nyinyilwin avatar

အချိန်​ကိုအသုံးပြုခြင်း

nyinyilwin

Published: 18 Feb 2018 › Updated: 18 Feb 2018အချိန်​ကိုအသုံးပြုခြင်း

အချိန်​ကိုအသုံးပြုခြင်း

image

တစ်​​ရွေ့​​ရွေ့နဲ့ ကုန်​ဆုံးသွားသည့်​ အချိန်​​တွေကို ပြန်​လည်​ရရှိရန်​လည်း မဖြစ်​နိုင်​​ပေ။ ကုန်​ဆုံးသွားသည့်​ အချိန်​ မိမိဘဝ၏ ဖြတ်​သန်းရာ အချိန်​​တွေပင်​ဖြစ်​​ပေသည်​။ မိမိဘဝ၏ အတိတ်​ကာလမှာ ဖြစ်​ပျက်​ခဲ့သည့်​ အဆိုးအ​ကောင်း အကျိုးအ​ကြောင်းကို ပြန်​လည်​သုံးသပ်​၍ ဘဝ​ရှေ့ဆက်​ အနာဂတ်​မှာ ကုန်​ဆုံးသွား သည့်​အချိန်​​တွေမှာ ပြုမူ​ဆောင်​ရွက်​ခဲ့သည့်​ အမူအရာ လုပ်​ငန်း​ဆောင်​တာ​တွေထက်​ မည်​သို့မည်​ပုံ ​ပိုမို​ကောင်းမွန်​​အောင်​​ဆောင်​ရွက်​​ရမည်​ကို ယခုပစ္စုပ္ပန်​ အချိန်​ကာလမှာ သုံးသပ်​​၍ ​အစီအစဉ်​များကို ​ရေးဆွဲပါ။
အတိတ်​မှာ ကိုယ်​က နည်းနည်း​လေး​ကောင်းရုံသာ ​ဆောင်​ရွက်​ခဲ့လျင်​ အနာဂတ်​မှာ ယခင်​ကထက်​ ​ကောင်းမွန်​​အောင်​​ဆောင်​ရွက်​ခြင်းမပြုနိုင်​မူ လူညံ့တစ်​​ယောက်​သာဖြစ်​​ပေ​တော့မည်​။မိမိကိုယ်​ကို လူ​တော်​တစ်​​ယောက်​သာမက လူ​ကောင်းတစ်​​ယောက်​ဖြစ်​ရန်​လည်း လိုအပ်​သည်​ကို သိရှိထား၍ ​ကောင်းမွန်​​အောင်​လုပ်​ကိုင်​​ဆောင်​ရွက်​သင့်​သည်​ကို စိတ်​နှလုံးသားထဲမှာ မြဲမြံစွာမှတ်​သားထားပါ​လေ။
image
နာရီ​တွေ​က​ပြောင်း အချိန်​​တွေက​ဟောင်း မ​ဝေးလှတဲ့ အတိတ်​ကာလကို ပြန်​လည်​သုံးသပ်ကြည့်​ကြပါစို့။ ယခင်​အချိန်​အခါနှင့်​ ယခု မိမိ၏ အချိန်​အခါ မည်​သို့မည်​ပုံဖြစ်​နေသည်​ကိုပထမဦးစွာ ပြန်​လည်​စမ်းစစ်​ကြည့်​ကြပါ။ ယခင်​က မိမိမှ အခြားသူများအ​ပေါ် မည်​သို့မည်​ပုံ ​ကောင်းမွန်​စွာဆက်​ဆံခဲ့သည်​။ တစ်​နည်းမဟုက်​ အခြားသူများနှင့်​ဆန့်​ကျင်​ဘက်​ ​ကိစ္စရပ်​များကို ​ဆောင်​ရွက်​ခဲ့သည်​ စသည်​ဖြင့်​​တွေး​တောကြည့်​ပါ။ အခြားသူများကို ​ကောင်းမွန်​စွာဆက်​ဆံခြင်း​ကြောင့်​ တစ်​ပါးသူ မည်​သို့မည်​ပုံ ​ပျော်​ရွှင်​​စေသည်​၊မည်​သို့​သော တန်​ပြန်​သက်​​ရောက်​မှုများ ရှိသည်​ကို အပြုသ​ဘော​ဆောင်​ကာ ​တွေး​တောကြည့်​ပါ။တတ်​နိုင်​သမျှ အ​ကောင်းဘက်​က ​တွေး​စေလိုသည်​။ မိမိ​ကောင်းလျင်​ မိမိအ​ပေါ် တန်​ပြန်​သက်​​ရောက်​မှုကလည်း ​ကောင်းမွန်​​သော တန်​ပြန်​သက်​​ရောက်​မှုသာ ဖြစ်​လိမ့်​မည်​ဟု ယုံကြည်​ပါသည်​။ သို့မဟုက်​မူ မိမိမှ တစ်​ပါးသူနှင့်​ ဆန့်​ကျင်​ဘက်​ပြုမူကာ တစ်​ပါးသူနှင့်​ မ​ချေမငံဖြစ်​​သော်​ သက်​​ရောက်​မှုကလည်း ​ကောင်းမည်​မဟုက်​​ပေ။ သက်​​ရောက်​မှုက တစ်​ခါတစ်​ရံ ပြင်းထန်​တတ်​သည်​ကို သတိပြုပါ​လေ။

image
အတိတ်​ဆိုသည့်​ အရာကြီးက ​ကြောက်​စရာ​တွေ​ပေးတတ်​သလို ​ပျောရွှင်​စရာ​တွေကိုလည်း ဖန်​တီး​ပေးတတ်​သည်​။ အတိတ်​မှာ ​ကောင်းခြင်းမပြုခဲ့သူက အတိတ်​ကာလက အဖြစ်​အပျက်​​တွေကို ပြန်​လည်​မြင်​​ယောင်​မိကာ ​ရှေ့ဆက်​ရမည့်​ လမ်းခရီးကို စိုးရွ့​နေ​လေ့ရှိကြ​သည်​။ မ​ကောင်းမှုပြုလုပ်​ထားသူက မ​ကောငှ်းမှုဆိုသည့်​ အရိပ်​မည်းကြီးကို စက္ကန့်​မလပ်​​တွေ့မြင်​​နေရကာ အရိပ်​မဲကြီး၏ အုပ်​စိုးမှု ဝါးမြိုမှုကို ခံစား​နေရသည်​။ အခြား​သောသူများ​ပြောကြသလို မ​ကောင်းမှုပြုသူက အခြား​သောသာမန်​လူများထက်​ မိမိကိုယ်​တိုင်​ မ​ကောင်း​သော အခြင်းအရာများ နဖူး​တွေ့ဒူး​တွေ့ ​တွေ့မည်​ကို ပို၍ပင်​ ​ကြောက်​သည်​သာဖြစ်​သည်​။ဥပမာ- အခြား​သောသူများအ​ပေါ် ​ကောက်​ကျစ်​ယုတ်​မာထား​သောသူတစ်​​ယောက်​သည်​ အမြဲလိုလို အခြားသူများမှ မိမိအ​ပေါ် ပြန်​၍ ​ကောက်​ကျစ်​​လေမလားဆို​သော သံသယကြီးကို အမြဲတ​​စေလက်​ကိုင်​ထားမိ​နေသည်​။ ထိုသံသယကြီးသည်​ အခြား​သောသုများမဆိုထားနှင့်​ မိမိနှင့်​​သွေးသား​တော်​စပ်​သူများပါမကျန်​ ထင်​ဟပ်​​နေသည်​။
image
သံသယနှင့်​အသက်​ရှင်​​နေသူအဖို့ ​လောကကြီးမှာ အသက်​ရှင်​​နေရ​သော်​လည်း ​ရေမရှိသည့်​ကြာပမာ ​ခြောက်​​သွေ့​နေ​ပေလိမ့်​မည်​။ သို့အတွက်​ ​ကောင်းမွန်​​သော လုပ်​ငန်းများလုပ်​​ဆောင်​ရန်​လည်း အတားအဆီးပမာ ဖြစ်​​နေ​ပေလိမ့်​မည်​။ ဤအတားအဆီးများကို ဖြတ်​​​​ကျော်​ရန်​ အရင်းနှီးဆုံးမိတ်​​ဆွေ အချိန်​​တွေကို အသုံးပြုရ​ပေမည်​။ အနာတစ်​ခုကျက်​၍ ​ပျောက်​ကင်းရန်​အတွက်​ ​ဆေးတစ်​မျိုးတည်းနှင့်​မရ​ပေ။ဆေး၏ အရင်းနှီးဆုံးမိတ်​​ဆွေဖြစ်​သည့်​ အချိန်​၏အကူအညီနှင့်​အတူ ကုသရ​ပေသည်​။ ထို့အတူ အခြားသူများအ​ပေါ်ထားရှိသည့်​ မ​ကောင်းသည့်​သံသယ စိတ်​များ​နဲသွား​စေရန်​ ​ကောင်းမှု​တွေသာခန​လေးနှင့်​ အစုလိုက်​အပြုံလိုက်​လုပ်​၍ ဖန်​တီးယူ၍ ရမည်​မဟုက်​​ပေ။ အချိန်​ကို အရင်းခံကာ ​ကောင်းမှုများကို နဲနဲမှများများစီဦးတည်​ကာ ​နေ့စဉ်​​ဆောင်​ရွက်​သလို မိမိစိတ်​ကိုလည်း တည်​ငြိမ်​​အေးချမ်း​အောင်​ထား၍ ​​ကောင်းမွန်​​အောင်​ပြင်​ဆင်​ရ​ပေမည်​။ အလုံးစုံ စိတ်​​ကောင်း​လေး မ​မွေးနိုင်​​သော်​မှ အခြားသူများအ​ပေါ် ယုံကြည်​စိတ်​များ အနဲနှင့်​အများ တိုးတက်​လာမည်​ဟု ယုံကြည်​ပါသည်​။

image

Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google image and facebook

Written by nyinyilwin@nyinyilwin

MSC 170

Leave အချိန်​ကိုအသုံးပြုခြင်း to:

Written by

Read more #myanmar posts


Best Posts From nyinyilwin

We have not curated any of nyinyilwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyinyilwin