XZ3
Sony အနေနဲ့ IFA 2018 ပွဲမှာ Xperia XZ3 စမတ်ဖုန်းကို မိတ်
ဆက်သွားမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်တဲ့ အ
တပိုင်း သတင်းတွေမှာတော့ နောက်ကျောဘက်မှာ ကင်မ
ရာ၂လုံးတပ် ဆင်လာမှာဖြစ်တယ်လို့ ဆိုပြီး Xperia XZ2
Premium ထက်ပိုမို အဆင့်မြင့်တဲ့ ဒီဇိုင်းနဲ့ထွက်လာမယ်လို့ သိရ
ပါတယ်။ ဒီနေ့မှာတော့ Xperia XZ3 ရဲ့ အရေးကြီးတဲ့လုပ်ဆော
င်ချက် တစ်ခုနဲ့ပတ်သတ်လို့ သတင်းတစ်ခုထွက်လာပါတယ်။
ဒါကတော့ Sony အနေနဲ့ စမတ်ဖုန်းသစ်မှာ ကင်မရာတစ်လုံးပဲ တ
ပ်ဆင်လာတော့မယ်လို့ ဆိုတာပါ။
GFXBench မှာ စမတ်ဖုန်းသစ်ရဲ့ မော်ဒယ်နံပတ်ကို H8416 လို့
ပေးထားပြီး သူ့မှာ 47MP resolution ကင်မရာတပ်ဆင်လာမယ်
လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်က Sony
အနေနဲ့ 48MP IMX586 sensor ကိုထုတ်ဖော်ပြသခဲ့တာ ကြာ
င့်ဖြစ်ပါတယ်။ Sony ရဲ့ ဆင်ဆာအသစ်ဟာ ကမ္ဘာ့ပထမဆုံး
48MP စမတ်ဖုန်းဆင်ဆာ ဖြစ်ပြီး Sensor အသစ် ရဲ့ Pixel size
က 0.8 um ဖြစ်တဲ့အတွက် ကမ္ဘာမှာအသေးဆုံး pixel size
လို့သတ်မှတ်နိုင်ပါတယ်။ Sony ကတော့သူရဲ့ နည်းပညာကို
Ultra-compact Pixel Size လို့ဆိုပါတယ်။ Sony ရဲ့ ထုတ်ပြန်ချ
က်အရ 48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတ
ယ်။
လက်ရှိ အချိန်ထိ ထွက်ထားတဲ့ သတင်းတွေမှာတော့ စမတ်ဖုန်း
သစ်မှာ Android P ပါဝင်ပြီး မော်ဒယ်နံပတ် H8416 နဲ့ H8616
ဆိုပြီး မှတ်ပုံတင်ထားပါတယ်။ Sony Xperia XZ3 ရဲ့ အချက်အ
လက်တွေလည်း GFXBench မှာထွက်ရှိပြီး သူ့မှာ 1440 x 2880
(QHD+) resolution 3007 Adreno 630 GPU
ဆိုပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ XZ2 ရဲ့ 3,180mAh
ထက်ပိုကြီးတဲ့ 3,240mAh ကိုထည့်သွင်းလာမှာဖြစ်ပြီး Quick
Charge 3.0 ကိုထောက်ပံ့လာနိုင်ခြေရှိပါတယ်။ dual SIM သုံးနို
င်မှာဖြစ်ပြီး 4G VoLTE ထောက်ပံ့မှု ပါဝင်လာမှာပါ။
Snapdragon 845 သာသုံးလာမှာဖြစ်ပြီး အချက်အလက်သို
လှောင်မှုပိုင်းအတွက် 6GB RAM မှာ 128GB သုံးလာမယ်လို့ သိရ
ပါတယ်။
SOURCE
Leave XZ3 to:
Read more #ananda posts
Best Posts From kcs-token
We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.