u oo myo thant avatar

HRအကြောင်းတစ်စေ့တစ်စောင်း

uoomyothant

Published: 01 Mar 2018 › Updated: 01 Mar 2018HRအကြောင်းတစ်စေ့တစ်စောင်း

HRအကြောင်းတစ်စေ့တစ်စောင်း

အခုသင်နေတဲ့ HR အတန်းမှာ ဆွေးနွေးတဲ့ခေါင်းစဉ်က Work Life Balance အတွက် အလုပ်ရှင်အနေနဲ့ ဘာတွေလုပ်ပေးလို့ရသလဲဆိုတာတွေ ဆွေးနွေးကြတာ။ ကိုယ်မသိတာလေးတွေလဲပါတော့ အကောင့်ထဲက လုပ်ငန်းရှင်တွေလဲပြန်ဖတ်လို့ရအောင် ပိုစ့်လာရေးတာ။

  • Salary Sacrifice
    အခွန်မဆောင်ခင်မှာ အလုပ်ရှင်နဲ့ ညှိပြီး ကိုယ့်အတွက်လိုတဲ့ အလုပ်နဲ့ ပတ်သက်တာတွေ ကြိုဝယ်တာ။ ကြိုသုံးထုတ်တာ။ လခရလို့ အခွန်ဖြတ်တဲ့အခါကျ salary က နည်းသွားတော့ ပေးရတာလဲနည်းသွားတယ်။ (ကိုယ့်ဆီမှာလဲ အခွန်က စနေပြီတော့ ဒီဟာလေး သုံးလို့ရတယ်။)

  • Leave Purchasing
    ခွင့်ကို ကြိုဝယ်တာ။ တနည်းဆိုရင် အလုပ်ကို ကြိုလုပ်ပြီး လခကို ကြိုစုထားတာ။
    ခရီးရှည်သွားရမှာ၊ ခွင့်ကြာကြာယူရမှာတွေရှိရင် သူပျက်မယ့်အချိန်အတွက် အချိန်ပိုကြိုလုပ်ခိုင်းထားပြီး အဲ့ကာလအတွက် လခကို စုထားပေးတာ။ တကယ်ပျက်တဲ့အချိန်ကျ လခ မဖြတ်ရတာပေါ။

  • Work From Home
    အလုပ်ကိုနေ့စဉ်နေ့တိုင်းလာစရာမလိုဘဲ အိမ်ကနေ အလုပ်လုပ်တာမျိုး။

  • Flexible Hours
    အဆင်ပြေတဲ့အချိန်မှာ အလုပ်လုပ်ဖို့ ညှိပေးတာ။ မနက် ၉- ညနေ ၅ မဟုတ်ဘဲ သတ်မှတ်ထားတဲ့အချိန်ပြည့်ဖို့ အချိန်ညှိပေးတာ။ တစ်ပတ်ဘယ်နှစ်ရက်၊ ဘယ်နှစ်နာရီ ပြည့်ရင်ရပြီ ဆိုတာမျိုး။

-Parttime
အချိန်ပိုင်းအလုပ်ချိန်တွေ သတ်မှတ်ထားတာ။

  • Exercise Access
    ဒီမှာတော့ လုပ်ငန်းကြီးတွေမှာ GYM ထားပေးကြတယ်။ နေ့လည် နားတဲ့အချိန်မှာ လေ့ကျင့်ခန်းသွားလုပ်၊ ရေချိုးပြီးမှ အလုပ်ပြန်လုပ်ကြတာ။
    ကိုယ့်ဆီတော့ Gym Membership Fees ပေးတာမျိုးလုပ်မယ်ဆိုလုပ်လို့ရတာပဲ။

  • Childcare services
    ကလေးတစ်ဖက်နဲ့ မေမေတွေအတွက် အလုပ်ချိန်မှာ ကလေးအတွက် အဆင်ပြေအောင် စီစဉ်ပေးတာမျိုး။ ကလေးတစ်ဖက်နဲ့ ကျောင်းတက်ရတာအဆင်ပြေအောင် ရိုးတက်တဲ့ကျောင်းမှာ ကလေးမူကြိုပါ ထားပေးတယ်။ကျောင်းလခမပေးရဘူး အလကားသင်ပေးတာ။

  • Flexible Leave
    ခွင့်ယူမယ့်ရက်ကို ကိုယ်အဆင်ပြေတဲ့နေ့ ကြိုရွေးခိုင်းတာ။ အကုန်ညှိပြီး ရွေးကြတဲ့သဘောပါပဲ။ အလှည့်ကျနားတာမျိုး မြန်မာ မှာလဲ လုပ်ကြတယ်။ တစ်ချို့ကတော့ လပြည့်နေ့ ပိတ်ချင်ပြီး တစ်ချို့က weekend မှာပိတ်ချင်တာမျိုး။

  • Maternity Leave
    လစာမဖြတ်ဘဲ မီးဖွားခွင့်ပေးတာ။

  • Holidays/ Vacation days
    ခွင့်ရက်ရှည်ပိတ်ပေးတာ။ သင်္ကြန်မှာ ရောင်းကောင်းလို့ဆိုပြီး ဖွင့်တဲ့ လုပ်ငန်းရှင်ကြီးတွေ မပါ -_-

စာသင်နေတုန်း ရေးနေတာမို့လို့ ရပ်ပါရစေဗျ။ ရှေ့က ဆရာကလဲ ကြည့်နေပြီ။ ဒီဆရာသင်တာတော်တော်လေးကောင်းတယ်။ ဟိုနေ့က ငုတ်တုတ်ငိုက်ရတဲ့ Environmental ဘာသာရပ်နဲ့ ကွာပါ့။ :D

Photo credit- Internet
image

Leave HRအကြောင်းတစ်စေ့တစ်စောင်း to:

Written by

I Like Money💸💸💸 Want Million $

Read more #esteem posts


Best Posts From u oo myo thant

We have not curated any of uoomyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From u oo myo thant