AggaMun avatar

At last, he left us

aggamun

Published: 05 Nov 2019 › Updated: 05 Nov 2019At last, he left us

At last, he left us

ဘဝမှာ အခက်အခဲဆိုတာ အမြဲလိုလို ကြုံတွေ့ရမယ်ဆိုတာ ကျွန်မလက်ခံထားပြီးသားပါ။ ဒါပေမယ့် အခုတစ်ခေါက် ကျွန်မ ကြုံတွေ့လိုက်ရတဲ့အခက်အခဲကတော့ ကျွန်မဘဝကို အများကြီး ပြောင်းလဲသွားစေတယ်။ ဒီတစ်ခါကြုံရတဲ့အခက်အခဲက ကျွန်မတစ်ခါမှ မမျှော်လင့်ခဲ့ဖူးခဲ့တာတော့ အသေအချာပါပဲ ။ အဲ့ဒါကြောင့် နဖူးတွေ့ဒူးတွေ့ ကျွန်မ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မအဖို့ ထိခိုက်မှုအများကြီး ဆုံးရှုံးမှုတွေ တစ်ပွေ့တစ်ပိုက်ဖြစ်သွားတယ်။ ကိုယ် အရမ်းအားကိုး အားထားရတဲ့သူကို မမျှော်လင့်ပဲ ဆုံးရှုံးလိုက်ရတဲ့အခိုက်အတန့်ဟာ ဘယ်အရာနဲ့မှ ဖြေသိမ့်၍ မရနိုင်ပါဘူး။


Image credit - https://pixabay.com/illustrations/man-people-girl-woman-women-girls-2196323/

တရားနဲ့ဖြေလို့ အားပေးနှစ်သိမ့်ကြတယ်။ တရားပြပေးနေကျသူ အနားမှာမရှိတော့ဘူးလေ။ အဆိုးထဲကအကောင်းလို့ သတ်မှတ်လိုက်ပါတဲ့လေ။ လောဘကြီးတဲ့ကျွန်မအဖို့ သူနဲ့ပဲ အသက်ထက်ဆုံး ပျော်ရွှင်စွာနေရဖို့ ဆုတောင်းမိသော်လည်း တောင်းတဲ့ဆု မပြည့်ခဲ့လေသလား။ ခုတော့ စိတ်ကိုအားတင်းပြီး သူတစ်ယောက် နောက်ဘဝခရီးမှာ ပျော်ရွှင်စွာနေရဖို့ လောဘနည်းနည်းနဲ့ ဆုတောင်းပေးပါတယ် ။

အနာဂတ်မှာ ဘဝခရီးကို သူ မပါပဲ တစ်​ကိုယ်တည်းလျှော​က်ရတော့မယ်​လို့ ကျွန်မသိလိုက်ရတယ်။ သူ မပါတာ မှန်ပေမယ့် သူ့ရဲ့ လမ်းညွှန်ပြသပေးမှု သူ့ရဲ့သွန်သင်ဆုံးမမှု သူရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံ သူရရှိခဲ့တဲ့ သူ့ရဲ့ဘဝသင်ခန်းစာတွေကို ကျွန်မကိုယ်တိုင် အသုံးချရတော့မယ်။ တာဝန်ဆိုတာ အရင်က သိပ်သတိမထားတတ်ခဲ့ဘူး။ အခုလို ကိုယ်တိုင် တာဝန်ပေးအပ်ခြင်းခံထားရတော့မှ အလွန်ပင်ပန်းမှန်း သိခဲ့ရတယ် ။ ဒါပေမယ့် သူ့ကို ချစ်တော့လည်း ဘဝရဲ့ အခက်အခဲတွေကို အောင်အောင် မြင်မြင် ကျော်လွှားသွားမယ်။ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်လို့ သူ့ကို ပြောပြခဲ့တယ်။ ကံကြုံရင် ဘဝဆက်တိုင်း ဆုံပါရစေ။

ဟန်နီမိုး ခံစား ‌ေရးဖွဲ့သည်။



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=202

Leave At last, he left us to:

Written by

The more you know, the more you claim.

Read more #steempress posts


Best Posts From AggaMun

We have not curated any of aggamun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From AggaMun