Ananda
မြန်မာနိုင်ငံ၏ ပထမဆုံး ဒေတာ အော်ပရေတာ ဖြစ်တဲ့ ananda (အနန္တ) အနေနဲ့ ananda (အနန္တ) အမှတ်တံဆိပ် ဝန်ဆောင်မှု ထုတ်ကုန်များ ကို ရန်ကုန်သူ ရန်ကုန်သားများ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်စေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အညီ ရန်ကုန်မြို့ရှိ အချက်အချာကျတဲ့ ဈေးဝယ်စင်တာကြီးများမှာ အရောင်းဆိုင်များဖွင့်လှစ် ရောင်းချ ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရှိ အချက်အချာကျသော ဈေးဝယ်စင်တာကြီးများဖြစ်တဲ့ Junction Square ၊ City Mall ၊ Junction 8 ၊ သာကေတ Capital နှင့် စံရိပ်ငြိမ် ဂမုန်းပွင့်တို့တွင် ananda (အနန္တ) သည် အရောင်းဆိုင်များ ဖွင့်လှစ်ကာ Andada အမှတ် တံဆိပ် ဝန်ဆောင်မှု ထုတ်ကုန်များကို ရောင်းချ ပေးလျက် ရှိပါတယ်။ ယခုအခါ ananda (အနန္တ) ၏ ၆ ခုမြောက် ဖွင့်လှစ်လိုက်တဲ့ အရောင်းဆိုင်ကို မြန်မာပလာဇာ ပထမထပ်တွင် ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ananda (အနန္တ) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်အေးမြမြကြည်မှ
“အခုဆိုရင် ananda (အနန္တ) ကို ရန်ကုန်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒါကြောင့် ရန်ကုန်မြို့အနှံ့မှာရှိတဲ့ ဈေးဝယ်စင်တာကြီးတွေမှာ အရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး အခုလိုရောင်းချတာဖြစ်ပါတယ်။ လာမယ့်လတွေမှာလည်း ရန်ကုန်မြို့မှာရှိတဲ့ လူအများစည်ကားရာနေရာ တွေမှာ ananda (အနန္တ) ရဲ့ ဝန်ဆောင်မှုထုတ်ကုန်တွေအကြောင်း ပိုမိုသိရှိစေဖို့ရယ် ဝယ်ယူသူတွေနဲ့ တိုက်ရိုက်ထိတွေ့မယ့် ပွဲလေးတွေလုပ်ဖို့ ရှိပါတယ်။ လက်ရှိသုံးစွဲနေသူတွေနဲ့ ဝယ်ယူအားပေးသူ အသစ်တွေအနေနဲ့ ananda (အနန္တ) အမှတ်တံဆိပ်ဝန်ဆောင်မှုထုတ်ကုန်တွေကို လွယ်လင့်တကူ ဝယ်ယူနိုင်အောင်၊ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လုပ်ဆောင်သွားမှာပါ”
လို့ ပြောကြား သွားခဲ့ပါတယ်။
အရောင်းဆိုင်များတွင် ananda (အနန္တ) အမှတ်တံဆိပ် ဝန်ဆောင်မှုထုတ်ကုန်များကို ယခုမှ စတင်ဝယ်ယူသုံးစွဲမည့်သူများ အနေနဲ့ “unlimited30” နှင့် mifi စက်ကို မြန်မာငွေ ၃၅၀၀၀ ကျပ်၊ Router စက် နှင့် Unlimited ဒေတာ ၂ လစာ သုံးစွဲခွင့်ကို မြန်မာငွေ ၆၅၀၀၀ ကျပ် တို့ဖြင့် ဝယ်နိုင်မှာ ဖြစ်တဲ့ အပြင် ဘက်ထရီ သက်တမ်း ပိုမို ကြာရှည်ခံသော mifi plus စက် နဲ့အကန့်အသတ်မဲ့ ဒေတာ ၁ လစာသုံးစွဲခွင့်အတွက် မြန်မာငွေ ၄၀၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲသူများ အနေနဲ့ အရောင်းဆိုင်များမှာ မိမိတို့နေထိုင်ရာ မြို့နယ်ရဲ့ ananda (အနန္တ) ကွန်ရက် လွှမ်းခြုံမှု အခြေအနေအပါအဝင် ဝန်ဆောင်မှုအဝဝကို စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်တဲ့အပြင် မိမိ ကြိုက်နှစ်သက်ရာ ananda (အနန္တ) package များကိုပါ ဝယ်ယူ သုံးစွဲနိုင်ရန် အတွက် ခဲခြစ် ငွေဖြည့်ကတ်များလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခြားအခက်အခဲများ ရှိလျှင်လည်း ananda (အနန္တ) အပလီကေးရှင်းမှတဆင့် အကူအညီရယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ မေလကနေ စတင်ပြီး ရန်ကုန်တွင် စတင် မိတ်ဆက် ပေးခဲ့တဲ့ ananda (အနန္တ) အနေနဲ့ မကြာမီ ကာလများမှာ ပိုမို မြန်ဆန်ပြီး အကန့်အသတ် မရှိတဲ့ အင်တာနက်အတွေ့အကြုံ ကို ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် အခြားမြို့ကြီများဆီသို့ ဆက်လက် ချဲ့ထွင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက Ananda Facebook Page သို့ဝင်ရောက် လေ့လာနိုင်ပါတယ်။
Source
Leave Ananda to:
Read more #ananda posts
Best Posts From kcs-token
We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.