kcs-token avatar

Note9

kcs-token

Published: 25 Jul 2018 › Updated: 25 Jul 2018Note9

Note9

Samsung အနေနဲ့လက်ရှိအချိန်မှာ GALAXY NOTE 9 ကိုနိုင်ငံ
တကာ ဈေးကွက်မှာ ရောင်းချဖို့အတွက် ခွင့်ပြုချက်တွေ ရယူနေ
တဲ့ အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Note 9 ဖု
န်းဟာ ထိုင်ဝမ်နိုင်ငံရဲ့ NCC ခွင့်ပြုချက်ကို ရရှိသွားပြီဖြစ်သလို
တရုတ်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့မှာ ရောင်းချခွင့်အတွက် TENAA
နဲ့ ANATEL တို့ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီးဖြစ်ပါတ
ယ်။ ထိုင်ဝမ်မှာတော့ မော်ဒယ်နံပတ် SM-N960F/DS နဲ့တင်
ထားပြီး dual-SIM အသုံးပြုနိုင်မယ့် ဗားရှင်းလို့ သတ်မှတ်နိုင်ပါ
တယ်။IMG_20180722_210224.jpg

Galaxy Note 9 ရဲ့ အချက်အလက်ပိုင်းတွေနဲ့ ဈေးနှုန်းတွေပါ ဒီဇ
မှာထွက်ရှိလာပါတယ်။ သူ့မှာ screen ကို 6.3 inches မှာ
Super AMOLED 2K display နည်းပညာသုံးလာမှာဖြစ်ပြီး
18.5:9 အချိုးနဲ့ဖြစ်မှာပါ။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထ
ရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ
Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါ
တယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ Dual ဖြစ်ပြီး
12MP အဓိကကင်မရာကို သုံးလာမှာဖြစ်ပြီး ဒုတိယကင်မရာရဲ့
အရည်အသွေးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာတော့
8MP ကင်မရာကို သုံးထားမှာပါ။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm
Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note
9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB နဲ့ထွက်ရှိ
လာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM 512GB သို
လှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ထား
တဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner
ကို dual ကင်မရာရဲ့ အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတ
ယ်။ ဈေးနှုန်းတွေကတော့ 128GB မော်ဒယ်ကို ယူရို 1050 (ဒေါ်
လာ 1230) နဲ့ 512GB ကို ယူရို 1250 (ဒေါ်လာ1460) ဖြစ်လာ
မယ်လို့ သိရပါတယ်။
SOURCE™

Leave Note9 to:

Written by

Read more #ananda posts


Best Posts From kcs-token

We have not curated any of kcs-token's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From kcs-token