Draw Matches
ကမ္ဘာ့ဖလား အိမ်ရှင် အသင်းတွေထဲမှာ USA အသင်း၏ နိုင်ပွဲရလဒ် အတော်လေး ကောင်းလှ၏။ မနေ့ မနက်က ပွဲစဉ်မှာ Paraguay အသင်းကို ၄-၁ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်းမှာတင် အိမ်ရှင်အသင်းတို့ ၃-၀ ဖြင့် ဦးဆောင်ထားနိုင်ခဲ့၏။ ပွဲအစ ၇ မိနစ်မှာတင် အဖွင့်ဂိုး စတင် ရရှိခဲ့၏။ ၃၁ မိနစ် နှင့် ၄၅+၅ မိနစ်တို့မှာ နောက်ထပ် ၂ ဂိုး ထပ်မံ ရရှိခဲ့၏။ ဒုတိယပိုင်း ၇၃ မိနစ်မှာတော့ Paraguay တို့ ချေပဂိုး ၁ ဂိူး ပြန်လည် ရရှိခဲ့၏။ သို့ပေမဲ့ ၉၀+၈ မိနစ်မှာ USA က ၁ ဂိုး ထပ်မံ သွင်းယူပြီး ၄-၁ ဖြင့် ပွဲပြီးဆုံးသွားခဲ့လေ၏။
ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသည့် Qatar vs Switzerland ပွဲစဉ်မှာ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့လေ၏။ အများက Switzerland အသင်း အနေဖြင့် Qatar အသင်းကို ဂိုးပြတ် အနိုင်ရယူသွားမည်ဟု ထင်မှတ်ထားခဲ့ကြ၏။ ပထမပိုင်း ၁၇ မိနစ်မှာတင် Switzerland တို့ ပင်နယ်တီမှတဆင့် ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ နောက်ထပ် ဂိုးတွေ ထပ်မံ ရယူဦးမယ် ထင်ထားပေမဲ့ ပထမပိုင်းမှာ ၀-၁ ဖြင့်သာ ပြီးသွား၏။
ဒုတိယပိုင်းမှာလည်း ဂိုးထပ် မသွင်းနိုင်ကြပေ။ Switzerland က ဂိုးထပ် မသွင်းနိုင်ဘဲ ၉၀+၄ မိနစ်မှာ Qatar က ချေပဂိုး သွင်းယူ သွားခဲ့လေတော့၏။ ၁-၁ သရေဖြင့် ပွဲပြီး သွားခဲ့လေတော့၏။ အဆိုပါ ပွဲကို အားကြလို့ထင် မနက် ၄ နာရီခွဲမှာ ကစားသည့် Brazil vs Morocco ပွဲစဉ်သည်လည်း တဖက် ၁ ဂိုးစီ သရေဖြင့် ပွဲပြီး သွားခဲ့၏။
ပထမပိုင်း ၂၁ မိနစ်မှာ Morocco တို့ ဦးဆောင်ဂိုး စတင် သွင်းယူ၏။ ၃၂ မိနစ်မှာ Brazil က ချေပဂိုး ပြန်လည်လို့ သွင်းယူ၏။ ပထမပိုင်းက ၁-၁ ဖြင့်သာ ပြီးသွားခဲ့၏။ ဒုတိယပိုင်းမှာလည်း ဘယ်သူ့ ဘယ်သူမှ ဂိုးထပ် မသွင်းနိုင်တော့ဘဲ ၁-၁ သရေ ရလဒ်ဖြင့်သာ ပွဲပြီးသွားခဲ့လေ၏။ ဒီ မနက် ၇ နာရီခွဲမှာတော့ Haiti vs Scotland တို့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။
အိမ်ရှင် Canada ပါဝင်နေသည့် Group B မှာ ၄ သင်းလုံး ၁ မှတ်စီဖြင့် အမှတ်တူ အနေအထားမှာ ရှိနေ၏။ Group D Brazil တို့ အုပ်စုမှာတော့ လက်ရှိမှာ Brazil နဲ့ Morocco တို့က ၁ မှတ်စီ ရယူထားနိုင်၏။ Scotland အနေဖြင့် Haiti ကို အနိုင်ကစားနိုင်ခဲ့မယ် ဆိုရင် အုပ်စု ဗိုလ် အဖြစ် ရပ်တည်နိုင်မည် ဖြစ်၏။ နောက်တဆင့် Brazil, Morocco တို့နှင့် အပြိုင် လုရမှာမို့ ယခုပွဲကို ရလဒ်ကောင်း ရယူထားနိုင်ဖို့ လို၏။ ဇွတ်လည်း မမှန်းရဲ တော်နေကြာ Qatar vs Switzerland ပွဲလိုလည်း ဖြစ်နေဦးမယ်။
(photos from FIFA World Cup page)
Leave Draw Matches to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.