Alvarez
Argentina ကတော့ ရိုးရာမပျက် ရုန်းကန်လိုက်ရမှ။ အုပ်စုပွဲတွေမှာတုန်းက ဟုတ်နေပြီး ရှုံးထွက်ပွဲစဉ်တွေမှာ နိုင်ပွဲရဖို့ အတော်လေး ကြိုးစားနေခဲ့ရ၏။ လက်ရှိ ချန်ပီယံ အနေနဲ့ ခုလောက်ထိကြီး ခက်ခဲနေရတာမျိုးကတော့ သိပ်မဟုတ်သေးပေ။ ရင်ဆိုင်ရသည့် အသင်းတွေက မိမိနဲ့စာရင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် အတော်ကွာ၏။ ကိန်းဂဏန်းတွေက ကိန်းဂဏန်း သက်သက်ပါပဲဟု ဆိုရလောက်အောင် အနှီအသင်းတွေကလည်း Argentina ကို ကောင်းကောင်း ဒုက္ခ ပေးခဲ့ကြ၏။
ဆီမီးဖိုင်နယ်ရောက် ၄ သင်းထဲမှာ Argentina လောက် ခဲရာခဲဆစ် ဖြတ်ကျော်ခဲ့ရသည့် အသင်း မရှိလောက်ပေ။ တကယ့်ကို ထိတ်လန့်သဲဖို ရုပ်ရှင်ကား တကားနှယ်။ ၃၂ သင်း အဆင့်မှာ Cape Verde, ၁၆ သင်း အဆင့်မှာ Egypt, ကွာတားဖိုင်နယ်မှာ Switzerland တို့ ဖြတ်ကျော်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ England နဲ့ ရင်ဆိုင်ရတော့မည် ဖြစ်၏။
ရှေ့ ရှုံးထွက် ပွဲစဉ်တွေမှာ Argentina တို့ အနေဖြင့် အနိုင်ရလဒ် ဖော်ဆောင်နိုင်တယ်ဆိုပေမဲ့ နိုင်ပွဲရဖို့ အရေး အတော်လေးခက်ခဲနေတာကို တွေ့ရ၏။ ၃၂ သင်းအဆင့် ကတည်းက စလာခဲ့တာ ကွာတားဖိုင်နယ် အထိပင်။ ဆီမီးဖိုင်နယ်မှာတော့ ဘယ်လို နေမယ် မသိပေ။ မနေ့က ကစားခဲ့သည့် Switzerland နဲ့ ပွဲမှာလည်း ထိုနည်း၎င်းကောင်းပင်။
ပွဲအစ ၁၀ မိနစ်မှာ ဦးဆောင်ဂိုး စတင် ရရှိ၏။ ၆၇ မိနစ်မှာ Switzerland က ချေပဂိုး သွင်း၏။ ၇၂ မိနစ်မှာ Switzerland တိုက်စစ်မှူး တဖက် ဂိုးစီးထဲ ဟန်ဆောင် လှဲချသဖြင့် ၂ ဝါ ၁ နီဖြင့် အထုတ်ခံခဲ့ရ၏။ ၁ ယောက်လျော့ Switzerland ကို Argentina တို့ ဂိုးထပ် မသွင်းနိုင်ခဲ့ပေ။ သာမန် ပွဲကစားချိန် ပြည့်သည်အထိ Switzerland ကလည်း အကောင်းဆုံး ခံကစားထား၏။ သို့နှင့် အချိန်ပို ဆက်ကစားရ၏။
အချိန်ပိုမှာလည်း အစောပိုင်း မိနစ်တွေမှာ Switzerland တို့ ဆက်လက် တောင့်ခံထားနိုင်ခဲ့၏။ ပင်နယ်တီ အဆုံးအဖြတ် ရယူနိုင်ဖို့အထိ သူတို့ သေချာလေး ခုခံကစားနေခဲ့၏။ သို့ပေမဲ့ ၁ ယောက် အသာစီး ရနေသည့် Argentina ၏ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကြောင့် ၁၁၂ နှင့် ၁၂၀+၁ မိနစ်တို့မှာ Argentina တို့ ဦးဆောင်ဂိုး ၂ ဂိုး ရသွားခဲ့လေ၏။ ပင်နယ်တီအထိ သွားဖို့ မလိုတော့ဘဲ အချိန်ပို ၂ ပိုင်း ကစားပြီးချိန်မှာ ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေတော့၏။ ခုချိန်ထိတော့ Argentina အနေဖြင့် ခြေစွမ်းအားဖြင့်ကော ကံတရား အရကော ကောင်းမွန်နေသေးသည်ဟု ဆိုရပေလိမ့်မည်။
(photos from FIFA World Cup page)
Leave Alvarez to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.