OLED
၁၈လက်မ အရွယ်အစားရှိ ခေါက်သိမ်းလို့ရတဲ့ OLED Display ရှေ့ပြေးမော်ဒယ် ကို CES 2016 မှာ ပြသခဲ့တဲ့ LG ဟာ အခုမှာလည်း ကမ္ဘာ့ ပထမဦးဆုံး ခေါက်သိမ်းလို့ရတဲ့ 65 လက်မ အရွယ်အစားရှိ OLED နည်းပညာကို အသုံးပြုထားတဲ့ 4K UHD Display ရှေ့ပြေးမော်ဒယ် ကို ပြသလိုက် ပြန်ပြီပဲ ဖြစ်ပါတယ်။
LG အနေနဲ့ 88 လက်မ 8K OLED Display နဲ့ ခေါက်သိမ်းလို့ရတဲ့ 65 လက်မအရွယ် 4K UHD OLED Display နှစ်ခုလုံးကို တစ်ပြိုင်နက် မိတ်ဆက်သွားခဲ့ပေမယ့် ရှေ့ပြေးမော်ဒယ် နှစ်ခု ကို ယှဉ်ကြည့်မယ် ဆိုရင် ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ အရွယ် 4K UHD OLED Display ကို အသုံးပြုသူတွေကြား ချပြနိုင်ဖို့က ၈၈ လက်မ 8K OLED Display ထက် ပိုပြီး မြန်ဆန်နိုင်တယ်လို့ ကျွမ်းကျင်သူများ က ထောက်ပြ ထားပါတယ်။
ရှေ့ပြေးမော်ဒယ် အဆင့်မှာတောင် LG ရဲ့ ၆၅ လက်မ အရွယ် Display ကို ပုံစံ အမျိုးမျိုးနဲ့ ခေါက်သိမ်း နိုင်ပြီပဲ ဖြစ်ပါတယ်။ သာမန် ၆၅ လက်မ Full Screen Display တွေနဲ့ မတူတဲ့အချက်ကတော့ Cinematic 21:9 Ratio ကို အသုံးပြု ထားခြင်းပဲ ဖြစ်ပါတယ်။
21:9 Ratio ကို အသုံးပြုထားတဲ့အပြင် Foldable Display ဖြစ်တာကြောင့် Remote Control သုံးပြီး Screen ကို ခေါက်သိမ်းထားလို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် Ultrawide ဇာတ်ကားတွေ ကြည့်တဲ့အခါ မှာ ပုံမှန် Display တွေမှာလို Black Bar ပေါ်နေတဲ့ ပြဿနာကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Remote Control ကို အသုံးပြုပြီး သေတ္တာထဲကနေ ခေါက်သိမ်းလို့ရတဲ့ Display ကို ထုတ်လိုက်တဲ့ အခါမှာ Display ရဲ့ အစွန်းနားတွေမှာ ကတၳူစက္ကူလို မညီညာတဲ့ အနားသားတွေကို မြင်တွေ့နိုင်ပြီး Display ရဲ့ ထိပ်ပိုင်းနားမှာလည်း Screen တစ်ခုလုံးကို ထိန်းထားတဲ့ ထောက်တိုင်နှစ်ခုကိုလည်း အောက်ပါ Video မှာ မြင်တွေ့နိုင်ပါတယ်။
[SOURCE](
Leave OLED to:
Read more #ananda posts
Best Posts From kcs-token
We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.