l'm ATM
နည်းနည်းလောက် ကြီးမြတ်ချင်သော အတ္တနှင့်ပင် တရားကျခဲ့မိပါသည်။
တစ်လှေလုံး အပုတ်စေလိုခဲ့သော ငါးတစ်ကောင်အဖြစ်သည်ပင် တစ်ကောင်ထဲကား လတ်ဆတ်ခြင်း မမည်ခဲ့...။
တစ်စီးထဲသော ခရီးသည်တို့၏ ကံအကြောင်းတရားဖြစ်စေခဲ့လေပြီ...။
ကိရိယာ အစိတ်အပိုင်းတို့၏ အားကြီးရာ နေရပ်တို့ဖြင့်ပင် အကြီးမားဆုံးသော ဝက်သစ်ချပင်ကြီးလည်း ပြို၏...
အကျယ်ပြောဆုံးသော ပင်လယ်အားလည်း ကူးဖြတ်လိုက်ကြ၏.....
သို့သော် ဘဝတစ်ခု၏ ထွက်သက်ထွက်သက်တို့ ကုန်ခမ်းသွားခဲ့သော အဖြစ်သည်ကား မှေးမှိန် သေးသိမ်သွားခဲ့ရလေသည်...။
အကောင်းဆုံး လောကဓံတွင် အညစ်ယုတ်ဆုံး အခက်အခဲ ရှိစမြဲတည့်...။
လွန်ကျူး ကုန်မြောက်ခြင်းငှါ မစွမ်းသာသည့်တိုင် ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်းကိုမူ တတ်မြောက်ရလေသည်။
အချိန်တို့၏ တန်ဖိုးကို တွက်ချက်ပြသော ပုဂ္ဂိုလ်တို့၏ ကြီးမြတ်မှုတွင် ဖြစ်သန်းခဲ့သော အစိတ်အပိုင်းများကို စုဆက်တပ်ဆင်ရာ ပညာအား မြတ်နိုး တန်ဖိုးထားမိခြင်းမှ အစပြု၍
ငါသည်.....လူတစ်ယောက် ဖြစ်၏...
ငါသည် ခွန်အား ကြီးမား၏....
ငါသည် အသိဉာဏ်ရှိ၏...
ငါ၏ ဖြစ်မြောက်လိုရာသည် ငါ၏ ကြိုးစားမှု ဖြစ်၏ဟု ကြွေးကြော်ခြင်းသည် လူပြုံး သူပြုံးဖြင့် ကြီးကျယ်နေလေတော့၏.....
I'm ATM.
Leave l'm ATM to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.