nyinyilwin avatar

လိုအင်

nyinyilwin

Published: 05 Mar 2018 › Updated: 05 Mar 2018လိုအင်

လိုအင်

image

ကမ္ဘာကြီးဟာ ကြီးမားပြီးကျယ်​ပြန့်​လှပါတယ်​။ ကြီးမား သည့်​ကမ္ဘာကြီးမှာ သတ္တဝါမျိုးစုံ​နေထိုင်​ရှင်​သန်​​နေကြ​ပေသည်​။ သတ္တဝါဆိုသည့်​အထဲမှာ လူသား​တွေနှင့်​ တိရစ္ဆာန်​ မျိုးစုံပါဝင်​ကြ​ပေသည်​။ ထို​အပြင်​ သတ္တဝါ​တွေအပြင်​ အပင်​များလည်း ​ပေါက်​ရောက်​ရှင်​သန်​​နေကြ ​ပေသည်​။ သတ္တဝါ​တွေထဲမှာဖြင့်​ လူတို့မှာ အသိဥာဏ်​ရှိဆုံး​သော သတ္တဝါပင်​ဖြစ်​​ပေသည်​။ အခြားသတ္တဝါများ မှာ အသိဥာဏ်​မရှိသ​လောက်​ကိုနည်းပါးလှ​ပေသည်​။ လူသားများဟာဖြင့်​ အသိဥာဏ်​ရှိသလို ဆင်​ခြင်​ဥာဏ်​နှင့်​ဂရုဏာတရားရှိ​သော သတ္တဝါဖြစ်​​ပေသည်​။ လူသားများက အခြား​သောသတ္တဝါများကို ​စေခိုင်းနိုင်​စွမ်းနှင့်​ အသုံးချနိုင်​စွမ်းရှိ​သော သူပင်​ဖြစ်​​ပေသည်​။ အခြား​သော သတ္တဝါ​တွေ မည်​မျှပင်​ခန္ဓာကိုယ်​ပင်​ ကြီး​မား​သောသတ္တဝါပင်​ဖြစ်​​စေ၊ ​သေးငယ်​​သောသတ္တဝါပင်​ ဖြစ်​​စေ အသိဥာဏ်​ကဖြင့်​ လူသားတို့အသိဥာဏ်​ကို မှီမည်​မဟုက်​​ပေ။ ဥပမာ- ခန္ဓာကိုယ်​ကြီးမား​သော ဆင်​သည်​ အင်​အားမည်​မျှပင်​ကြီးမားပါ​စေ လူတို့၏​စေခိုင်းခြင်းကိုသာ ခံရ​ပေသည်​။

image

ဥာဏ်​အင်​အားကို အသုံးပြုပြီး လူသားများက သတ္တဝါများကို မိမိတို့အကျိုးစီးပွားအတွက်​ ​စေခိုင်းနိုင်​စွမ်းရှိကြ​ပေသည်​။ ထိုမျှမက လူသားများက ဥာဏ်​အင်​အားကို အသုံးပြုပြီး တစ်​စစ အင်​အားကြီးမားလာကြ​ပေသည်​။ လူတို့၏ လုပ်​နိုင်​စွမ်းက ခန့်​မှန်း၍မရ​အောင်​ ကြီးမားပါ​ပေသည်​။ တိုးတက်​လာ​သော နည်းပညာရပ်​များကလည်းအင်​မတန်​ ​ကောင်းမွန်​​သောပညာရပ်​များဖြစ်​​လာ​ပေသည်​။ ပညာရပ်​များတိုးတက်​လာ​သောလည်း လူတို့၏ လိုအင်​ဆန္ဒများက တဖြည်းဖြည်း ကြီးမားလာ​ပေသည်​။ လိုအင်​နှင့်​လိုအပ်​ချက်​များကလည်း ကုန်​ဆုံး၍မသွားပဲ တစ်​စစတိုး၍သာ လာ​ပေသည်​။ ​ခေတ်​ပညာရပ်​များကလည်း တိုးတက်​လာသည်​နှင့်​အမျှ လူတို့၏ လိုအင်​ဆန္ဒများကလည်း အ​တောမသတ်​နိုင်​​အောင်​ကြီးမားကျယ်​ပြန့်​လာ​ပေသည်​။ လူတို့၏လိုအင်​ဆန္ဒသည်​ ပြည့်​စုံသည်​ဟူ၍မရှိ​ပေ။ လိုအင်​ကြီးမားလာသည်​ကများ​ပေသည်​။ကြီးမားသည့်​ လိုအင်​များကိုဖြည့်​ဆည်းရန်​အတွက်​ လူ​တွေက ကြိုးစားရပြန်​သည်​။

image

လူတို့၏ လိုအင်​ဆန္ဒများက များပြားလှ​သော​ကြောင့်​ ဖြည့်​ဆည်းရန်​အတွက်​လည်း များပြား​သော အရင်းအမြစ်​များကို သုံးစွဲ​နေကြ​ပေသည်​။ လိုအင်​များတွင်​ စားဝတ်​​နေ​ရေး ​ပြေလည်​​စေ​ရေးအတွက်​သာမက အခြား​သော လိုအင်​များကလည်းကြီးမားလျက်​ရှိ​ပေသည်​။ လူမှုဆက်​ဆံ​ရေးလိုအင်​ကလည်း ရှိသည့်​အတွက်​ ထိုလိုအင်​ကို ပြည့်​ရန်​အတွက်​ မိမိကိုယ်​တိုင်​ ​ဆောင်​ရွက်​ရ​ပေသည်​။ အခြားမည်​သူကမျှ ​​ဆောင်​ရွက်​​သော်​လည်း မရနိုင်​​ပေ။ ယ​နေ့​ခေတ်​တွင်​ လူမှုဆက်​ဆံ​ရေးကို သိပ်​၍အ​လေးထားမှုနည်းပါးလာသည်​ကို​တွေ့ရ​ပေသည်​။ အမှန်​တကယ်​လည်း ​လောကတွင်​ဖြစ်​ပျက်​လျက်​ရှိ​ပေသည်​။ အထူးသဖြင့်​ မြို့ပြနှင့်​မြို့ကြီးများတွင်​ အဓိက​တွေ့​နေရသည်​။ အချို့ကဖြင့်​ လူမှုဆက်​ဆံ​ရေးကို​တောင်​ ဘာမှန်းမသိ​သောသူများက များ၍လာ​ပေသည်​။ ​ကျေးလက်​​ဒေသများက​တော့ မြို့များ​လောက်​​တော့မဟုက်​​ပေ။ ​ကျေးလက်​​ဒေသများ တွင်​ယခုအချိန်​ထိ အလှူအတန်းများတွင်​ ဝိုင်းဝန်းကူညီ ​ဆောင်​ရွက်​ ​နေကြ​ဆဲဖြစ်​​ပေသည်​။ မြို့ကြီးများမဆိုထား နှင့်​မြို့ပြ​လေး​တွေမှာဖြင့်​ ထိုကဲ့သို့မဟုက်​​တော့​ပေ။ ကိစ္စအဝဝကို အခ​ကြေး​ငွေနှင့်​သာ ​ဆောင်​ရွက်ကြရ​တော့သည်​။

image

လူအများစုက လူမှုဆက်​ဆံ​ရေးကို အ​လေးထားကြ သည်​။ အချို့က​တော့ အ​လေးမထား​ပေ။ နည်းပညာများတိုးတက်​လာသည်​နှင့်​အတူ လူမှုဆက်​ဆံ​ရေးက ထင်​သလိုမဟုက်​ဘဲ တဖြည်းဖြည်း ဆုတ်​​လျော့၍သာလာ​ပေသည်​။ ​ခေတ်​နည်းပညာ​တွေ တိုးတက်​လာသဖြင့်​ နည်းပညာများးကို အသုံးချပြီး လကမ္ဘာ​ပေါ်ထိသွား​ရောက်​နိုင်​​သော်​လည်း မိမိအိမ်​​ဘေးတွင်​ရှိ​သော အိမ်​နီးချင်းက မည်​သူမည်​ဝါ​တောင်​ မသိ​တော့​ပေ။ ဂရု​တောင်​မစိုက်​​တော့​ပေ။ social media ကိုအသုံးပြု၍ ဆက်​သွယ်​ဆက်​ဆံမှုရကာ social media ​ပေါ်သူငယ်​ချင်းများစွာရှိ​သော်​လည်း လက်​​တွေ့မိမိပတ်​ဝန်းကျင်​မှာဖြင့်​ သူငယ်​ချင်းဆိုသဖြင့်​ လက်​ချိုးယူ၍ မပြည့်​​သောသူငယ်​ချင်းမျှသာရှိ​ပေသည်​။ အခြား​သောကိစ္စများကိုမဆိုထားနှင့်​ သူငယ်​ချင်း​​ကောင်းတစ်​​ယောက်​မျှပင်​ ရရန်​ခက်​ခဲ​သော ​ခေတ်​ဖြစ်​​နေ​ပေသည်​။ သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ရရန်​အဖို့ အလွန့်​အလွန်​ ခက်​ခဲ​သော ကိစ္စတစ်​ရပ်​ဖြစ်​လာ​ပေသည်​။ သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ရရန်​အတွက်​ လူမှုဆက်​ဆံ​ရေးက အ​ရေးကြီး​သော အရာဖြစ်​​ပေသည်​။ သို့​ကြောင့်​ လူဖြစ်​လာလျင်​ လူမှုဆက်​ဆံ​ရေး​ကောင်းမွန်​​သော လူတစ်​​ယောက်​ဖြစ်​ရန်​ ကြိုးစားသင့်​​ပေသည်​။

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပါ​စေ။

Photo credit google and fcebook image

Author nyinyilwin@nyinyilwin

MSC 170

Leave လိုအင်​ to:

Written by

Read more #myanmar posts


Best Posts From nyinyilwin

We have not curated any of nyinyilwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyinyilwin