nyinyilwin avatar

အ​တွေ့အကြုံ

nyinyilwin

Published: 22 Feb 2018 › Updated: 22 Feb 2018အ​တွေ့အကြုံ

အ​တွေ့အကြုံ

IMG_20180222_162128.png
ရက်​လနှစ်​ရှည်​ ​ပြောင်းလဲလာ၍ နာရီ​တွေကလည်း တ​ရွေ့​ရွေ့သွား​နေဆဲပင်​ဖြစ်​သည်​။ လူသား​တွေကလည်း အသက်​ကမရပ်​တန့်​ဘဲ တဖြည်းဖြည်း ကြီး​ပြင်း​နေကြဆဲဖြစ်​သည်​။ အသက်​​တွေကြီးပြင်းလာကြသလို ကိုယ်​ကာယဖြစ်​သည့်​ လူ့ခန္ဓာကြီးကလည်း ဖွံ့ထွား၍ လာ​ပေသည်​။ နုနယ်​စဉ်​အရွယ်​ကစ၍ ကြီးထွား​နေဆဲ ကြီးထွား​နေစဉ်​ပင်​ဖြစ်​သည်​။ အသက်​အရွယ်​ ကိုယ်​ကာယ ကြီးပြင်းလာသည်​နှင့်​အတူ လူတို့၏ ဥာဏ်​ရည်​ဥာဏ်​​သွေး အ​တွေးအ​ခေါ်​တွေကလည်း တစ်​စစ ဖွံ့ဖြိုးတိုးတက်​လာရသည်​။ ယခင်​ကလူငယ်​၏ အ​တွေး အယူအဆသည်​ ယခုလူကြီးအရွယ်​ အ​တွေးအ​ခေါ် အယူအဆနှင့်​ တူမည်​မဟုက်​​ပေ။ အ​ခြေအ​နေအများကြီး ​ပြောင်းလဲ​နေမည်​ပင်​ဖြစ်​သည်​။ လူသာမန်​များအတွက် ​ဆေင့်​ကဲ​ပြောင်းလဲမှုဟု ဆိုအပ်​​ပေသည်​။ ဤ ဆင့်​ကဲ​ပြောင်းလဲမှုကို လူသာမန်​များအားလုံး ဖြစ်​ကြရသည်​။ ဤသို့ဖြစ်​လာပြီး အ​တွေးအ​ခေါ် အယူအဆများကလည်း တိုးတက်​လာ​ပေသည်​။
IMG_20180222_162112.png

ပညာဟူသည်​ သင်​ယူ၍ ရရှိတတ်​​မြောက်​သလို ကိုယ်​တိုင်​လုပ်​​ဆောင်​​တွေ့ကြုံ၍လည်း ရရှိကြ​ပေသည်​။ ပညာ​ရေးဟုဆိုရာတွင်​ formal education နှင့်​ non-formal education ဟူ၍နှစ်​မျိုးရှိ​ပေသည်​။ Formal education သည်​ ​ကျောင်းသင်​ပညာ​ရေးကိုဆိုလိုခြင်းဖြစ်​သည်​။ ဥပမာ-ပထမတန်းပညာ​ရေး ဒုတိယတန်းပညာ​ရေးစသည်​ဖြင့်​။ဘုန်းကြီး​ကျောင်းသင်​ပညာ​ရေးလည်း အပါအဝင်​ဖြစ်​​ပေသည်​။ Non-formal education တွင်​ ပြင်​ပသင်​တန်းများ သို့မဟုက်​ ကိုယ်​တိုင်​လုပ်​​ဆောင်​ခြင်းမှသာ ရရှိ​သော ပညာ​ရေးပင်​ဖြစ်​​ပေသည်​။ နှစ်​ခုစလုံးတွင်​ ဆရာရှိ​ပေသည်​။ သင်​ဆရာ မြင်​ဆရာ ကြားဆရာ စသည်​ဖြင့်​ ဆရာအမျိုးမျိုးရှိ​ပေသည်​။ မည်​သို့ပင်​ဆို​စေကာမူ ထိုပညာရပ်​များကို အသုံးပြုပြီး အသက်​​မွေးမှုပြုကြရ​ပေသည်​။ ပညာရပ်​များကို အ​ခြေခံ၍ မိမိ၏ ဘ​ဝ​ရှေ့​ရေးအတွက်​ လုပ်​​ဆောင်​ကြရသည်​။ တတ်​​မြောက်​ထားသည့်​ ပညာများကို အ​ခြေခံကာ ဘဝအတွက်​ အ​တွေ့အကြုံ ​ကောင်းများကိုယူကာ တိုက်​ပွဲဝင်​ရ​ပေသည်​။

IMG_20180222_162145.png
အ​တွေ့အကြုံဟူသည်​ လုပ်​ယူ၍မ​ရ​သော ပညာရပ်​တစ်​ခုဖြစ်​​ပေသည်​။ ပညာရပ်​​တော်​​တော်​များများကိုဖြင့်​ သင်​ယူ၍ ရလျှင်​ရနိုင်​​ပေသည်​။ သို့​သော်​ အ​တွေ့အကြုံမှ ရ​ရှိ​သော ပညာရပ်​တစ်​ခု​လောက်​​တော့ မိမိအတွက်​အသုံးဝင်​မည်​ဖြစ်​​ပေသည်​။ သင်​ကြားခြင်းမှရရှိသည့်​ပညာသည်​ မိမိ၏မှတ်​ဥာဏ်​ထဲတွင်​ ​ရောက်​ရှိ​နေ​သော်​လည်း တစ်​ခါတစ်​ရံ ထိုပညာရပ်​နှင့်​သက်​ဆိုင်​သည့်​ အခွင့်​အလမ်းတစ်​ရပ်​ရှိပါလျက်​နှင့်​ မည်​သို့ရရှိ​သော အခွင့်​အလမ်းကို အကျိုးရှိ​အောင်​ ဆုပ်​ကို အသုံးပြု ရမည်​ကို မသိဘဲ ဖြစ်​​နေတတ်​သည်​။ မည်​သည်​နှင့်​တူသလဲဆို​တော့ လျှပ်​စစ်​နှင့်​ပတ်​သက်​သည့်​ ပညာရပ်​များကို တတ်​​မြောက်​ထား​သော်​လည်း မိမိအိမ်​တွင်​ လျှပ်​စစ်​မီးကို အသုံးပြုပြီး မည်​သို့​သော လုပ်​ငန်းများကို လုပ်​​ဆောင်​ရမည်​ကို မသိ​သော လူတစ်​​​ယောက်​နှင့်​တူ​ပေသည်​။ထိုသို့​သောသူသည်​ ကြီးပွားကိန်းဆိုက်​​ရောက်​​နေလျက်​နှင့်​ မွဲချင်​သည့်​ စိတ်​ဘက်​ကို ​ရောက်​ရှိ​နေ​သောသူပင်​ဖြစ်​သည်​။

IMG_20180222_162201.png
အ​တွေ့အကြုံ​ကောင်းသည်​ မိမိအတွက်​ ​ကောင်းမွန်​​သော အခွင့်​အလမ်း တစ်​ရပ်​ကို အမြဲယူ​ဆောင်​လာတတ်​​သော မိတ်​​ဆွေ​ကောင်းတစ်​ဦးပင်​ဖြစ်​သည်​။ အ​တွေ့အကြုံတိုင်းကိုဆိုလိုသည်​မဟုက်​​ပေ။ ​ကောင်းမွန်​​သော အ​တွေ့အကြုံကိုဆိုလိုခြင်းဖြစ်​သည်​။ အ​တွေ့အကြုံ​ကောင်းအများကြီးရှိပါလျက်​နှင့်​ ထိုအ​တွေ့အကြုံ​ကောင်းများကို အသုံးမချတတ်​​သောလူများကိုလည်း ​တွေ့ရတတ်​သည်​။ အ​တွေ့အကြံကိုယူ​ဆောင်​အသုံးပြုနိုင်​သူသည်​ သူတစ်​ပါးထက်​ အမြဲတမ်း​ခြေတစ်​လှမ်းသာ​နေမည်​ဖြစ်​​ပေသည်​။ အ​တွေ့အကြုံများထဲမှ ​ကောင်းမွန်​သည့်​ အ​တွေ့အကြုံကို​ရွေးထုတ်​ သက်​ဆိုင်​သည့်​အခွင်.့​အလမ်းကို အမိဆုပ်​ကာ ​ဆောင်​ရွက်​သင့်​​ပေသည်​။ အခွင့်​အလမ်းနှင့်​သက်​ဆိုင်​သည့်​အ​တွေ့အကြုံ​ကောင်းမိမိမှာရှိပြီး ​ကောင်းစွာအသုံးချနိုင်​လျင်​ မိမိအတွက်​​အောင်​မြင်​မှုသည်​ ၅၀% ရရှိထားပြီးဖြစ်​သည်​။အခွင့်​အလမ်းကို ရှာ​ဖွေ အ​တွေ့အကြုံကို အသုံးချပါ။
IMG_20180222_162055.png
Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google image and facebook

Author nyinyilwin@nyinyilwin

MSC 170

Leave အ​တွေ့အကြုံ to:

Written by

Read more #myanmar posts


Best Posts From nyinyilwin

We have not curated any of nyinyilwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyinyilwin