ချင်းအိမ်ကို လိုက်သွားတယ်။ ကောင်လေးရဲ့အဖေကဲ့သို့ သူငယ်ချင်း အဖေခမျာ ပညာသိပ်မတတ်ရှာဘူး။ သူ့သားလေးက ကွန်ပျူတာ မှာ ဗိုင်းရပ်စ် ဝင်နေကြောင်း သူငယ်ချင်း တွေကို ပြောပြနေတယ်။ အဲ့အချိန်မှာ သူငယ်ချင်းရဲ့ အဖေက သားရယ်အဲ့ဒါဆို အဖေတို့ လယ်ထဲသုံးတဲ့ ပိုးသတ်ဆေးဖြန်းလိုက်လေတဲ့။ အားလုံးက သဘောကျသွားတယ်။အဲ့အချိန်ကောင်လေးက အားနာသွားတယ်။ သူငယ်ချင်းတော့ ရှက်နေမှာလို့ တွေးမိလိုက်တယ်။ သို့သော် ထင်ထားသလို မဟုတ်ခဲ့ဘူး ။ ထိုသူငယ်ချင်းကပါ ရီနေတယ်။ ရှက်ရွံ့ခြင်းလည်း မတွေ့ရဘူး။ အဲ့ဒါနဲ့ ကောင်လေးက မေးလိုက်တယ် ။ မင်း မရှက်ဘူးလားတဲ့။ အဲ့အချိန်မှာ သူ့ကို ပြောလိုက်တဲ့စကားတစ်ခွန်းက သူ့ရင်ကို လှုပ်ခတ်စေခဲ့တယ်။ စကားလေးက သူငယ်ချင်းရာ ငါ့အဖေက ပညာမတက်ပေမယ့် ငါ့ကို ခုလိုပညာတက်အောင် ကြိုးစားပေးခဲ့တာကွ အဖေ့အတွက် ငါအမြဲ ဂုဏ်ယူတယ်တဲ့။ ကောင်လေးကလည်း သူမှားမှန်း သိခဲ့တယ်။
ဒီရသစာတိုဟာ ကျွန်မကို အများကြီး လမ်းပြပေးတယ်။ စာပေအနည်းငယ်သာ သင်ကြားပေးခဲ့ရတဲ့ ကျွန်မမိဘတွေရဲ့ မေတ္တာတွေကို သိရှိနားလည်ခဲ့ရတယ်။ တန်ဖိုးထားတက်ဖို့လည်း သင်ကြားပြသပေးတယ်။ ကျွန်မဘဝအတွက် စာဖတ်ခြင်းဟာ မီးလင်းအိမ်သဖွယ် အလင်းတွေဆောင်ကြဥ်းပေးပါတယ်။
ဟန်နီမိုး ရေးသားသည်။
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=228
Leave Reading Love ! to:
Read more #steempress posts
Best Posts From AggaMun
We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.