
မေတ္တာစိတ်နက်နေတက်နေပါပီ
⛺ မေတ္တာစိတ်နဲ့ပြနေတတ်နေပါပြီ ⛺
⛺ မေတ္တာစိတ်နဲ့ နေတတ်နေပါပြီ ⛺
ကိုယ်ထိလက်ရောက်နာကျင်အောင်တော့ လုပ်မသွားပါဘူး
အပြင်ဒဏ်ရာထက် ပိုနာကျင်စေပါတယ်
စကားလုံးတွေနဲ့  ထိုးနက်သွားကြတယ်
ကိုယ့်စိတ်ထဲကတော့နင့်နေအောင် ခံစားလိုက်ရတာပေါ့
အနိုင်ရသွားလို့  စိတ်ပျော်ရွှင်သွားကြပြီလား ကျေနပ်ပါတယ်
တစ်ဘဝထဲ မပြီးဆုံးနိုင်တဲ့
သံသရာဝဋ်ဆင်းရဲထဲမှာ
ဆုံလာရတဲ့ သူတိုင်းဟာ အတိတ်က
ရေစက်ရှိလို့  ကြုံရတယ်
အနိုင်ယူသွားသူတွေဟာလည်း
အတိတ်ဘဝက ပေးဆပ်စရာရှိတဲ့အကြွေး
ပေးဆပ်လိုက်ရတယ်လို့ ပဲခံယူလိုက်ပါတယ်
ကိုယ့်အပေါ် အနစ်နာခံပြီး ဆက်ဆံပေးနေသူတွေကိုလည်း
အနိုင်ရတိုင်း အနိုင်မယူခဲ့ဘူး
ကိုယ်ကပေးတဲ့ အချစ် မေတ္တာကို မတူတန်အောင်
ရက်စက်စွာ စော်ကား ဥပက္ခာပြုသွားရင် ကိုယ့်ဝဋ်ကြွေးတွေကျေကုန်ပြီးလို့ ဒီလိုစိတ်လေးကို
ခံယူမိချိန်ကစပြီး စိတ်နှလုံးတွေ အေးချမ်းစေလာပါတယ်
ကိုယ့်အပေါ် အခြောက်တိုက်မုန်းနေလား ကိုယ်ပြန်မမုန်းပါဘူး
ကိုယ့်အကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေလား ဒေါသ အလျဉ်းမရှိပါဘူး
ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်
ကိုယ့်မကောင်းကြောင်းတွေ နောက်ကွယ်မှာပြောပြီး
သိက္ခာချနေလည်း ကိုယ်မရှက်ပါဘူး
ကိုယ့်ကိုယ်ကိုယ် မှန်အောင်နေလိုက်တယ်
လောကကြီးရဲ့ ဓမ္မတာအတိုင်း
ပြုလိုက်သူသာ အသစ်ပြန်ခံရမမြဲမို့ 
ဝဋ်ကြွေးအသစ်ကိုမယူတော့ဘူး ဝဋ်ဟောင်ကျေသည်အထိပဲ ဆပ်လိုက်ပါရစေ
ကြမ္မာဝိဘတ် နောက်ပိုးတက် တဲ့ အရမ်းကြောက်မိပါတယ်
ဒါကြောင့် ဘယ်သူ့ အပေါ်မှာလည်း စိတ်ယုတ်မာမမွေးချင်ဘူး
ဘယ်သူ့ ကိုမှလည်း အငြိုးမထားချင်ဘူး ကိုယ့်ကြောင့် တပါး
သူတွေရဲ့ အကျိုးပျက်စီးရမဲ့
အလုပ်ဆိုအဝေးဆုံးက ရှောင်လိုက်ပါတယ်
ချစ်နေခင်သူတွေကြားထဲ တစ်ယောက်နဲ့  တစ်ယောက်အမုန်းပွားစေမဲ့
အလုပ် ဘယ်သောအခါမှမလုပ်ဘူး
ကိုယ်လည်းမကြုံချင်ဘူး
ဒါပေမဲ့ ကြုံခဲ့ရတယ် စိတ်မကောင်း
ဖြစ်ရုံကလွဲပြီး ဝဋ်ကြွေးပါလို့  ဆပ်လိုက်ရတယ်ပဲခံယူလိုက်ပါတယ်
လူတချို့ ရှိတယ် ချစ်ချစ်ခင်ခင်နေတဲ့သူတွေကြားထဲ
စိတ်ဝမ်းကွဲအောင် ကြားဝင်တဲ့သူတွေ
သူများအကျိုးပျက်စီးအောင်လုပ်နေတဲ့သူတွေ
ဒီလိုလူတွေကို ဘေးကကြည့်ပြီး စိုးထိတ်မိတယ်
ဝဋ်ကြောင်းတရားကို မကြောက်ကြပါလား ဆိုပြီးတော့
ကိုယ်ဆုံးရှုံးခဲ့ရသမျှတွေ ၊ ကိုယ်ပေးဆပ်ခဲ့ရသမျှတွေဟာ
ဖြစ်ချိန်တန်လို့  ဖြစ်သွားခဲ့တယ် ပျက်ချိန်တန်လို့  ပျက်သွားခဲ့ရတယ်
ဒီလိုဖြည့်တွေးခံယူ လိုက်တော့ စိတ်ဆိုးဒေါသ
ဖြစ်စရာမရှိတော့သလို စိတ်တွေအေးချမ်းလာစေခဲ့လို့ ကိုယ်မရှုံးပါလားဆိုပြီး စိတ်တွေတောင် ပျော်ရွှင်လာစေပါတယ်
ကိုယ့်အသက်ထက်မကချစ်သူဖြစ်ပါစေ ကိုယ့်ဘဝထဲမရှိ
မဖြစ်ဆိုသူတွေဖြစ်ပါစေ
ဘယ်လောက်ခင်မင်နေတဲ့သူတွေ
ဖြစ်ပါစေ တစ်နေ့  အချိန်တန်ရင် သူအရင်လား
ကိုယ်အရင်လားဆိုတာ မသိတဲ့ ထာဝရခွဲခွာခြင်းနဲ့  ခွဲခွာကြရမှာပါ
ဒီလိုတွေးပြီးခံယူလိုက်တော့ အမုန်းတရား အငြိုး
တွေဆိုတာ စိုးစဉ်းမျှ မထားချင်တော့ပါဘူး
ကိုယ့်အပေါ် ရက်စက်သွားသူလည်း ပျော်ရွှင်ပါစေ
ကိုယ့်အပေါ်မုန်းတီးနေသူတွေလည်း အေးချမ်းကြပါစေ
ကိုယ့်အပေါ် အနိုင်လိုသူတွေလည်း ဝမ်းသာနိုင်ကြပါစေ
ဆိုတဲ့ စိတ်ကလေးနဲ့  နေတတ်လာခဲ့ပါပြီ
⛺ မေတ္တာစိတ်နဲ့ နေတတ်နေပါပြီ ⛺
Leave မေတ္တာစိတ်နက်နေတက်နေပါပီ to:
Read more #esteem posts
Best Posts From u oo myo thant
We have not curated any of uoomyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.