Ko Thant Zin avatar

လွမ်းမောမိသော တောင်တန်းမြေ

tharpauk

Published: 25 Jul 2018 › Updated: 25 Jul 2018လွမ်းမောမိသော တောင်တန်းမြေ

လွမ်းမောမိသော တောင်တန်းမြေ

လွမ်းမောမိသော တောင်တန်းမြေ

“ဟေ့ကောင် နော်ခမ်း မင်းဒီနေ့လဲ နောက်ကျလှချည်လား”
“ဟုတ်ကဲ့ ဆရာ ကျွန်တော်ဒိနေ့ လိုင်းကားကလဲ နောက်ကျပြီး ကားလမ်းတွေကလဲပိတ်နေလို့ပါဆရာ”
“မင်းပြောလိုက်ရင် ဆင်ခြေတွေဘဲ”
“ရော့ ဒီစာရင်းတွေကို ပြီးအောင်လုပ်ထား မမှားစေနဲ့နော်”
“ဟုတ်ကဲ့ပါဆရာ”
နော်ခမ်းတစ်ယောက် ဇာတိတောင်တန်းမြေကနေ ရန်ကုန်ကိုလာပြီး အလုပ်လုပ်လာနေသည်မှာ ၁နှစ်ခွဲခန့်ရှိပြီဖြစ်ပါသည်။အမေတစ်ခု သားတစ်ခုမို့ အမေကမလွှတ်ချင်သော်လည်း နော်ခမ်း၏ရန်ကုန်တွင်အလုပ်လာလုပ်ချင်သည့်စိတ်ကြောင့်သာ အမေက မလွှတ်ချင်လွှတ်ချင်လွှတ် လိုက်ရပါသည်။

11262-myanmar-chin-state-village-resize.jpg
Image Source
ညနေ ၅နာရီထိုးလို့ အခြားသူများ အလုပ်ဆင်းသွားသော်လည်း နော်ခမ်းတစ်ယောက်ကတော့ အလုပ်မဆင်းနိုင်ပါ။မနက်က မန်နေဂျာခိုင်းထားသောအလုပ်မပြီးသေးသည့်အတွက် ပြန်ရန်မဖြစ်နိုင်သေးပါ။ည၇နာရီထိုးသောအခါ အလုပ်ကမပြီးပေမယ့် အချိန်က ပြန်ရန်နောက်ကျနေသည့်အတွက် မနက်ကျမှလုပ်တော့မည်ဟုစိတ်ပိုင်းဖြတ်ကာ အလုပ်မှဆင်းခဲ့လိုက်ပါသည်။

ရုံးမှ ကားဂိတ်သို့ထွက်လာရာ အချိန်ကနောက်ကျနေသည့်တွက် ဗိုက်ကဆာလာသည့်အတွက် လမ်းဘေးရှိမုန့်ဟင်းခါးဆိုင်တွင် စားရန်ဝင်ထိုင်လိုက်ပါသည်။နယ်မှလာ၍ အဆောင်တွင်နေပြီး အလုပ်လာလုပ်သည့်အတွက် နော်ခမ်းတစ်ယောက်အစားအသောက်ကိုတော့ ဖြစ်သလိုဘဲ စားဖြစ်တာများပါသည်။တစ်ခါတစ်ရံ တောင်တန်းမြေမှ အမေ့ရဲ့ကျေးလက်လက်ရာ ထမင်းဟင်းကို တော့သတိရမိပါသည်။
မုန့်ဟင်းခါးတစ်ပွဲကိုအမြန်စားပြီး အဆောင်အပြန်နောက်ကျနေသည့်တွက် မြန်မြန်သွက်သွက်ဘဲ လာသည့်လိုင်းကားပေါ်တက်ပြီးလာခဲ့လိုက်ရပါသည်။အဆောင်ရောက်ချိန်မှာတော့ တစ်နေ့လုံးအလုပ်တွင် စိတ်ဖိစီးသမျှကို ရေနှင့်အတူချိုးလိုက်ပါတော့သည်။ရေချိုးပြီး အမေ့နှင့်တွဲရိုက်ထားသော ဓာတ်ပုံလေးကိုကြည့်ရင်း အမေ့ကိုလဲ သတိရမိပါသည်။အမေ့ဆီကို မပြန်တာလဲ အတော်ပင်ကြာသွားပါသည်။အလုပ်လုပ်ချင်သည့်စိတ်ကြောင့်သာ ရန်ကုန်ကိုလာခဲ့ရပေမယ့် ကိုယ့်တောင်တန်းဇာတိမြေမှာသာနေမယ်ဆိုလျှင် ကိုယ့်ကိုယ်ပိုင်စိုက်ခင်းများကိုလုပ်ကိုင်ရင်း အေးအေးဆေးဆေးနေနိုင်ပေမယ့် အတွေ့အကြုံသစ်များကိုရှာချင်သောကြောင့်သာလာခဲ့ရခြင်းဖြစ်ပါသည်။

