
ချမ်းသာသူနက် ဆင်းရဲသူ💸💸💰💰💰
ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ
ဘာကွာလဲဆိုတော့
ချမ်းသာတဲ့သူတွေက
ကောင်းကောင်းရောင်းတတ်ကြတယ်
အချိန်ရှိသရွေ့ ဒီတခုရောင်းပြီးရင်
နောက်တခုကို ဘယ်လိုရောင်းရမလဲ
ဆိုတာပဲ တွေးနေကြတဲ့သူတွေ....
သူများဆီက ဝယ်သုံးတဲ့ ငွေပမာဏထက်
သူများတွေဆီကို ပြန်ရောင်းပြီး ရတဲ့ငွေ
ပမာဏက အဆမတန် များပြားနေကြ
တယ်။
ရောင်းတဲ့အခါမှာလည်း ဘယ်လို
ပစ္စည်းကို ဘယ်နေရာမှာရောင်းရမယ်
ဘယ်အချိန်မှာ ရောင်းရမယ်
ဘယ်သူတွေကို ရောင်းရမယ်
ဆိုတာ ကောင်းကောင်းသိထားကြတယ်။
ဆင်းရဲတဲ့ သူတွေကတော့
သူများတွေကို ရောင်းဖို့ထက်
သူတပါးတွေရောင်းတဲ့ ပစ္စည်းတွေကိုပဲ
ဝယ်သုံးဖို့ စဉ်းစားနေကြလေတော့
ဝင်ငွေက ထွက်ငွေထက် လျော့နည်းရင်
လျော့နည်း .....
မနည်းရင် အချိန်တစ်နှစ်
ကုန်ပြီးတိုင်း ဘာမှ မစုမိ မဆောင်းမိဘဲ
စားစားသောက်သောက် နဲ့သာ ပြီး
နေတတ်ကြတယ်။
ကိုယ့်မှာ ဘာတွေရှိလဲ.....
ကိုယ့်မှာရှိတဲ့ ဝန်ဆောင်မှု
ကိုယ့်ကုန်စည် စတာတွေကို
ပိုပြီး ကျယ်ပြန့်လာအောင်
ပိုပြီး အသုံးများလာအောင်
ပိုပြီး အဆင်ပြေလာအောင်
ဆင်းရဲတဲ့သူတွေက
မရောင်းချတတ်ကြဘူး။
လူတိုင်းကြားဖူးတဲ့..ရှေးစကားပုံ
တခုရှိပါတယ်။
အိမ်နောက်ဖေး၊ ဈေးဆိုင်တည်..တဲ့
ဘာလို့ ရှေးလူကြီးတွေ ဒီစကား
ပြောရလဲဆိုတော့ အရာရာ ဝယ်မသုံး
ရအောင်လို့ပါ။ ကိုယ့်မှာရှိနေတဲ့
မြေလွတ်လေးတွေမှာ စားပင်သီးပင်
လေးတွေ စိုက်ခြင်းအားဖြင့်
အပြင်ကို ထွက်သွားမယ့် ကိုယ့်ဝင်ငွေ
တစိတ်တပိုင်းကို လျော့ချပေးနိုင်လို့ပါ။
တနည်း သူများတွေကို ပေးရမယ့်
ပိုက်ဆံကို ကိုယ့်ပိုက်ဆံ ပြန်ဖြစ်လာအောင်
လုပ်ယူတာပါ။
ဒါက စားတာသောက်တာ နဲ့ပက်သက်
တာပဲ ရှိပါသေးတယ်။ ထပ်ချဲ့ပြောရရင်
ယနေ့ခေတ်လိုမျိုး နည်းပညာတွေ
တိုးတက်ပြီးတော့ လိုချင်စရာ ပစ္စည်းတွေ
အရမ်းပေါတဲ့ ခေတ်ကြီးမှာ လိုချင်တာနဲ့
လိုအပ်တာ ခွဲခြားနည်းကို သေချာ
မသိလျှင်ဖြင့် လူတယောက်ဟာ
ချမ်းသာ ဖို့် မလွယ်တော့ပါ။
လိုချင်တယ်ဆိုတာ မိမိစိတ်ခံစားမှုအရ
လိုချင်ရချင်နေတာပါ။
လိုအပ်တယ် ဆိုတာကျ မသုံးမဖြစ်
အသုံးပြုဖို့ အရာတခု ဖြစ်လာတာ
ဖြစ်နေတာကို ဆိုလိုတာပါ။
ဥပမာ.... ကျနော်တို့ နေ့စဉ်ဆက်သွယ်
ပြောဆိုဖို့အတွက် ဖုန်းတစ်လုံးလိုတယ်။
အဲ့တာကြောင့် I phone ဝယ်ချင်တယ်
ဆိုရင် အဲ့တာဟာ လိုချင်တာပါ။
လိုအပ်ချက်ဆိုတာက ကိုယ့်အလုပ်နဲ့
ကိုယ့်ဝင်ငွေ အနေအထားအရ အသုံးပြု
ရမယ့် ပုံစံအနေအထားကို ဆိုလိုတာပါ။
ကိုယ်သုံးမှာက
Facebook ၊ viber ၊ messenger
လောက်ပဲ သုံးမယ်။ ကိုယ့်ရဲ့ဝင်ငွေရှာတဲ့
အလုပ်နဲ့လည်း ဒီဖုန်းနဲ့
သိပ်ကြီးဆက်နွယ်မှု
မရှိဘူး။သတင်းကြည့်မယ်၊
ဓာတ်ပုံ ကောင်းကောင်းရိုက်ချင်တယ်
ဆိုရုံအတွက် ကတော့ Iphone
တစ်လုံးမလိုအပ်တာ အမှန်ပါ။
၂ သိန်း ၃ သိန်းတန် ဖုန်းတလုံးရရင်
ကိုပဲ ဖော်ပြပါ လုပ်ချင်တာလေးတွေ
အကုန် ပြုလုပ်လို့ရနေပါပြီ။
အဲ့ဒီတော့ နိဂုံး ချုပ်အနေနဲ့
ပြောရရင် သင်များများဝယ်ချင်ပါသလား
များများ ရောင်းနိုင်အောင် အရင်
ကြိုးစားပါလို့...တနည်း
ကိုယ် ရောင်းလို့ရမယ့် ပမာဏထက်
ပိုများတဲ့ ဝယ်ယူမှုမျိုး ဘယ်တော့မှ
မလုပ်မိအောင် သတိထားကြပါလို့
တင်ပြရင်း....😍😍💱💱💱💱💸💸💰💰💰
Leave ချမ်းသာသူနက် ဆင်းရဲသူ💸💸💰💰💰 to:
Read more #esteem posts
Best Posts From u oo myo thant
We have not curated any of uoomyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.