nyinyilwin avatar

အလုပ်

nyinyilwin

Published: 27 Feb 2018 › Updated: 27 Feb 2018အလုပ်

အလုပ်

image
လူ​တွေဟာ ​နေ့စဉ်​နှင့်​မျှ မိမိတို့အသက်​ရှင်​​နေထိုင် ရေးအတွက်​အလုပ်​များကို ကြိုးစားတကြီးလုပ်​ကိုင်​​နေကြရသည်​။ မိမိဝါသနာပါ​သောအလုပ်​ကိုပင်​ဖြစ်​​စေ မိမိမနှစ်​သက်​​သောအလုပ်​ကိုပင်​ဖြစ်​​စေ မိမိတို့ရှင်​သန်​​ရေးအတွက်​ လုပ်​ကိုင်​​နေကြရသူ​တွေသာဖြ၀်​​ပေသည်​။ ဝါသနာနှင့်​ထပ်​တူ လုပ်​ကိုင်​​နေရသူက​တော့ ဆုလာဘ်​ တစ်​ခု​ပေါ့။ ဝါသနာနဲ့ထပ်​တူကျတဲ့အလုပ်​ဆို​တော့ အလုပ်​ကိုလည်းစိတ်​ဝင်​စားမှုရှိသူလည်းဖြစ်​ ကိုယ်​လုပ်​ချင်​သည့်​ အလုပ်​ဆို​တော့ ပင်​ပန်းသည်​ကို ဂရုမပြု ပီတိရွှန်းဖြာ ​အောက်​​မေ့​နေမည်​သာဖြစ်​သည်​။ ဝါသနာနဲ့လည်း ထပ်​တူကျ စားဝတ်​​နေ​ရေး အတွက်​လည်းအဆင်​​ပြေသည့်​ အလုပ်​ဖြစ်​သည့်​အတွက်​ ပင်​ပန်းသည်​ကိုပင်​မရှိဘဲ လုပ်​​သောလုပ်​ငန်းမှာလည်း ​တိုးတက်​ရန်သာ အလားအလာ ​များ​ပေသည်​။ ​ကောင်းမွန်​စွာ ​ဆောင်​ရွက်​နိုင်​သူ ဖြစ်​​ပေလိမ့်​မည်​။ သို့တဖြင့်​ သက်​ရှိလူသားအများစုဟာ ဝါသနာနှင့်​ အလုပ်​ထပ်​တူ မကျသည်​ကများ​ပေသည်​။ ဥပမာ. ပန်းချီဝါသနာပါ​သော်​လည်း မိသားစုစီးပွား​ရေးအရ ပန်းချီကိုစွန့်​ကာ ကုမ္ပဏီဝန်​ထမ်းလုပ်​​နေရ​သောသူကဲ့သို့​သော လူများက များ​ပေသည်​။ စာ​ရေးသူလည်း အပါအဝင်​ဖြစ်​သည်​ဟု ဆိုနိုင်​သည်​။ မိသားစု စီးပွား​ရေး အဆင်​မ​ပြေသည်​က တစ်​​ကြောင်း၊ ကြိုးစားမှုနှင့်​ ရလဒ်​ကွာခြားမှုကတစ်​​ကြောင်း၊ အသက်​​မွေးဝမ်း​ကြောင်း ပြုရမည့်​ အလုပ်​ကို ပြန်​လည်​​ရွေးချယ်​ရသည်​က တစ်​​ကြောင်း စသည်​ဖြင့်​ အ​ခြေအ​နေ​ပေါင်း​မြောက်​များစွာ အခက်​ခဲ​ပေါင်း​မြောက်​များစွာ​ကြောင့်​ လူများစုမှာ စိတ်​နှင့်​ထပ်​တူ မဖြစ်​သည့်​ လုပ်​ငန်းကိစ္စများကို ​ဆောင်​ရွက်​​နေရသူကများ​ပေသည်​။မည်​သို့ပင်​ဖြစ်​​စေ လူအများစုကဖြင့်​ ယခုလည်း ထိုသို့ပင်​ ​နောင်​လည်း ဤသို့ဆက်​ဖြစ်​​နေကြမည်​သာဖြစ်​သည်​။

image

ဝါသနာမပါသည့်​အလုပ်​ တစ်​နည်းအားဖြင့်​ ရည်​ရွယ်​ထားသည့်​ အလုပ်​မဟုက်​​သော်​လည်း ထိုလုပ်​ငန်းကို လုပ်​ပြီး ထိုလုပ်​ငန်းတွင်​ ဝါသနာ ပါ​သွား​သောသူများ လုပ်​ရင်းနှင့်​လုပ်​ငန်းတွင်​​ပျော်​ရွှင်​သူများကိုလည်း ​တွေ့ရ​ပေသည်​။ ဥပမာ- စာ​ရေးသူကို လွန်​ခဲ့​သော တစ်​နှစ်​က ဆရာမတစ်​​ယောက်​​ပြောပြတဲ့ အ​ကြောင်းအရာ​လေးက ခုဏက​ပြောသလို ဖြစ်​​နေတယ်​။ ဆရာမက ဒီလို​ပြောတယ်​" ဆရာမက ၁၀တန်းကို သင်္ချာဂုဏ်​ထူးနဲ့ ​အောင်​လာတာ၊ သူကြိုက်​တာက မြန်​မာ၊ ဂုဏ်​ထူးက သင်္ချာ ၊ တက္ကသိုလ်​ အထူးပြုက ရူပ​ဗေဒ၊ ​နောက်​ ပညာ​ရေး​လောကထဲဝင်​လာ​တော့ သင်​ချင်​လို့​လျောက်​တဲ့ဘာသာရပ်​က မြန်​မာ၊ ရလာတာက အိမ်​တွင်းမှု(အ​ခြေခံမှာဆိုညသက်​​မွေး​ပေါ့ဗျာ) ၊ဆရာမဆို အကုန်​တစ်​မျိုးစီချည်းပဲ၊ ဒါ​ပေမယ့်​ ဆရာမက အခု​တော့ သူသင်​ရသည့်​ဘာသာရပ်​ကို စိတ်​ဝင်​စား ဝါသနာပါကာ ​ပျော်​ရွှင်​​နေပါပြီ။ ဒီအဖြစ်​အပျက်​ကို ကြည့်​မည်​ဆိုလျင်​ အကုန်​အလွဲ​တွေချည်းပဲ၊ သို့​သော်​လည်း စိတ်​ပါဝင်​စားမှု​ကြောင့်​ ဝါသနာပါကာ ​ပျော်​ရွှင်​စွာ သင်​ကြား​ပေးနိုင်​သူတစ်​​ယောက်​ဖြစ်​​နေပြီဖြစ်​သည်​။

