ayethatmon avatar

Teaching & learning

ayethatmon

Published: 30 Jan 2019 › Updated: 30 Jan 2019Teaching & learning

Teaching & learning

ပထမ​မြောက်​ သင်​ကြားခံရမှုက ချွတ်​ယွင်းချက်​​တွေနဲ့ ပျက်​ကွက်​ခဲ့တယ်​။
မိဘ​တွေရဲ့ တွန်​အားနဲ့ ဆရာ ဆရာမ​တွေရဲ့ တွန်းအားနဲ့ ပထမအရွယ်​မှာ ပညာသင်​ရမယ်​ဆိုတဲ့ အရိုးစွဲအ​လေ့အထနဲ့ ​ကျောင်း​နေခဲ့ရတယ်။။စာသင်​ခဲ့ရတယ်​...။
ဒါ​ပေမယ့်​ ကျွန်​မ စာမတတ်​ခဲ့ပါဘူး..။
ကျောင်းပြီးတယ်​လို့ ​ပြောကြတဲ့အခါ ​ကျောင်းက ပြီးဆုံးခြင်းရှိသလားလို့ ပြန်​စဉ်းစားမိတယ်​။
ဘွဲ့ရလိုက်​ပြီဆိုတာနဲ့ ​ကျောင်းပြီးသွားပြီလို့ သတ်​မှတ်​လိုက်​ကြတာလား​တော့ မသိဘူး..။
ဒုတိယအကြိမ်​​မြောက်​ သင်​ယူမှုအ​နေနဲ့ ကျွန်​မ စာ​လေး နည်းနည်း ဖတ်​ဖြစ်​ခဲ့တယ်​.။
ပြည်​တွင်းဖြစ်​ မြန်​မာ ဖတ်​စာ​လေးပါပဲ။ ဒါ​တောင်​ အရမ်းနက်​နဲတဲ့ မြန်​မာစာ​ပေ​တွေကို ကျွန်​မ မဖတ်​နိုင်​ပါဘူး..။မဖတ်​ရဲပါဘူး..။မဖတ်​ဖြစ်​ပါဘူး..။
ကျွန်​မ ဖတ်​နိုင်​တဲ့ စာ​တွေထဲက အနည်းအကျဉ်း​လောက်​ကိုသာ ဖတ်​ခဲ့တယ်​..။
အဲ့ဒီအထဲက သင်​ယူမှုအချို့ကို ပြုလုပ်​ခဲ့တယ်​ပဲ ဆိုပါစို့..။

သင်​ကြားခံခဲ့ရတဲ့အခါ အရနည်းခဲ့တယ်​။ အယူနည်းခဲ့တယ်​။ တွန်းအား​ကြောင့်​သာ သင်​ကြားခံခဲ့ရတာ​လေ..။
သင်​ယူမှုကို လုပ်​တဲ့အခါ အ​တော်​များများကို ရရှိခဲ့တယ်​..။ဒါက ဆွဲအားတစ်​ခု​ကြောင့်​ပဲ ဖြစ်​မယ်​ထင်​ပါရဲ့..

အပြစ်​​ပြောတာ မဟုတ်​ဘူး​နော်​။
ကျွန်​မတို့ မိဘ​တွေနဲ့ ကြုံခဲ့ဖူးတဲ့ ဆရာ ဆရာမ အ​တော်​များများက သင်​ကြားမှုကို ​ကောင်းမွန်​စွာ ပြုလုပ်​​ပေးခဲ့ကြတယ်​..။
ဒါ​ပေမယ့်​ သင်​ယူမှုပညာကို တတ်​​မြောက်​​အောင်​​တော့ မသင်​ကြား​ပေးခဲ့ကြဘူး..။
အဲ့ဒီအတွက်​ သူတို့ ​ပေးလိုက်​တဲ့ သင်​ကြားမှုမှန်​သမျှကို ကျွန်​မ လက်​ခံမရရှိခဲ့ဘူး..။
ကျွန်​မရဲ့ သင်​ကြားခံရမှု ညံ့ဖျင်းခြင်းလို့ပဲ ဆိုပါ​တော့....
အဲ့တုန်းက ကျွန်​မ မသင်​ယူတတ်​​သေးဘူး​လေ..
သင်​ကြား​ပေးသူ​တွေက သူတို့ဆီက ရှိသမျှကို ​ပေးတာပါပဲ..
လက်​ခံယူသူ ကျွန်​မက​တော့ ဘာ​တွေကို ဂရုစိုက်​​နေခဲ့မိတယ်​ မသိဘူး​လေ..
အဲ့ဒီအတွက်​ ကျွန်​မ မတတ်​​မြောက်​ခဲ့ဘူး..
တစ်​ခု​ပေးရင်​ အဲ့ဒီတစ်​ခုရဲ့ သုံးပုံတစ်​ပုံစာ​လောက်​​တော့ ကျန်​ခဲ့မယ်​ ထင်​တယ်​..
သင်​ကြားခံရချိန်​တုန်းက နားမလည်​ခဲ့သူတစ်​​ယောက်​ရဲ့ ​နောင်​တက သင်​ယူမှုကို ​လေ့လာမိတဲ့အခါမှ သိတယ်​..။
ဒီလို သင်​ယူမှုလို့ ​ပြောလို့ သင်​ယူမှုကို​ရော တတ်​​မြောက်​ပြီလားလို့ ​မေးရင်​ ဟင့်​အင်းလို့ ​ဖြေရပါလိမ့်​မယ်​..။
ငယ်​ကတည်းက သင်​ယူမှုကို မတတ်​ခဲ့သူက အခုမှ သင်​ယူမှုရဲ့ ကကြီး ခ​ခွေးတန်းမှာ အ သုံးလုံးကို ရှာ​ဖွေ​နေဆဲသူပါပဲ...။
သင်​ကြား​ပေးသူ​တွေက တာဝန်​​ကျေကြတာ များပါတယ်​...
တစ်​ခုက သင်​ကြားခံရသူတိုင်းက သင်​ယူမှုပညာကို မတတ်​​မြောက်​ကြလို့ သင်​ကြားမှုတိုင်းမှာ အပြည့်​အဝ​တော့ မရရှိလိုက်​ကြဘူး ထင်​ပါရဲ့...

သင်​ကြား​ပေးမှာက သင်​ကြား​ပေးသူတို့အပိုင်း..
သင်​ယူရမှာက သင်​ယူရမယ့်​ သူတို့အပိုင်း..
အဲ့ဒီ နှစ်​ခုကြားမှာ..... ဘာက လိုအပ်​​နေတဲ့ အရာလဲ...
ကျွန်​မ ​တွေး​နေမိပါတယ်​...

I'm ATM. image

Leave Teaching & learning to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon