Road to Semi-finals
ကွာတားဖိုင်နယ် ပွဲစဉ် ၁ ပွဲကတော့ စတင် ကစားခဲ့ပြီ။ France vs Morocco ဖြစ်၏။ မြန်မာစံတော်ချိန်အရ မနက် ၂ နာရီခွဲမှာ ကစားသွားခဲ့၏။ မအိပ်ဘဲ စောင့်ကြည့်ရအောင်လည်း မဟုတ်၊ ထကြည့်ရအောင်ကြပြန်တော့ ထိုအချိန်က အိပ်ကောင်းတဲ့ အချိန်ကြီး မလား။ ခက်သားလား အမေရိကရယ်။
မနက် ၄ နာရီခွဲလောက် တရေးနိုးလာ၏။ ရေထသောက်ပြီး ပြန်အိပ်မယ်ပေါ့။ ဘောလုံးပွဲ သတိရသွားပြီး Goal Result မကြည့်သေးဘဲ App ထဲဝင် တိုက်ရိုက် Live ကို သွား၏။ Live line ကတော့ ရှိနေသေး၏။ ကြေငြာတွေ လာနေ၏။ ပွဲများပြီးသွားပလား။ ဒါမှမဟုတ် သာမန် ပွဲကစားချိန် အတွင်း သရေကျနေလို့ အချိန်ပိုများ ဆက်ကစားရမည်လား။ တအောင့်နေတော့ အစီအစဉ် တင်ဆက်သူများ ပေါ်လာ၏။ ပွဲ အကြောင်းအရာများကို သုံးသပ် ပြောဆို၏။ ပွဲ ပြီးသွားခဲ့ပြီ။
သူတို့ သုံးသပ် ပြနေသည့် Highlight လေးတွေ လိုက်ကြည့်ကာ မိနစ်ပိုင်းလောက် စီးမျောလိုက်သေး၏။ France က Morocco ကို ၂-၀ ဖြင့် နိုင်သွား၏။ ၂ ဂိုးလုံး ဒုတိယပိုင်းမှ သွင်းခြင်း ဖြစ်၏။ ပထမပိုင်း ၂၈ မိနစ်မှာ ပင်နယ်တီရ၏။ Mbappe ကန်သွင်း၏။ ဂိုးသမား ကာကွယ်သွားခဲ့လို့ ဂိုးမဝင်ပေ။ ဒုတိယပိုင်း ၆၀ မိနစ်မှာတော့ ပင်နယ်တီ မဝင်ခဲ့သည့် Mbappe က အဖွင့်ဂိုး သွင်းပြီး လွဲချော်မှုကို ပြန်တည့်မတ်၏။
၆၆ မိနစ်မှာ Dembele က Mbappe ရဲ့ ဖန်တီးပေးမှုကနေ ဒုတိယ ဦးဆောင်ဂိုး ပြန်လည်လို့ သွင်းယူခဲ့၏။ Highlight တွေအရတော့ France က ဂိုးပေါက်ချိန်းခြောက်နိုင်စွမ်း ပိုများခဲ့၏။ တိုက်စစ် အစုအဖွဲ့မှာလည်း France ကသာသည် မဟုတ်လား။ အထူးသဖြင့် တဦးချင်း စွမ်းဆောင်ရည် ကောင်းသည့် ကစားသမားတွေ France မှာ ပိုများ၏။ Morocco က Teamwork ကောင်း၏။ တဦးချင်း စွမ်းရည်ထက် အသင်းလိုက် ကစားဟန်နှင့် ကစားခြင်း ဖြစ်၏။
France အနေဖြင့် Morocco ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။ ဆီမီးမှာ Spain vs Belgium တို့ တွေ့ဆုံမှုထဲက အနိုင်ရသည့် အသင်းနဲ့ ကစားရမည် ဖြစ်၏။ Spain vs Belgium ပွဲစဉ်ကိုတော့ နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားမည် ဖြစ်၏။
(photos from FIFA World Cup page)
Leave Road to Semi-finals to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.