Published: 26 Mar 2019 › Updated: 26 Mar 2019
ကမ္ဘာပျက်ထဲမှ ကကြိုးများ
*** ကမ္ဘာပျက်ထဲမှ ကကြိုးများ ***
ကျွန်မရဲ့ ဒီဇင်ဘာတွေကို ခိုးယူသွားတဲ့ အဲ့ဒီ သက်တန့်တွေကို သိပ်အံ့သြတယ်..။
တိမ်တို့ငိုမှ မြေပြင်ဆီကိုပစ်ပေါက်ခွင့်ရဲ့ တလင်းတစ်ခုမှာ စစ်ခင်းနေကြတတ်ကြတဲ့ အချိန်တွေကို ကျွန်မ ငေးမောချင်တယ်..။
ဒိုင်ယာရီတစ်ဖွဖွ နာပြနေရဲ့နဲ့ ရယ်သံခြောက်ခြောက်က လောကကြီးထဲ အရောက်ဆွဲခေါ်နိုင်ခဲ့တယ်..။
ပေါများလွန်းတဲ့အရာတွေကြားမှာ ရှားပါးတဲ့ အရာတွေကို ရှာဖွေရလွန်းတော့လည်း မူးနောက်နောက်.....။
အသောမသတ်နိုင်တဲ့ လွင်ပြင်ထဲမှာ ကဆုန်ပေါက်နေတဲ့ မြင်းရိုင်းလို ခံစားချက်တို့ လေလွှင့်နေတတ်ကြတယ်..။
လှောင်ပိတ်ထားမှ ကြီးထွားလာတတ်တဲ့ အတ္တက မာကျောကျောအထီးကျန်ခြင်းကိုပါ ပေါက်ဖွားလာစေခဲ့တယ်...။
အမှန်ကို သိချင်သူရဲ့အမှားက ဟာသတစ်ပုဒ်အဖြစ် ခပ်ခါးခါးစီးဆင်းသွားတယ်..။ ( ကျွန်မ နှလုံးသားကိုခပ်ကြမ်းကြမ်း ဖြတ်သန်းလို့..။)
ဝေး....လွှင့်နေတဲ့ ကောင်းကင်မှာ တိမ်တိုက်တွေကို ခြံရံလို့ ...ခပ်ဝေးဝေးမှာ သီးသန့်ဆန်ချင်တယ်..။တခါတလေ..ပါ...။
ရူးသွပ်ရတာကို ကြိုက်မိတဲ့အခါ ထူးဆန်းအံ့သြခြင်းတို့ ပြည့်နှက်နေတတ်တဲ့ မျက်ဝန်းတွေဆီက ကျွန်မ လက်ဆောင်ရတတ်တယ်..။ စိတ်သတ်လက်နက် စကားလုံးများ..။
အတွေးပျက်တို့ အခန်းဖွဲ့ထားတဲ့ အဲ့ဒီရာသီထဲမှာ ကျွန်မ အတွက် အမြဲတမ်း ဒီဇင်ဘာ...။
I'm ATM. ![image](
Leave ကမ္ဘာပျက်ထဲမှ ကကြိုးများ to:
Read more #esteem posts
Best Posts From ayethatmon
We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.