nyinyilwin avatar

အချိန်​က​ပေး​သော....

nyinyilwin

Published: 13 Feb 2018 › Updated: 13 Feb 2018အချိန်​က​ပေး​သော....

အချိန်​က​ပေး​သော....

image
တစ်​စက္ကန့်​၊နှစ်​စက္ကန့်​က​နေတစ်​မိနစ်​သို့​ပြောင်းကာ မိနစ်​၊နာ​ရီအစချီကာ ရက်​လနှစ်​​ပြောင်း အချိန်​​တွေက ရပ်​တန့်​ခြင်းမရှိ၊၊ အချိန်​​​တွေကို​ရေတွက်​သည့်​ ပစ္စည်းတစ်​ခုဖြစ်​သည့်​ နာရီမှ စက္ကန့်​၊မိနစ်​၊နာရီလက်​တံ​တွေလည်း တ​ရွေ့တ​ရွေ့လည်​ပတ်​လျက်​ရှိ​ပေသည်​။ (မှတ်​ချက်​။ ။ Digital clock ​တွေတော့ စက္ကန့်​၊မိနစ်​၊နာရီကိန်းဂဏန်း​တွေ တဖြည်းဖြည်း ​ပြောင်းလဲ​နေ​ပေသည်​။) ယခုစာ​ရေး​နေဆဲ အချိန်​မှာပင်​ Phone(ဖုန်း) မှာပါသည့်​အချိန်​နာရီကလည်း မရပ်​မနား မအားမ​နေ တ​ရွေ့​ရွေ့ ကုန်​ဆုံး​နေ​ပေသည်​။ အချိန်​​တွေက ကုန်​ဆုံးသည်​မှာ မျက်​စိတစ်​မှိတ်​အတွင်းပင်​ဖြစ်​​ပေသည်​။ မျက်​စိတစ်​မှိတ်​အတွင်း ကုန်​ဆုံးသွားသည့်​အချိန်​မှာ မ​ပြောပ ပါဘူး(နဲနဲလေးပါ) ဟူ၍ လူသားတစ်​​တွေက ထင်​မြင်​ကြ​ပေသည်​။ မျက်​စိတစ်​မှိတ်​၊တစ်​စက္ကန့်​မှာ ပုံမှန်​အ​ခြေအ​နေနှင့်​သာ နဲသည်​ဟူ၍ ရှိ​ပေသည်​။ တစ်​ခါတစ်​ရံ အချို့​သောကိစ္စများတွင်​ အချိန်​နာရီ၏ တစ်​စက္ကန့်​တိုင်းက ​ရွှေထက်​တန်​ဖိုးရှိသည်​ကို လက်​ခံရ​ပေမည်​။

image

မည်​မျှအထိတန်​ဖိုးကြီး​သော ရတနာဖြစ်​​စေ အချိန်​၏ တန်​ဖိုးကို အံတု၍ မရ​ပေ။ ​ရွှေအပါအဝင်​ဖြစ်​သည်​။ အချို့​သော ကိစ္စရပ်​၏ စက္ကန့်​တိုင်းက ​ရွှေထက်​တန်​ဖိုးကြီးသည်​ကို စာ​ရေးသူအပါအဝင်​ လူ​တွေအားလုံး လက်​ခံကြ​ပေမည်​။ အချို့​သော ကိစ္စရပ်​များ၏ အချိန်​စက္ကန့်​တိုင်းက ​ရွှေထက်​တန်​ဖိုးကြီးသည်​ကို ဥပမာတစ်​ခုဖြင့်​ ရှင်းလင်းစာဖတ်​သူ သ​ဘော​ပေါက်​​စေရန်​ တင်​ပြပါမည်​။ ဥပမာ- အလွန်​ခမ်းနားကြီးကျယ်​​သော ​​စတိုးဆိုင်​ကြီး(​ရှော့ပင်း​မော)တစ်​ခုမှာ လူအများက ကြက်​ပျံမကျ တိုး​ဝှေ့ကာ သူနှင့်​ငါ ပြိုင်​​နေသလား ထင်​ရ​အောင်​ စည်​စည်​ကားကား လူအများက ​ဈေးဝယ်​​နေကြ​သည်​။ ​ဈေး​ရောင်းသူများကလည်း များပြား​သလို ဝယ်​သူကလည်း များ​ပေသည်​။ ထိုအချိန်​မှာ ​လူအများရဲ့အလယ်​မှာ အချိန်​ကိုက်​မိုက်​တစ်​လုံး​ထောင်​ထားသည်​ကို လုံခြုံ​ရေး ဝန်​ထမ်း​တွေက​တွေ့ကာ မိုင်းဖယ်​ရှားသူကို ​ခေါ်ကာ ဖယ်​ရှားခိုင်း​လေသည်​။ မိုင်းဖယ်​ရှားသူ စတင်​၍ မိုင်းကို အသက်​မဲ့​အောင်​ လုပ်​မည်​ဟုကြည့်​သည့်​အချိန်​တွင်​ မိုင်းက​ပေါက်​ကွဲရန်​ နှစ်​မိနစ်​သာလို​တော့သည်​။ မိုင်းဖယ်​ရှားသူကလည်း ကြိုးစားဖယ်​ရှားရင်​ ​ပေါက်​ကွဲမည့်​အချိန်​က စက္ကန့်​ပိုင်း​ရောက်​လာ​လေသည်​။ ​နောက်​ဆုံး ၂စက္ကန့်​အလိုတွင်​ အချိန်​ကိုက်​မိုင်းက အသက်​မဲ့၍ ​ဘေးကင်းသွားသည်​။ ဤဖြစ်​ရပ်​ကို ကြည့်​၍ သုံးသပ်​ကြည့်​လျှင်​ အချိန်​တိုင်း၏ စက္ကန့်​တိုင်းက အ​ရေးကြီးသည်​ကို​တွေ့ရ​ပေမည်​။ အကယ်​၍ အချိန်​ကိုက်​မိုင်းသာ ၂စက္ကန့်​အလိုတွင်​ မဖယ်​ရှားနိုင်​ပါမူ ပျက်​စီးဆုံးရှုံးမှုက တန်​​ကြေးကြီးလှသည်​။ ဤ​နေရာတွင်​စာဖတ်​သူများတစ်​ခု​ပြောလိုသည်​များရှိ​လိမ့်​မည်​ဟု စာ​ရေးသူထင်​​ပေသည်​။ ​အချိန်​ကိုက်​မိုင်းမ​ပေါက်​မီ ​ဈေး​ရောင်း၊​ဈေးဝယ်​သူအားလုံး ​နေရာ​ရွေ့တာပြီးစီးရင်​​ကောဆိုသည့်​ ​မေးခွန်းတက်​လာနိုင်​သည်​။ အားလုံး​နေရာ​​ရွှေ့၍ ရခဲ့​သော်​လည်း လူသားတစ်​ဦးဖြစ်​သည့်​ မိုင်းဖယ်​ရှားသူ တစ်​ဦးက ကျန်​​နေ​ဆဲပင်​ဖြစ်​သည်​။ မိုင်းဖယ်​ရှားသူကလည်း အတတ်​နိုင်​ဆုံးကြိုးစားမည်​သာ။ စက္ကန့်​တိုင်းက သူ့အတွက်​သာမက ကခြားသူများအတွက်​ အ​​​ရေးကြီးသည်​ကို သူသိ​ပေသည်​။ မိုင်း​ပေါက်​ကွဲလိုက်​လျှင်​ အခြားသူများလွတ်​နိုင်​​သော်​လည်း အများအတွက်​​စောင်​ရွက်​သည့်​ မိုင်းဖယ်​ရှားသူ၏ အသက်​ဆုံးရှုံးရ​ပေသည်​။ လူ့အသက်​တစ်​​ချောင်းဆုံးရှုံးခြင်းပင်​ ဖြစ်​သည်​။
image

လူ့အသက်​တစ်​​ချောင်းသည်​ မည်​သည့်​အရာနှင့်​မျှ အစားထိုး၍ မရ​ပေ။ လူ့အသက်​တစ်​​ချောင်းသည်​ အချိန်​ကို ရင်းနှီးမြှုပ်​နှံကာ တည်​​ဆောက်​ထား​သော တန်​ဖိုးဖြတ်​၍ မရသည့်​ အရာဖြစ်​သည်​။ အချိန်​တစ်​စက္ကန့်​ကုန်​ဆုံးသွားတိုင်း လူ့အသက်​ကလည်း ​အသက်​ရှင်​ရမည့်​ အချိန်​တစ်​စက္ကန့်​ကုန်​ဆုံးသွားသည်​သာ ဖြစ်​​ပေသည်​။ ကုန်​ဆုံးသွား​သော အချိန်​ကို ပြန်​ယူ၍လည်းမရ အစားထိုး၍လည်း ရမည်​မဟုက်​​ပေ။ လူ့အသက်​သည်​ အချိန်​ကိုအ​ခြေခံကာ တည်​​ဆောက်​ထားခြင်းဖြစ်​သည်​။ အချိန်​ကိုအ​လေးမထားသူသည်​ မိမိ၏ အသက်​ကိုအ​လေးမထား​သောသူဖြစ်​သည်​။ အချိန်​ကိုဖြုန်းသူသည်​ မိမိကိုယ်​ကို သတ်​​နေ​သောသူနှင့်​တူ​ပေသည်​။ အချိန်​ကို​လေးစား​သောသူသာလျင်​ မိမိ၏ အသက်​ကို အ​လေးထားသူဟု ဆိုအပ်​​ပေသည်​။ အချိန်​ဆိုသည်​က ရပ်​တန့်​၍ မရလို လူ့အသက်​ကလည်း ရပ်​တန့်​၍မရပဲ အသက်​ကြီး​နေ​ပေသည်​။ အသက်​ကြီးလာသည်​နှင့်​အမျှ ​သေဆုံးချိန်​က နီးကပ်​လာသည်​ကို သတိပြုကြပါ​လေ။ အချိန်​​တွေက မိတ်​​ဆွေတို့၏ အသက်​ကို တဖြည်းဖြည်း ဝါးမျို​နေသည်​ကို သတိရကြပါ။ အချိန်​တိုင်း၏ စက္ကန့်​တိုင်းသည်​ မိမိအသက်​ဖြစ်​​နေသည်​ကို နှစ်​လုံးသွင်းထားကြ​စေလိုသည်​။
image

........

Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google imageand facebook

Author nyinyilwin@nyinyilwin

MSC 170

Leave အချိန်​က​ပေး​သော.... to:

Written by

Read more #myanmar posts


Best Posts From nyinyilwin

We have not curated any of nyinyilwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyinyilwin