kcs-token avatar

Mi Max3

kcs-token

Published: 26 Jul 2018 › Updated: 26 Jul 2018Mi Max3

Mi Max3

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က စမတ်ဖုန်း ပရိသတ်တွေ ကြားမှာ အချိန် အတော်ကြာ ရေပန်းစားနေတဲ့ Mi Max Series စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ် မော်ဒယ် Xiaomi Mi MaX 3 ကို တရားဝင် မိတ်ဆက် ပေးခဲ့ပါတယ်။IMG_20180722_062435.jpg

Xiaomi Mi Max 3 မှာ ၆.၉ လက်မ အရွယ်အစားရှိ FHD+ Resolution (2160 x 1080 Pixels) Resolution Display ကို အသုံးပြု ထားပါတယ်။ 18:9 Aspect Ratio ဖြစ်တာကြောင့် Xiaomi Mi Max 3 မှာ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Split Screen Feature ကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်တာကြောင့် Screen အကြီးကြီးမှာ ဗွီဒီယိုကြည့်ရင်း နဲ့ အင်တာနက် သုံးမလား အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Xiaomi Mi Max 3 မှာ Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြု ထားပါတယ်။ အရင်တုန်းက ထွက်ရှိထားတဲ့ Mi Max 2 မှာ အသုံးပြုထားတဲ့ SD 625 SoC နဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် SD 636 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ၃၀ ရာခိုင်နှုန်းခန့် ပိုမို ကောင်းမွန်ပြီး ပါဝါ အသုံးပြုမှုလည်း ပိုမို သက်သာ စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 ကို RAM 4 + Internal 64, RAM 6 + Internal 128 စတဲ့ မော်ဒယ် နှစ်မျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပြီး ဂိမ်းကစားရာမှာ အဆင်ပြေ ချောမွေ့စွာ ဆော့ကစားနိုင်စေရန် အတွက် Game Toolbox, One-Click Acceleration စတဲ့ Features တွေ ပါဝင်သလို Video Capture, Quick Reply စတဲ့ Feature တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 မှာ Rear Camera အနေနဲ့ 12MP + 5MP AI Dual Camera Setup ကို အသုံးပြုထားပြီး AI နည်းပညာ ပါဝင်တာကြောင့် အလင်းရောင် အပြည့်အဝ မရရှိတဲ့ နေရာတွေမှာပါ သေသပ် လှပတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 မှာ ၆.၉ လက်မ အရွယ်အစားရှိ FHD+ Resolution (2160 x 1080 Pixels) Resolution Display ကို အသုံးပြု ထားပါတယ်။ 18:9 Aspect Ratio ဖြစ်တာကြောင့် Xiaomi Mi Max 3 မှာ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Split Screen Feature ကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်တာကြောင့် Screen အကြီးကြီးမှာ ဗွီဒီယိုကြည့်ရင်း နဲ့ အင်တာနက် သုံးမလား အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
SOURCE
PHOTO- GOOGLE

Leave Mi Max3 to:

Written by

Read more #ananda posts

Best Posts From kcs-token

We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From kcs-token