nyinyilwin avatar

ဆန္ဒ

nyinyilwin

Published: 09 Mar 2018 › Updated: 09 Mar 2018ဆန္ဒ

ဆန္ဒ

image

လူသား​တွေဟာ တစ်​​ယောက်​တည်း ​နေထိုင်​ကြသည့်​ သတ္တဝါမဟုက်​သည့်​အတွက်​ အဖွဲ့အစည်းနှင့်​တကွ ​နေထိုင်​ကြရသူများဖြစ်​​ပေသည်​။ အဖွဲ့အစည်းနှင့်​ ​နေထိုင်​ကြသည့်​သူများဖြစ်​သည့်​နည်းတူ တစ်​​ယောက်​တည်းမဟုက်​သည့်​အတွက်​ မိသားစုကိုယ်​စီနှင့်​ မိသားစုတစ်​ခုစီနှင့်​ အသက်​ရှင်​​နေထိုင်​​နေကြ​ပေသည်​။ တစ်​ဦး​တစ်​​ယောက်​တည်းမဟုက်​သည့်​အတွက်​ လူမှုဆက်​ဆံ​ရေးကို အ​လေးထား၍ လူအများနှင့်​ ​ပေါင်းသင်းဆက်​ဆံ​နေကြ​ပေသည်​။ လူမှုဆက်​ဆံ​ရေးဆိုသည့်​ ​အတိုင်းကောင်းမွန်​သည့်​ မိမိကို ​ထောက်​ကူ​ပေးသူ၊ မိမိမှလည်းပြန်​လည်​​ထောက်​ကူ​ပေးသူနှင့်​ သင့်​တူညီမျှ ယှဉ်​တွဲ​နေထိုင်​ရ​ပေမည်​။ သင့်​တူညီမျှယှဉ်​တွဲ ​နေထိုင်​​နေယုံနှင့်​မပြီးဆုံး အချို့လုပ်​ငန်းများတွင်​ မိတ်​​ဆွေ၏ အကူအညီကို ယူလျင်​ပို၍​ကောင်း​ပေမည်​။အကူအညီယူပြီးလျင်​လည်း မိမိဘက်​မှ ပြန်​လည်​၍ အကူအညီ​ပေးရန်​လည်း အမြဲလိုလို သတိပြု၍ ​နေသင့်​​ပေသည်​။ သို့မှသာ မိတ်​​ဆွေသူငယ်​ချင်းသံ​ယောဇဉ်​ ပို၍ခိုင်​မြဲလာ​ပေမည်​။

image

လူမှုဆက်​ဆံ​ရေး​ကောင်းတစ်​ခု ရှိ​နေရုံနှင့်​မပြီး။ မိမိတို့မှာလည်း မိမိတို့၏ မိသားစုနှင့်​ စားဝတ်​​နေ​ရေး အတွက်​ရုန်းကန်​​လှုပ်​ရှား​နေကြရသူများဖြစ်​​ပေသည်​။
သို့အတွက်​ မိမိတို့စီးပွား​ရေးကို ​ပြေလည်​စွာ​နေနိုင်​​ရေးအတွက်​ လုပ်​ငန်းများကို အမြဲ​တ​စေ လုပ်​ကိုင်​​နေရ​ပေမည်​။ ထို့​​ကြောင့်​ လူသားများက မိမိလုပ်​ငန်းကို​အောင်​မြင်​​စေမည့်​ အချက်​အလက်​များကို ရှာ​ဖွေစု​ဆောင်း၍ အချက်​အလက်​များကို အသုံးပြုကာ မိမိတို့လုပ်​ငန်းများကို ​အောင်​မြင်​သထက်​​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​​နေကြသူများဖြစ်​​ပေသည်​။ သို့ရာတွင်​ လူသားတို့၏ ​လောဘဆိုသည့်​ လိုချင်​တက်​မက်​မှု ဆန္ဒသည်​ ​ပြော၍မပြတတ်​​အောင်​ ကြီးမားသည့်​အတွက်​ ထိုလိုအင်​ကိုပြည့်​ရန်​အတွက်​ နည်းလမ်းများသာမက အခြား resources ​တွေကိုလည်းအသုံးပြုကြ​ပေသည်​။ နည်းလမ်းများရှိ​သော်​လည်း အသုံးပြုရမည့်​ resources များမရှိလျင်​လည်း ထိုလုပ်​ငန်းလည်း​အောင်​မြင်​မည်​မဟုက်​​ပေ။ လိုအပ်​သည့်​ resources ကိုအသုံးပြုရန်​လည်းလိုသည်​။

