ayethatmon avatar

Book review

ayethatmon

Published: 15 Apr 2019 › Updated: 15 Apr 2019Book review

Book review

#တမ်းတတတ်​သည်​ကို တမ်းတ

ရိုးရိုး​လေး​ကြည့်​မယ်​ဆိုရင်​ ရိုးရိုးပဲ မြင်​ရမယ်​။

မိဘ​တွေရဲ့ ​အလိုလိုက်​ခံ မရင့်​ကျက်​​သေးတဲ့ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ ချစ်​ခြင်းနဲ့ ​လောကဓံရဲ့ အ​ကောင်းအဆိုးမှန်​သမျှကို ခါးစည်းရင့်​​ကော့ခံခဲ့ရပြီး အထုံအကျဉ်​စွဲ​နေပြီဖြစ်​တဲ့ ခံစားချက်​ကင်းမဲ့​နေသလို ဖြစ်​​နေတဲ့ မိန်းက​လေးတစ်​​ယောက်​တို့ရဲ့ အချစ်​ဇာတ်​လမ်းတစ်​ပုဒ်​..။

ဒါ​ပေမယ့်​ ​ရေးသူဟာ ဆရာမကြီး ကြည်​​အေးဖြစ်​​နေတဲ့ အတွက်​ အဲ့ဒီ​လောက်​ ရိုးရှင်းတဲ့ ဇာတ်​လမ်း ဖြစ်​မသွားခဲ့ဘူး။
ဘုရင့်​​မြေး​တော်​ ဖြစ်​​နေခဲ့​ပေမယ့်​ ငယ်​ကတည်းက ဖခင်​ဖြစ်​သူနဲ့ ​နေခဲ့ရပြီး မာနကြီးကြီးနဲ့ ရိုးရှင်းတဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ ​​လေလွှင့်​လိုစိတ်​က အသားကျ​နေခဲ့ပြီ ဖြစ်​တယ်​။ ဖခင်​ဖြစ်​သူဟာ ဘုရင့်​သား​တော်​ ဖြစ်​​ပေမယ့်​ အဲ့ဒီ​ခေတ်​က အုပ်​ချုပ်​သူ လူတန်းစားရဲ့ အဆိုအရ ဓားပြ​မွေးသူ သူပုန်​ဖြစ်​​နေခဲ့တယ်​။
အခု​ခေတ်​အ​ခါသာဆို ​တော်​လှန်​​ရေးသမားလို့ ဆိုရမယ်​ ထင်​ရဲ့။
မိန်းက​လေး​ပေမယ့်​ မိန်းက​လေးမဆန်​တဲ့ အ​နေအထိုင်​ အ​ပြောအဆို​တွေနဲ့ ဘဝကို ကျင်​လည်​ ဖြစ်​သန်းခဲ့တဲ့ အ​တွေ့အကြုံ​တွေကပဲ အ​ထွေးဆိုတဲ့ မိန်းက​လေးကို မနူးညံ့​စေခဲ့​တော့တာ ဖြစ်​မယ်​။ သူကိုယ်​တိုင်​ရဲ့ ပတ်​ဝန်းကျင်​ကို ဂရုမစိုက်​တတ်​ပဲ ​နေထိုင်​တတ်​မှု​ကြောင့်​လည်း ပါမှာ​ပေါ့​လေ..။
အဲ့ဒီမိန်းက​လေးကိုမှ ချစ်​မိတဲ့ ​လောကကြီးမှာ အ​မေနဲ့အမရဲ့ ဂရုစိုက်​မှုကလွှဲရင်​ ကျန်​တာ သိပ်​မသိ​သေးတဲ့ အသက်​၁၉ နှစ်​အရွယ်​ အပါဆိုတဲ့ ​ကောင်​​လေးတစ်​​ယောက်​က အ​ထွေးဆိုတဲ့ ဂျစ်​ပစီဆန်​ဆန်​ မိန်းက​လေးကိုမှ ချစ်​သတဲ့။ ထစ်​ခနဲဆို ငိုဖို့ကလွှဲရင်​ ကျန်​တာ ဘာကိုမှ သိပ်​မ​တွေးတတ်​တဲ့ ​ကောင်​​လေးက ​လောကဓံဆီမှာ ​ဒေါင်​ကျကျပြားကျကျ ​နေထိုင်​တတ်​တဲ့ အဲ့လို​နေထိုင်​ရတာ သ​ဘောကျတဲ့ ထိပ်​တင်​မ​ထွေးဆိုတဲ့ မိန်းက​လေးကိုမှ ရူးရူးသွပ်​သွပ်​ချစ်​သွားသတဲ့။

ကျောခိုင်းပြီးရင်​ ​နောက်​လှည့်​မကြည့်​တတ်​တဲ့ ​လူ​တွေအ​ပေါ် ယုံကြည်​မှုနည်း​နေပြီဖြစ်​တဲ့ ​နေရာတစ်​ခုထဲမှာ အ​ခြေချ​နေထိုင်​ဖို့ အသားမကျတတ်​တဲ့ တိုင်းရင်း​ဆေးဆရာမတစ်​​ယောက်​အ​ပေါ် မိသားစုတစ်​ခုနဲ့ ​ဆိတ်​ငြိမ်​​အေးချမ်းစွာ နေထိုင်​အသားကျချင်​တဲ့ အပါဆိုတဲ့ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ စွဲလမ်းမှု​တွေကို ဆရာမကြည်​​အေးက အလှည့်​အပတ်​ အလိမ်​အ​ခေါက်​​လေး​တွေနဲ့ ကွန့်​မြူးတန်​ဆာ ဆင်​ထားတဲ့ "တမ်းတတတ်​သည်​"

အ​ထောက်​​တော်​လှ​အောင်​က​တော့ တမ်းတတတ်​သည်​ရဲ့ ခင်းကျင်းမှု​ခေတ်​ကို ၁၉၃၀-၄၀ ကိုလိုနီ​ခေတ်​ကို ခန့်​မှန်းသုံးသပ်​ထားပါတယ်​။

ကျမ တမ်းတတတ်​သည်​ကို ဖတ်​ရင်း သတိထားမိတာက ​ဆရာမကြီးက ဇာတ်​​ကောင်​​တွေရဲ့ နေရာ အတိအကျ ​ဖော်​ပြမထား အပါတို့မြို့၊ ဂန္ဓမာပန်းများပွင့်​ရာမြို့ဆိုပြီး​တော့ပဲ ​ဖော်​ပြထားတယ်​။အပါက အ​ထွေးကို ​လှေနဲ့လိုက်​ပို့ပြီး စင့်​ကင်​ဖက်​ အလည်​သွားတယ်​လို့ ​ရေးထားတယ်​။
စင့်​ကင်​က ​ဗန်း​မော်​မြို့နယ်​ထဲ ရှိတဲ့ ရွာကြီးကြီးဖြစ်​တယ်​။အပါသွား​ရောက်​​လေ့ရှိတဲ့ ကချင်​ရွာ၊ အ​ထွေး​ အပါကိုလိုက်​ပို့ပြီး နေရစ်​ခဲ့တဲ့ ရှမ်းရွာ၊ ​နောက်​ပြီး အ​ထွေး ​ခေါင်း​လျှော်​တဲ့အခါ အသုံးပြုခဲ့တဲ့ ​ရွှေကူလုပ်​ ​မြေအိုး၊ ဧရာဝတီမြစ်ရဲ့ အလှတရားကို တစိတ်​တပိုင်း​ဖော်​ညွှန်းမှုနဲ့​မြစ်​အလယ်​က ​သောင်​၊ အပါနဲ့အ​ထွေး ထွက်​​ပြေးရာက ဆင်​ကို အသုံးပြုခဲ့တယ်​တဲ့။
အားလုံးကို ဆက်​စပ်​​တွေးကြည့်​မိတယ်​။ ဆရာမကြီး ကြည်​​အေးရဲ့ တမ်းတတတ်​သည်​ ဝတ္ထုဟာ ကချင်​ပြည်​နယ်​ ​ဗန်း​မော်​နယ်​ တဝှိုက်​ဖြစ်​မယ်​လို့ ကျမခန့်​မှန်းမိပါတယ်​။
အ​ထွေးဟာ ဘုရင်​​မြေး​တော်​ဆိုသည့်​တိုင်​ ဘုရင်​ဆိုတာ အဲ့ဒီ​ခေတ်​ရဲ့ ပ​ဒေသရာဇ်​နိုင်​ငံငယ်​​တွေထဲက ဘုရင်​တစ်​ပါးကို ရည်​ညွှန်းတာပဲ ဖြစ်​နိုင်​ပါတယ်​။

ပြီး​တော့ အ​ထွေးရဲ့ ဇာတ်​​ကောင်​စရိုက်​က ဆရာမဂျူးရဲ့ ပင်​လယ်​နဲ့တူ​သော မိန်းမများထဲက အိမ်​စိုး​မေနဲ့ ဆင်​ဆင်​တူတယ်​လို့ ခံစားမိတယ်​။
မိန်းမမဆန်​တဲ့ မိန်းမ​တွေ​ပေါ့။
ထားပါ..
ဝတ္ထုဟာ သိပ်​ပြီး ရှည်​လျားမ​နေပဲ ​တွေးစရာ တပုံတပင်​နဲ့ ရင်​ထဲ တစ်​ခုခုကျန်​​နေတဲ့ ရသမျိုးနဲ့ ဆရာမကြီး ကြည်​​အေးရဲ့ ​က​လောင်​စွမ်း​ကြောင့်​ ​တောက်​​ပြောင်​လို့ ​နေတယ်​လို့ပဲ ကျမထင်​မိပါတယ်​။ဆရာကြီး အ​ထောက်​​တော်​လှ​အောင်​​ပြောထားသလို ပွတ်​သပ်​ငြိတွယ်​ ကလူကျီစယ်​ဟန်​ အ​ရေးအသား​တွေက အရိုင်းမဆန်​ပဲ ဆရာမကြီးကြည်​​အေးရဲ့ စာ​ပေဝမ်းစာပြည့်​မှု​တွေအဖြစ်​ သြချရ​အောင်​ လှပ​အောင်​​ရေးထားနိုင်ပါတယ်​။

အရင်​ထုတ်​ထားတဲ့ နှစ်​ကာလများက ၂၀၀၄မှာ ထုတ်​ထားတဲ့စာအုပ်​က စာမျက်​နှာ ၁၀၉မျက်​နှာ ရှိ​ပေမယ့်​ အခု ကျမဖတ်​ရတာက​တော့ စိတ်​ကူးချိုချိုက ၂၀၁၁ခုနှစ်​ နိုဝင်​ဘာလမှာ စတုတ္ထအကြိမ်​အဖြစ်​ထုတ်​​ဝေထားပြီး ဆရာမကြည်​​အေးရဲ့ အမှာစာကို ထည့်​မထား​တော့ပဲ စာမျက်​နှာ ၇၀ပဲ ရှိပါတယ်​။
စာအုပ်​​ရောင်း​ဈေးက ၁၂၀၀ ကျပ်​ပါ။

အကယ်​၍ မဖတ်​ရ​သေးရင်​ ဆရာမကြီး ကြည်​​အေးရဲ့ က​လောင်​စွမ်းကို တစ်​ဆိတ်​​လောက်​ မြည်းစမ်းကြည့်​ဖို့ တိုက်​တွန်းလိုက်​ပါရ​စေ။

I'm ATM.
( အမှားများပါခဲ့​သော်​၊အယူအဆ ကွဲလွှဲကြ​သည်​ ရှိ​သော်​ ကျမ၏ အားနည်းမှု​ကြောင့်​သာ ) image

Leave Book review to:

Written by

Read more #esteem posts


Best Posts From ayethatmon

We have not curated any of ayethatmon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ayethatmon