Ko Thant Zin avatar

ရိုက်ခက်လာသော အတွေးစုများ

tharpauk

Published: 22 Aug 2018 › Updated: 22 Aug 2018ရိုက်ခက်လာသော အတွေးစုများ

ရိုက်ခက်လာသော အတွေးစုများ

“ရိုက်ခက်လာသော အတွေးစုများ”

အားလုံးဘဲ မင်္ဂလာပါဗျာ။အခုတလော အလုပ်ကိစ္စနဲ့အပြင်သွားတိုင်း aircon bus တွေစီးလိုက် နေပူထဲသွားလိုက် မိုးမိလိုက်နဲ့ဆိုတော့ လူကတရှောင်ရှောင်ရယ်။နှာစေး ချောင်းဆိုးတာက အစပြုလာလိုက်တာ အလုပ်ကလဲ နားလို့မဖြစ်တာကြောင့် ပေတေပြီးနေပေမယ့် တစ်ရက် မိုးမိပြီး တစ်ကိုယ်လုံးရွှဲကုန်တဲ့အပြင် စီးလာတဲ့ကားက အေးနေတော့ အအေးပတ်ပြီး လူလဲ တုပ်ကွေးဖြစ်တဲ့ဘ၀ရောက်သွားပါတော့တယ်။တုပ်ကွေးဆိုတဲ့အတိုင်း ဘာမှကိုမလုပ်ချင်မကိုင်ချင်လောက်အောင် ကိုက်ခဲပြီး အိပ်ယာထဲဘဲလှဲနေချင်ပါတယ်။ဒီကြားထဲ ချောင်းခြောက်ကဆိုးတော့ ခေါင်းတွေပါ အုံပြီးပွင့်ထွက်မတက်ပါဘဲ။နောက်ဆုံးတော့ မသွားချင်တဲ့ဆေးခန်းကို အဖျားတာရှည်မှာကြောင့် သွားလိုက်ရပါတယ်။

ဒီရက်ပိုင်း အလုပ်ချိန်တွေမှာတော့ လိုင်းပေါ်သိပ်မတက်ဖြစ်တာကြောင့် သတင်းတွေတောင် သိပ်မဖတ်ဖြစ်ခဲ့ပါဘူး။ကိုယ့်ရဲ့ Chat group တွေလောက်သာဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အခုတလောသတင်းတွေမှာကတော့ ဒေါ်လာဈေးအတက်အကျသတင်းတွေက ပလူပျံနေပါတယ်။မူးယစ်ဆေးဝါးဖမ်းမိတယ်ဆိုတဲ့သတင်းတွေကလည်း ဆက်တိုက်ဆိုသလိုပါဘဲ။ဒါပေမယ့် ကိုယ့်အလုပ်မှာကလဲ ဒေါ်လာဈေးအတက်အကျကြောင့် အလုပ်ကိစ္စတွေလုပ်ရတဲ့အခါ အခုတလော အခက်အခဲတွေကြုံရပါတယ်။

images (4).jpg
Image Source

တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲရိုက်ခတ်မှုကြောင့် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက်တော့ အနည်းအများ ရိုက်ခက်တာပါဘဲ။ဘယ်ကကြည့်ကြည့်အကုန် ဈေးအတက်တွေကြည့်ပါဘဲ ။ကားသမားတွေကလဲ ဆီဈေးကြီးလို့ ညည်းကြတဲ့သူတွေအများကြီးပါဘဲ။အခုဆို taxi ငှားရင်တောင် ကားသမားနဲ့ဈေးပြောရင် ဈေးဆီကြီးလို့ဆိုတာကအရင်ပြောကြပါတယ်။ စားသုံးကုန်ဘက်ကြည့်မလား ၊ရေတွေကြီး ရေတွေလျှံနေတာကြောင့် လယ်တွေပျက်စီးပြီး ဆန်ဈေးတွေကလဲ တက်သွားတာပါဘဲ။တက်သွားပြီးရင်လဲ မိုးပျံပူဖောင်းလိုပါဘဲ ပြန်ကိုမဆင်းချင်တော့ပါဘူး။

sync-1-1024x534.png
Image Source

တစ်ချို့ မိတ်ဆွေ Online Shopping လုပ်တဲ့သူတွေဆိုရင် တရုတ်ကပစ္စည်းတွေကို ယူပြီးရောင်းကြတာကြောင့် တရုတ်မှာ ပစ္စည်းတွေဈေးတက်လို့ဆိုပြီး ညည်းကြတာကလဲ တစ်မျိုးပါဘဲ။အရင်က ပစ္စည်း ၃မျိုးဝယ်ရတဲ့ဟာဆိုရင် အခုဆို ၂မျိုးလောက်ဘဲ ၀ယ်ရတယ်ဆိုတာမျိုးဖြစ်လာပါတယ်။တစ်ချို့ဆို ရှိတဲ့ပစ္စည်းလေးကိုဘဲ ထိန်းရောင်းနေရတဲ့အခြေအနေဖြစ်နေပါတယ်။ ထပ်ပြီးသွားဝယ်ဖို့ရာ ဈေးကွက်အခြေအနေကို ကြည့်နေရတဲ့အချိန်ဖြစ်နေပါတယ်။ဒါကဒေါ်လာဈေးရဲ့ရိုက်ခတ်မှုတွေကို ကျွန်တော့်ပတ်ဝန်းကျင်မှာ မြင်တွေ့ကြားနေရတာတွေပါဘဲ။

kripto-para.jpg
Image Source

ဒါပေမယ့် ကျွန်တော်တို့ Online Currency ဈေးကွက်ကျတော့ အကျဘက်တွေများနေပြန်ရော။အခုဆို BTC ဈေးတွေကကျ အခြား coin တွေကလဲကျနေကြောင့် Steem ဈေးဆို $1 အောက်တောင်ရောက်လို့သွားပါတယ်။အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ အခုချိန်မှာ စုချင်တဲ့သူတွေအတွက်တော့ စုဖို့အကောင်းဆုံးအချိန်ပါဘဲ။ဒါပေမယ့်လဲ လူတွေရဲ့စိတ်ဆိုတာခက်သားလာဗျာ။တကယ်ဆို ဈေးကျနေတဲ့အချိန်ဆို စုလို့အကောင်းဆုံးဖြစ်ပေမယ့် ဈေးကကျနေတာကြောင့် အဲဒီငွေကြေးပေါ်မှာယုံကြည်မှုကနည်းသွားပြီး စုဖို့အတွက် စိတ်ကမဆုံးဖြတ်နိုင်ဖြစ်သွားပါတယ်။တစ်ခါ ဈေးကတက်သွားပြန်ရင်လဲ ငွေကအများကြီးမရင်းနိုင်တာကြောင့် မ၀ယ်နိုင်ဖြစ်ပြန်ပါရော။အဲဒါကြောင့်လဲ လူ့အလိုနတ်မလိုက်နိုင် ဆိုတဲ့စကားပုံတွေထားခဲ့တာဖြစ်နိုင်ပါတယ်။

ဒီလိုငွေကြေးအတက်အကျတွေဖြစ်တယ်ဆိုတာကလဲ နိုင်ငံရေး စီးပွားရေး သဘာဝဘေးအစရှိသည်တို့ရဲ့ ရိုက်ခက်မှု ၊လူတွေရဲ့လောဘတိုက်ပွဲတွေကြောင့်လဲ ပါပါတယ်။ဒါကြောင့် ဒိလိုရိုက်ခက်မှုဒဏ်တွေကို များသောအားဖြင့် အားကြီးသောသူများထက် အားနည်းသောသူများကသာ ထိခိုက်မှုပိုများနိုင်ပါတယ်။ဒါကြောင့် အခုတလောဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြီးလဲ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးဆုံးပါစေလို့ ဆုတောင်းရင်း ကျွန်တော်ရဲ့ ဒေါ်လာဈေးရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ရောက်တတ်ရာရာအတွေးစုလေးကို သည်းခံဖတ်ရှုပေးတဲ့သူအားလုံး ကျေးဇူးတင်ရှိပါတယ်။အမှားပါရင်လဲ သည်းခံနားလည်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်……………..။

logo.jpg

Thant Zin (tharpauk@tharpauk)
MSC 134

Leave ရိုက်ခက်လာသော အတွေးစုများ to:

Written by

Everytime can change my life.

Read more #myanmar posts


Best Posts From Ko Thant Zin

We have not curated any of tharpauk's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ko Thant Zin