images11.jpg
Image Source
ကိုယ့်အိမ်မှာတော့ အမေရှိလျှင် ဘာမဆိုပူပင်စရာမရှိ အေးအေးဆေးဆေး အချိန်တန်စား အချိန်တန်အိပ်နေချင်သလိုနေခဲ့ရပါသည်။ယခုအလုပ်ခွင်ဝင်ချိန်မှာတော့ ကိုယ့်အိမ်မှာလိုမဟုတ်ဘဲ ဘ၀ရပ်တည်ရေးအတွက် ကျော်ဖြတ်ရသည်မှာ မလွယ်ကူမှန်း နော်ခမ်းနားလည်လာရပါသည်။အဲဒီလိုဘ၀က မလွယ်ကူမှန်းသိလိုက်ရချိန်မှာတော့ အမေ့ရဲ့ကျေးဇူးတွေ မေတ္တာတွေကို ပိုပြီးသိနားလည်ခဲ့ရပါသည်။ အဲဒါကြောင့် တစ်ခါတစ်ရံအလုပ်တွင်စိတ်ဖိစီးမှုများရှိသော်လည်း အကောင်းဆုံးကြိုးစား အားတင်းရင်ဖြတ်ကျော်နိုင်အောင် ကြိုးစားခဲ့ပါသည်။

ဒီလိုနယ်ဝေးမှာ အမေနဲ့ခွဲခွာပြီး စိတ်ဖိစီးမှုများနေချိန်များတွင်နော်ခမ်း အတမ်းတဆုံးအရာမှာ အမေ့ကိုတွေ့ချင်စိတ်ဖြစ်မိပါသည်။ အမေ့ရဲ့နွေးထွေးမှု နှစ်သိမ့်မှု အမေ့ရဲ့ထမင်းလက်ရာလေးတွေကိုတော့ တောင့်တမိတာအမှန်ပင်။ဒါပေမယ့်လဲ ကိုယ့်စိတ်ဆန္ဒနဲ့ထွက်လာခဲ့တဲ့အတွက် အမေစိတ်ပူပင်မှုမရှိရအောင် ဘ၀ကိုအကောင်းဆုံးကျော်ဖြတ်နိုင်အောင် ကြိုးစားသွားရမှာပါ။နော်ခမ်း တွေးလက်စအတွေးကို ဖြတ်လိုက်ရင်း မနက်အလုပ်နောက်မကျဘဲ ပေးထားသည့်မိမိတာဝန်ကျေပွန်ရန် အမေ့ရဲ့ဓာတ်ပုံကို ရှိခိုးပြီး အိပ်ယာဝင်ခဲ့လိုက်ပါတော့သည်………။
ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါသည်…….။

logo.jpg

Thant Zin Soe(tharpauk@tharpauk)
MSC 134

Leave လွမ်းမောမိသော တောင်တန်းမြေ to:

Written by

Everytime can change my life.

Read more #myanmar posts


Best Posts From Ko Thant Zin

We have not curated any of tharpauk's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ko Thant Zin