The smallest USB
နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Laptop တွေ၊ ဖုန်းတွေ၊ Gadget တွေမှာ နေရာယူမှု နည်းနည်းနဲ့ Storage Space များတဲ့ Hard Drive တွေ SSD တွေကို ဖန်တီးနိုင်ဖို့အတွက် နည်းပညာ ကုမ္ပဏီတွေကြားမှာ အားပြိုင်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Sandisk အနေနဲ့ ကမ္ဘာ့အသေးငယ်ဆုံး 1TB USB-C Flash Drive Prototype တစ်ခုကို မိတ်ဆက် ပေးလိုက်ပါပြီ။
အခု Sandisk က မိတ်ဆက်ပေးလိုက်တဲ့ 1TB USB-C Flash Drive ဟာ ကမ္ဘာ့အသေးငယ်ဆုံး 1 TB USB-C Flash Drive တစ်ခုဖြစ်လာပေမယ့် Storage ပိုင်းမှာတော့ ၂၀၁၇ နှစ်စပိုင်းက မိတ်ဆက်သွားခဲ့တဲ့ Kingston ရဲ့ DataTraveler Ultimate GT လို့ အမည်ရတဲ့ ကမ္ဘာ့ Storage Space အများဆုံး USB Flash Drive ကိုတော့ Storage Space ပိုင်းမှာ ယှဉ်နိုင်ခြင်းမရှိသေးပါဘူး။ Kingston ရဲ့ DataTraveler Ultimate GT Flash Drive မှာ Storage Space 2TB ပါဝင်ပေမယ့် Sandisk ရဲ့ USB-C Flash Drive မှာ 1TB သာ ပါဝင်ပါသေးတယ်။
ဒါပေမယ့် DataTraveler Ultimate GT မှာ ကြာရှည်ခံဖို့အတွက် Casing ပိုင်းမှာ Zinc-alloy Casing ကို အသုံးပြုထားတဲ့အတွက် တော်တော်ကြီးကို လေးနေမှာပါ။ ဒါ့အပြင် USB 3.1 Adapter ကိုသာ DataTraveler Ultimate GT မှာ အသုံးပြုထားတဲ့အတွက် နောက်ဆုံးပေါ် Laptop တွေ နောက်ဆုံးပေါ် စမတ်ဖုန်းတွေနဲ့ တွဲပြီး အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။
Sandisk ရဲ့ 1TB USB-C Flash Drive မှာတော့ USB Type C ကို အသုံးပြုထားပါတယ်။ USB-C Flash Drive ဖြစ်သွားတဲ့ Type C ပါတဲ့ Laptop တွေ ကွန်ပြူတာတွေမှာပါ မကပဲ USB Type C အသုံးပြုထားတဲ့ စမတ်ဖုန်းတွေမှာပါ အသုံးပြုလို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် စမတ်ဖုန်းတွေမှာ Sandisk ရဲ့ 1TB USB-C Flash Drive ကို အသုံးပြုချင်တယ်ဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကြားခံ App တစ်ခု လိုအပ်လာနိုင်လောက်ပါတယ်။
အခုအချိန်မှာ 1TB USB-C Flash Drive ဟာ Prototype အနေနဲ့ပဲ ရှိသေးတာကြောင့် တရားဝင် ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ပုံမှန် အရွယ်အစားရှိတဲ့ 1TB USB-C SSD တောင် ဒေါ်လာ ၃၅၀ ဝန်းကျင်ဆိုတော့ Sandisk အနေနဲ့ 1TB USB-C Flash Drive ကို ဒေါ်လာ ၃၅၀ အထက်မှာပဲ ရောင်းချသွားဖွယ်ရှိပါတယ်။
SOURCE
Leave The smallest USB to:
Read more #ananda posts
Best Posts From kcs-token
We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.