image

လုပ်​ငန်း​တစ်​ခု​အောင်​မြင်​ရန်​အတွက်​ အသုံးပြုရမည့်​ နည်းလမ်း​ကောင်းကို ရှာ​ဖွေအသုံးပြုမှသာ ​အောင်​မြင်​​ပေမည်​။ နည်းလမ်း​ကောင်းလည်းရှိမှ လိုအပ်​သည့်​ resources လည်းရှိမှသာ ​အောင်ြ်​မင်​​အောင်​​ဆောင်​ရွက်​နိုင်​​ပေမည်​။ Resources ရှိ​သော်​လည်း နည်းလမ်း​ကောင်းမရှိပါက ထိုလုပ်​ငန်းလည်း ​အောင်​မြင်​မည်​မဟုက်​​ပေ။ ဤသည်​မှာ အဓိကကျ​သော အချက်​ဖြစ်​​ပေသည်​။ ဤအချက်​ကို လူအများက ​မေ့​လျော့​နေကြ​ပေသည်​။ လူအချို့က နည်းလမ်းရှိ​သော်​လည်း အသုံးပြုရမည့်​ ပစ္စည်းမရှိသည့်​အတွက်​ လုပ်​ငန်းမှာ ​အောင်​မြင်​သင့်​သ​လောက်​ မ​အောင်​မြင်​ဘဲ ဖြစ်​​ပေသည်​။ အချို့ကမူ အသုံးပြုနိုင်​သည့်​ ပစ္စည်းရှိ​သော်​လည်း လုပ်​ငန်းကို​ကောင်းမွန်​တိုးတက်​​အောင်​ ​ဆောင်​ရွက်​နိုင်​မည့်​ နည်းလမ်း​ကောင်း မရှိသည့်​အတွက်​ လုပ်​ငန်းက တိုးတက်​မှုမရှိဘဲ ရပ်​တန့်​​နေတတ်​​ပေသည်​။ ထိုအချက်​အလက်​များကို သတိပြု၍ မိမိတို့လုပ်​ငန်းများကို ​ဆောင်​ရွက်​ပါက ​အောင်​မြင်​​သော လုပ်​ငန်းတစ်​ခုဖြစ်​လာ​ပေမည်​။

image

မိမိတို့လုပ်​ငန်း မိမိတို့စီးပွား​ရေး ​အောင်​မြင်​တိုးတက်​​ရေးအတွက်​နည်း​ပေးလမ်းညွှန်​​ပေးမည့်​ ဆရာ​ကောင်းတစ်​​ယောက်​လည်း လိုအပ်​​ပေသည်​။ မိမိကိုယ်​တိုင်​ လုပ်​ငန်းကို ဦး​ဆောင်​၍ လုပ်​ကိုင်​ရသူမဟုက်​လျင်​လည်း မိမိအတွက်​ လုပ်​ငန်းကို​ကောင်းမွန်​​စေမည့်​ အချက်​အလက်​များကို သင်​ပြ​ပေးမည့်​ ​ခေါင်း​ဆောင်​​ကောင်း တစ်​​ယောက်​ရှိရန်​လိုအပ်​​ပေသည်​။ ​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​၏ အရည်​အ​သွေးပြည့်​ဝသည့်​ အရည်​အချင်း တိုးတက်​​စေသည့်​နည်းလမ်းများသည်​ တပည့်​များအတွက်​ အား​ဆေးတစ်​ခွက်​ဖြစ်​​ပေသည်​။ ​နောက်​လိုက်​က မည်​မျှပင်​​ကောင်း​သော်​လည်း ​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​မရှိပါက ​နောက်​လိုက်​၏ အရည်​​အ​သွေးတိုးတက်​မည်​မဟုက်​​ပေ။ ​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​၏ စွမ်း​ဆောင်​မှုသည်​ ​နောက်​လိုက်​​ကောင်းရာ​ပေါင်းများစွာ၏ ဘဝကိုတိုးတက်​​စေသည်​။ ဤအချက်ကိုကြည့်​ခြင်းအားဖြင့်​ ​ခေါင်း​ဆောင်​​ရော ​နောက်​လိုက်​​ပါ ​ကောင်းမွန်​သည့်​ နည်းလမ်းများနှင့်​တကွ ​ဆောင်​ရွက်​မှသာ လုပ်​ငန်းတိုးတက်​​ပေမည်​။ မိမိတို့လုပ်​ငန်းတိုးတက်​လျင်​ မိမိတို့၏ မိသားစုလိုအင်​ဆန္ဒကို ​ကောင်းမွန်​စွာဖြည့်​ဆည်း​ဆောင်​ရွက်​​ပေးနိုင်​​သော သူတစ်​​ယောက်​ဖြစ်​​ပေမည်​။ လိုအင်​ဆန္ဒပြည့်​စုံမှသာ စိတ်​ချမ်းသာမှုနှင့်​ ပြည့်​စုံ​သော သူတစ်​​ယောက်​ဖြစ်​လာ​ပေမည်​။

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ......

Photo credit google and facebook image

Author nyinyilwin@nyinyilwin

MSC 170

Leave ဆန္ဒ to:

Written by

Read more #myanmar posts


Best Posts From nyinyilwin

We have not curated any of nyinyilwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyinyilwin