Quarter-Finals List Appear
ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် ၃ နိုင်ငံလုံး ၁၆ သင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသလို ၁၆ သင်း အဆင့်ကနေတင်ပဲ ထွက်ခွာခဲ့ကြပြီ ဖြစ်၏။ မနေ့က နောက်ဆုံး ကျန်နေသေးသည့် အိမ်ရှင် USA က Belgium ကို ၁-၄ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်သွားခဲ့ပြီ။ ၉ မိနစ်မှာ Belgium ဦးဆောင်ဂိုး ရ၏။ ၃၁ မိနစ်မှာ USA ချေပဂိုး ပြန်သွင်း၏။ သို့ပေမဲ့ ၃၃ မိနစ်မှာ Belgium က ဒုတိယ ဦးဆောင်ဂိုး ပြန်သွင်း၏။
ဘောလုံး ပိုင်ဆိုင်မှုမှာ USA သာတယ် ဆိုပေမဲ့ ဂိုးသွင်းခွင့်မှာတော့ Belgium က ပို၍ အသာစီး ရခဲ့၏။ ဂိုးပေါက်တည့်သည့် ၇ ကြိမ်မှာ ၄ ဂိုးထိ ရခဲ့သည့် Belgium အသင်း၏ တိုက်စစ်က USA ၏ တိုက်စစ်ထက် ထိရောက်ခဲ့တာ အသေအချာပင်။ ၅၇ မိနစ်မှာ တတိယမြောက်ဂိုး Belgium ထပ်သွင်း ချိန်မှာတော့ ပွဲက ပြီးသလောက် ရှိသွားခဲ့ပြီ။ လုံးဝ ပွဲသိမ်း သွားစေမယ့် ၄ လုံးမြောက် ဂိုးကို ၉၀+၃ မိနစ်မှာ လူစားဝင် Belgium တိုက်စစ်မှူး Lukaku က သွင်းယူ သွားခဲ့၏။ USA ဂိုးသမားနှင့် နောက်တန်း အနေဖြင့် ယခုပွဲစဉ်မှာ အမှားတွေ များနေခဲ့၏။
၁၆ သင်း အဆင့် ပွဲစဉ်တွေ ထဲမှာ ရင်ခုန် စိတ်လှုပ်ရှားဖို့နှင့် ပြောစရာတွေ များသည့် ပွဲစဉ်က Argentina vs Egypt တို့၏ ပွဲစဉ် ဖြစ်၏။ ဦးဆောင်ဂိုး ၂ ဂိုး သွင်းခံထားရသည့် Argentina ၏ Epic Come back ကို မြင်ခွင့်ရခဲ့သည့် ပွဲစဉ်လည်း ဖြစ်၏။ အနိမ့်အမြင့် အတက်အကျတွေနဲ့ drama ဆန်လွန်းလှ၏။ နောက်ဆုံးမှာ ရွှေဘ အနိုင်ရလေသည်ဆိုတဲ့ စကားလေးတောင် သွားပြီး သတိရမိ၏။
ဒီပွဲနဲ့ ပတ်သက်ပြီး ဘာပြောလို့ ပြောရမယ် မသိပေ။ Argentina ၏ come back ကိုပဲ highlight လုပ်ရမလား၊ Egypt ရဲ့ ကြံ့ကြံ့ခံ စွမ်းဆောင်ရည်တွေကိုပဲ ပြောရမလား။ ၁ ဂိုး ရပြီးချိန် ၂ ဂိုးရပြီးချိန်ထိ Egypt အသင်း၏ ခံစစ်ပိတ်ပြီး တန်ပြန် တိုက်စစ် ကစားပုံက အတော်လေး ထိရောက် ကောင်းမွန်လှ၏။ Argentina ဖိပြီး ကစားနေတာ မှန်ပေမဲ့ တချက်တချက် counter attack ပြန်လာသည့် Egypt အသင်းကြောင့် Argentina တို့ လုပ်ရ ပြုရခက်နေ၏။
Messi ၏ အစောပိုင်း ပင်နယ်တီ လွဲချော်မှု၊ Egypt ဂိုးသမား လက်စွမ်းပြနေမှုတို့က Argentina ကို စိုးရိမ်စိတ်တွေ ပိုလို့ များလာစေခဲ့၏။ သို့ပေမဲ့ ကမ္ဘာ့ ချန်ပီယံတွေမလား ပွဲကို အကောင်းဆုံး စိုးမိုး ထိန်းချုပ်ပြီး လိုအပ်နေသည့် ဂိုးတွေကို ရယူသွားနိုင်ခဲ့၏။ Egypt အတွက်တော့ တကယ်ကို wtf moment ကြီး ဖြစ်သွားခဲ့ပေလိမ့်မည်။ စကတည်းက ရှုံးနိမ့်နေလို့ဆိုထား ခုက ကိုယ်က ဦးဆောင်ဂိုး ၂ ဂိုး အရင်သွင်းထားပြီးမှ အရှုံးပေးလိုက်ရသည် မဟုတ်လား။ ၃-၂ ဖြင့် Argentina အနိုင်ရပြီး Messi သွင်းဂိုး ၁ ဂိုး ထပ်ရ၏။
Switzerland vs Colombia တို့ ပွဲစဉ်မှာတော့ သာမန် ပွဲချိန်ထိ ဂိုးသွင်းနိုင်ခြင်း မရှိကြသဖြင့် အချိန်ပို ၁၅ မိနစ် နှစ်ပိုင်းစီ ထပ်ကစား၏။ ဒါလည်း မသွင်းနိုင်ကြသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူ၏။ ပင်နယ်တီမှာတော့ Switzerland အသင်းက Colombia ကို ၄-၃ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ ကွာတားဖိုင်နယ် ပွဲစဉ်များကို ၁၀ ရက်နေ့မှာ စတင် ကစားမည် ဖြစ်၏။
(photos from FIFA World Cup page)
Leave Quarter-Finals List Appear to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.