image

လူ​တွေဟာဖြင့်​ တစ်​ခါတစ်​ရံ မိမိဝါသနာပါ​သော အလုပ်​ကို လုပ်​ကိုင်​​နေရ​သော်​လည်း မ​အောင်​မြင်​​သောသူ၊ အလုပ်​​နှောင့်​​နှေးသူများလည်း ဖြစ်​​နေတတ်​ကြသည်​။ အ​ခြေအ​နေအ​ကြောင်းအမျိုးမျိုး​ကြောင့်​ ထိုသို့ဖြစ်​​နေသည်​ဟုယူဆလို့ရ​ပေသည်​။ ဝါသနာပါ​သောအလုပ်​ဖြစ်​​သော်​လည်း ​အောင်​မြင်​မှုရရန်​ခက်​ခဲ​နေတတ်​ကြသည်​။ ဥပမာ- ကုန်​သွယ်​​ရေး လုပ်​ငန်းကို စိတ်​ပါဝင်​စားသူဆိုပါစို့။ ထိုသူသည်​ ကုန်​သွယ်​​ရေးကို စိတ်​ပါဝင်​စားစွာ လုပ်​ကိုင်​​သော်​လည်း ​အောင်​မြင်​မှု မရဘဲဖြစ်​​နေတတ်​သည်​။ သူ့မှာ ချွတ်​ယွင်းချက်​ အနည်းငယ်​ရှိ​နေ​သော​ကြောင့်​ ​အောင်​မြင်​မှုနှင့်​ အလှမ်းကွာ​နေသူဖြစ်​​ပေသည်​။ ချွတ်​ယွင်းချက်​က​တော့ ယူဆစရာများပါတယ်​။ အနီးစပ်​ဆုံးတစ်​ခု​ပြောပြမယ်​ဆိုရလျင်​ သူ့မှာ​ငွေ​ကြေးရှိ​သော်​လည်း လုပ်​ငန်းမချဲ့ထွင်​မှု​ကြောင့်​ ​အောင်​မြင်​သင့်​သ​လောက်​မ​အောငိမြင်​ဘဲဖြစ်​​နေ​ပေလိမ့်​မည်​။ ​နောက်​တစ်​မျိုး​တွေးကြည့်​လျင်​ ​ပေါင်းသင်းဆက်​ဆံ​ရေး ညံ့ဖျင်းမှု​ကြောင့်​လည်း ဖြစ်​နိုင်​​ပေသည်​။ဖြစ်​နိုင်​​ချေ​တွေက​တော့အများကြီးပ။ ​​ယေဘုယျ​​ခြုံကြည့်​တာပါ။

image

မည်​သူမဆို ​ဝါသနာနှင့်​အလုပ်​ထပ်​တူကျပြီး ​အောင်​မြင်​သူ တစ်​ဦးဖြစ်​ချင်​သူများသာဖြစ်​​ပေသည်​။ သို့​ပေမယ့်​ ဖြစ်​ချင်​သည်​က များ​နေ​ပေသည်​။ ဖြစ်​​အောင်​လုပ်​မည်​ဆိုသည့်​ စိတ်​က ​ရေး​ရေး​လေးပင်​ဖြစ်​သည်​။ ဖြစ်​ချင်​သည့်​စိတ်​ကို ​ရှေးတန်းတင်​​နေကြသူများကို အများကြီး​တွေ့​နေရသည်​။ ဖြစ်​ချင်​သည့်​ ရည်​မှန်းချက်​စိတ်​ကဖြင့်​​ကောင်းကြပါတယ်​။ သို့​ပေမယ့်​ ဖြစ်​ချင်​သည့်​စိတ်​​ကြောင့်​ဖြစ်​​ပေါ်လာရမည့်​တွန်​အားတစ်​ရပ်​ဖြစ်​သည့်​ ဖြစ်​​အောင်​လုပ်​မည်​ဆိုသည့်​စိတ်​ကဖြင့်​ ​လ​ရောင်​​အောက်​မှာ ပိုးစုန်းကြူးပမာဖြစ်​​နေ​ပေသည်​။ ပိုးစုန်းကြူးက သူရဲ့အလင်းက လ​ရောင်​​အောက်​မှာ ထင်​ရှားစွာရှိ​သော်​လည်း သူ၏ ခန္ဓာကိုယ်​နားသာအလင်းရှိသည်​။ ပမာဏမကြီးမား​ပေ။ ဖြစ်​ချင်​သည့်​စိတ်​ကိုဖြစ်​​အောင်​လုပ်​မည့်​စိတ်​ရှိမှသာ လွယ်​ကူ​ပေမည်​။ သို့မဟုက်​လျင်​ ကြန့်​ကြာခက်​ခဲ​နေ​ပေလိမ့်​မည်​။ ထို့​ကြောင့်​ ဖြစ်​​အောင်​လုပ်​မည်​ဆိုသည့်​ စိတ်​ကိုသာ ရှိ​အောင်​ကြိုးစားထားရှိသင့်​သည်​။

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ ။

Photo credit google and facebook image

Author nyinyilwin@nyinyilwin

MSC 170

Leave အလုပ်​ to:

Written by

Read more #myanmar posts


Best Posts From nyinyilwin

We have not curated any of nyinyilwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyinyilwin