
ရွက်နုဝေချိန်
နေ့လည်က ကြော်ငြာချက်တစ်ခု ဖတ်လိုက်ရတယ်။
သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး စစ်တမ်းလိုလို ဘာလိုလိုလေသံနဲ့ တလွဲတွေကြီး ရေးထားတာ။
အဲ့လိုမုဒိမ်းမှုတွေ မဖြစ်အောင် ဝတ်စားဆင်ယင်မှုကို မိဘတွေအနေနဲ့ ထိန်းကျောင်းပေးသင့်ကြောင်း။
ဪ.... မြတ်စွာဘုရားလို့သာ တလိုက်မိတော့တယ်။
သူတို့တွေကအစ အဲ့လိုတွေးနေတာပါလားဆိုတဲ့ အသိက စိတ်ဓါတ်ပါ ဝုန်းခနဲ ကျတယ်။
သက်ငယ်မုဒိမ်းပါဆို ဝတ်စားဆင်ယင်မှုကိုထိန်းဆိုတော့ ဘာလဲ... မံမီတွေလို ကြပ်စည်းထားရမှာလား။
အဲ့အရွယ်တွေမှာ ဘာမြှူဆွယ်နိုင်တဲ့ အင်္ဂါအစိတ်အပိုင်းမှ မရှိဘူး။
ပြီးခဲ့တဲ့ရက်က အမှုဆို ကျူးလွန်ခံရသူက ၂နှစ်ခွဲ။
အသက်ပါ ပါသွားတယ်။ သေသွားပြီ။
ကလေးစစ်စစ်နော်... ကလေးမှ တကယ့် ပီဘိကလေး။
အဲ့ကလေးက ဝတ်စားဆင်ယင်မှု မကလို့
ဖင်ပြောင်ပဲ ချွတ်ထားထား ကျူးလွန်ချင်စိတ်ပေါ်စရာအရွယ်ကို မဟုတ်သေးတာ။
ဒါပေမယ့် ဖြစ်သွားတယ်။ အဲ့ဒါ ဝတ်စားဆင်ယင်မှုနဲ့ဆိုင်လား။ စိတ်ဓါတ်အဆင့်အတန်းလား။
မြန်မာ့လူ့အသိုက်အဝန်းမှာ ပြသနာက မုဒိမ်းမှုတစ်ခုဆို
ကျူးလွန်ခံရသူကို Blamingလုပ်တတ်တဲ့ အကျင့်ရှိတာ။ ဘယ်လိုမြှူဆွယ်လို့လားမှ မသိတာ။
ဘယ်လို ဝတ်ထားလို့လဲမှ မသိတာ။
အိုကေ.... ဘယ်လိုပဲ ဝတ်ထားဝတ်ထား ကျူးလွန်ခွင့်မရှိဘူး။ ဘယ်လိုမှ မဝတ်ထားလည်း ၂နှစ်ခွဲကလေးတောင် မုဒိမ်းကျင့်တဲ့ အတန်းစားက ကျင့်မှာပဲ။
ထိန်းချုပ်ဖို့ ဆိုတာက အသိပညာပေးဖို့တွေ၊ Sex Workerတွေကို တရားဝင်ဖြစ်စေဖို့တွေ၊ လုံလောက်တဲ့ ကြီးလေးပစ်ဒဏ်ချမှတ်ဖို့တွေအပြင် မိဘတွေအတွက် Alertဖြစ်ဖို့တွေ စတာတွေ လုပ်ရမှာအများကြီး။
ဘယ့်နှယ် ... မိန်းကလေးတွေ ထဘီစ ဆွဲတင်ဖို့ ကြိုးစားနေရတာတုန်း။
မုဒိမ်းမှုတွေ ဖြစ်ပွားတာကို ကျူးလွန်သူက ယောက်ျားလေးဖြစ်နေတာနဲ့ ယောက်ျားတွေ တဏှာရူးတွေ နှာဘူးတွေလို့ ရေးရင် တရားမလား။
အဲ့လိုပဲ ကျူးလွန်ခံရသူက မိန်းကလေးတွေ ဖြစ်နေတာနဲ့ မိန်းမတွေ ဝတ်စားဆင်ယင်တာကြောင့်ဆိုပြီး လက်ညှိုးထိုးတာကြီးကတော့ များတယ်။
စဉ်းစဉ်းစားစားလည်း ပြောကြပါ အားတီတို့ရယ်။
မိန်းမတစ်ယောက်ရဲ့ ခြေသလုံးသားလောက်နဲ့ သမာဓိပျက်ကြစတမ်းဆိုရင်
ယူတို့ရဲ့ အတောင်နှစ်ဆယ်ဝတ်ကြီးကို နှစ်တောင်လောက်တော့ လျှော့လိုက်
ဟုတ်ပြီလား...
သက်ငယ်မုဒိမ်းပါဆိုမှ ဖုန်းဘေလ်ချန်ထား ရဲစခန်းနံပါတ်မှတ်ထား ဆိုတဲ့လူနဲ့
သက်ငယ်မုဒိမ်းပါဆိုမှ ဝတ်စားဆင်ယင်မှုကို ထိန်းချုပ်သင့်တယ်ဆိုတဲ့လူနဲ့
ငါ့နှယ်... နေ့ချင်းပြန်ကို သုံးခါလောက် ခွဲသေလိုက်ချင်တယ်
😖😖
Leave ရွက်နုဝေချိန် to:
Read more #esteem posts
Best Posts From u oo myo thant
We have not curated any of uoomyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.