kcs-token avatar

Dell XPS

kcs-token

Published: 26 Jul 2018 › Updated: 26 Jul 2018Dell XPS

Dell XPS

မကြာသေးခင် အချိန်က Intel အနေနဲ့ AMD နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ Integrated RX Vega M Graphic ပါဝင်တဲ့ Intel 8th Gen Core CPU တွေကို CES 2018 မှာ တရားဝင် မိတ်ဆက်သွားခဲ့ ပါတယ်။ ဒါ့အပြင် Integrated Graphic ပါဝင်မယ့် Intel 8th Gen Core CPU ကို Dell နဲ့ HP တို့ရဲ့ အသစ်ထွက်လာမယ့် Laptop တွေမှာ အသုံးပြုသွားမယ်လို့ ဆိုထားခဲ့တဲ့အတိုင်း အခုအခါမှာတော့ Intel 8th Gen Core CPU အသုံးပြုထားတဲ့ Dell XPS 15 2-In-1 Laptop အသစ် ကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။IMG_20180726_203727.jpg

Dell ကတော့ အသစ်ထွက်ရှိလာမယ့် XPS 15 2-In-1 Laptop ကို စွမ်းဆောင်ရည် အမြင့်ဆုံး နဲ့ အပါးလွှာဆုံး Laptop လို့ ကြေငြာသွားခဲ့ပါတယ်။ အသစ်ထွက်ရှိထားတဲ့ Integrated Radeon RX Vega M Graphic ပါဝယ်တဲ့ Intel 8th Gen Core CPU ကို အသုံးပြုထားတဲ့ အတွက်ကြောင့် Motherboard အရွယ်အစား ကို ၅၀ရာခိုင်နှုန်း လျှော့ချပစ်လိုက်နိုင်တယ်လို့ Dell က ထပ်မံ ပြောကြား သွားခဲ့ပါတယ်။

Dell XPS 15 2-In-1 Laptop အသစ်ကို Full-HD Display နဲ့ 4K UHD Display ဆိုပြီး အမျိုးအစား ၂မျိုး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Screen အမျိုးအစား ၂ခုလုံးမှာ RGB Colour Gamut ကို ၁၀၀ရာခိုင်နှုန်း Support လုပ်ပေးသွားမယ်လို့ သိရပါတယ်။

Dell XPS 15 2-In-1 Laptop တွေရဲ့ မျက်နှာပြင် အရွယ်အစား အနေနဲ့ ၁၅လက်မ ရှိမှာဖြစ်ပြီး အထူက 16mm သာရှိမှာဖြစ်ပါတယ်။ 16mm သာ ထူတဲ့အတွက် အသစ် ထွက်ရှိလာမယ့် Dell XPS 15 2-In-1 Laptop အသစ်တွေဟာ MacBook Pro 2017 နီးပါး ပါးလွှာမှာပဲဖြစ်ပါတယ်။ Battery Life ကတော့ ၁၅နာရီ ကြာရှည်ခံမယ်လို့ သိရပါတယ်။

ဒါ့အပြင် Dell ရဲ့ Active Pen Stylus ကိုလည်း XPS 15 2-In-1 Laptop တွေမှာ Support လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Intel က အသစ် ထွက်ရှိထားတဲ့ 8th Gen Core CPU တွေကို Laptop တွေအတွက် Processor အမျိုးအစား ၃ မျိုး ထုတ်လုပ်ထားတာဖြစ်ပေမယ့် Dell XPS 15 2-In-1 Laptop မှာ အသုံးပြုထားတဲ့ Processor အမျိုးအစားကို တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က အသစ်ထွက်ရှိလာမယ့် XPS 15 2-In-1 Laptop တွေရဲ့ ကိုယ်ထည်ကို သံလိုက်နဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Active Pen ကို Laptop မှာ ကပ်ပြီး သယ်ဆောင်သွားလို့ ရနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် XPS 15 2-In-1 Laptop တွေမှာ Keyboard အတွက် MagLev Keyboard အသစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ MagLev Keyboard အသစ်မှာ အရင်တုန်းက Keyboard တွေလို Scissor-Switch ဒါမှမဟုတ် Rubber Dome-Switch ကို အသုံးပြုထားတာမဟုတ်ပဲ သံလိုက်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Magnet-Switch ကို အသုံးပြုလိုက်တဲ့ အတွက် Key travel Time ပိုမြန်သွားမှာ ဖြစ်ပြီး Portable အရသာကို ပိုမို ခံစားနိုင်လာမှာ ဖြစ်ပါတယ်။
SOURCE

Leave Dell XPS to:

Written by

Read more #ananda posts


Best Posts From kcs-token

We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From kcs-token