ရင်ဆိုင်ဖြေရှင်းပါ
"ရင်ဆိုင်ဖြေရှင်းပါ"
အားလုံးဘဲ မင်္ဂလာပါဗျာ။အခုတလော အလုပ်ကလေးတွေကလဲရှုပ် အဆင်မပြေမှုတွေကလဲနည်းနည်းရှိတော့ စိတ်ထဲမှာလဲ စိတ်ကသိကအောက်လေးတွေ မကြာမကြာကြုံနေရတယ်ဗျာ။ဒါပေမယ့်လဲ ဘ၀ဆိုတာ အသက်ရှင်နေသမျှတော့ အခက်အခဲတွေ ဒုက္ခတွေ သုခတွေနဲ့ရင်ဆိုင်ကျော်ဖြတ်ကြရဦးမှာပါဘဲ။
တစ်ရက်မှာတော့ ကိုယ့်အောက်လူတွေကို တစ်နေရာလွှတ်ပြီး data ကောက်ခိုင်းလိုက်တာ ကောက်တော့လာပါရဲ့။မသေချာ မရေရာတွေများပြီး ကိုယ်တိုင်ပါလိုက်လုပ်ရတဲ့အဖြစ်။မပြီးရင်လဲ အပေါ်ကထောင်း အပေါ်ကကိုယ့်ထောင်းတော့ ကိုယ်ကအောက်ကလူကိုပြန်ထောင်း ဒီလိုနဲ့ဘဲ အထက်နဲ့အောက်ဆိုတာ သံသရာလည်နေတာပါဘဲဗျာ။တစ်ချို့လဲ အဲဒီလိုဖိအားတွေကိုမခံနိုင်ဘဲ လပိုင်းနဲ့တင်ထွက်ကုန်ကြပါတယ်။အလုပ်ကနေမထွက်ကြဖို့၊ ဖိအားဆိုတာကတော့ ဘယ်အလုပ်မဆိုအနည်းနဲ့အများတော့ရှိတယ်ဆိုပြီး ပြောပြပေမယ့်လဲ ရှေ့တင်တော့ခေါင်းညိတ်ပြီး ပြီးရင်ထွက်ကြတာများပါတယ်။ကိုယ်လဲကိုယ်ချင်းစာပါတယ်။အဲဒီထဲကမှ ကောင်မလေးတစ်ယောက်အကြောင်းကို မျှဝေချင်ပါတယ်။
Image Source
အဲဒီကောင်မလေးက အသိတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ အလုပ်ကိုဝင်လာတယ်ပေါ့ဗျာ။ သူကပထမကုမ္ပဏီတစ်ခုမှာလဲ marketing ကို ၁နှစ်လောက်လုပ်ဖူးတယ်။အဲဒီတော့ သူ့လုပ်သက်ရှိတယ်ဆိုပြီး တစ်ချို့ကိစ္စတွေကို မျက်နှာလွှဲခိုင်းကြည့်တယ်ပေါ့။ဒါပေမယ့် သူက သူ့ထက်လုပ်သက်နည်းတဲ့လူတွေကို ပညာပြချင်တဲ့စိတ်ကလေးကရှိတယ်။ဒါကြောင့် သူ့လက်အောက်ဆိုဘယ်သူမှမလုပ်ချင်ကြဘူး။နောက်ဆုံး သူကဘယ်လိုဖြစ်လာလဲဆိုတော့ သူတတ်တယ် သိတယ် သူမရှိရင်မဖြစ်ဘူးဆိုတဲ့အချိုးချိုးလာတယ်။
အဲဒါနဲ့နောက်ဆုံး သူ့ကိုအလုပ်တစ်ခုကို အစအဆုံးတာဝန်ယူပြီးလုပ်ခိုင်းလိုက်တော့ အဆင်မပြေတာကများလာပြီး ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြလာပါတော့တယ်။ကြာတော့ သူလုပ်သမျှမအောင်မြင်တော့ သူ့အတွက်ဖိအားလိုဖြစ်လာတယ်။ဖိအားတွေလိုခံစားနေရတော့ ကြာတော့မခံနိုင်တော့ဘူး ထွက်ဖို့ဖြစ်လာပါတယ်။အဲဒါနဲ့မထွက်ဖို့ ကြိုးစားပြီးလုပ်ဖို့ အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာရှိတာပါဘဲ လွယ်လွယ်နဲ့သာကိစ္စတိုင်းအဆင်ပြေရင် လောကကြီးကပျော်စရာတွေဘဲဖြစ်နေမှာပေါ့ ဆိုပြီးအားပေးလဲမရပါဘူး၊သူကိုယ်တိုင်က ဒီနေရာနဲ့ဝေးရာထွက်ချင်နေတာဆိုတော့လဲ တားမရတော့ပါဘူး ထွက်သွားပါတော့တယ်။
Image Source
နောက်အစ်ကိုကြိးတစ်ယောက်ရှိပါသေးတယ်။သူဆိုရင် ကျွန်တော်တို့ထက် အသက်ရော လုပ်သက်ရောအများကြီးကွာတယ်။ဒါပေမယ့် သူကအမြဲတမ်းနောက်လိုက်ဘဲလုပ်ခဲ့ရတော့ အခက်အခဲနှင့်ကြုံသည့်အချိန်တွင်အခက်အခဲပြဿနာများကို ဖြေရှင်းခွင့်မရဘဲ နောက်ကဘဲလိုက်တာများပါသည်။ရှေ့ကနေလုပ်ခိုင်းရင်ဘာမှမလုပ်တတ်တော့ပါဘူး။အဲဒီတော့ သူ့အစွမ်းအစတွေမရှိတော့ဘဲ သူများခိုင်းမှလုပ်တတ်တဲ့အကျင့်ဖြစ်သွားပါတယ်။ကိုယ်ကလဲ မလေ့လာသလို ကိုယ့်အထက်ကလူက ကိုယ့်ကိုအခွင့်အရေးပေးအောင် ကြိုးစားမှုနည်းခဲ့လို့သာ အခုချိန်ထိ မပြောင်းလဲဘဲဖြစ်နေပါတယ်။သိပ်မကြာပါဘူး အလုပ်ကထွက်ပြီး တစ်ခြားသူများနဲ့ ကိုယ်ပိုင်အလုပ်လုပ်ပေမယ့် ကြာလာတော့အဆင်မပြေတာကြောင့် နောက်ဆုံးသူများအလုပ်ကိုဘဲ ပြန်လုပ်လိုက်ရပါတယ်။အဲဒီလိုဘဲ ပထမရေးခဲ့တဲ့ ကောင်မလေးဟာလဲ အလုပ်တွေမှာအဆင်မပြေဘဲ အလုပ်တွေသာတစ်ခုပြီးတစ်ခုပြောင်းလုပ်သွားပါတယ်။
Image Source
ဒီ၂ယောက်ကိုကြည့်ခြင်းအားဖြင့် သူတို့ဘာကြောင့် အလုပ်တစ်ခုတွင် အောင်မြင်မှုမရှိဘဲ မမြဲကြရတာလဲ၊အလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းနေကြတာလဲ ဆိုတာ စဉ်းစားစရာပါဘဲ ။တကယ်လို့သာ သူတို့၂ယောက်သာ ကိုယ့်အလုပ်ပေါ်မှာ ကြိုးစားပြီး အခက်အခဲတွေကို ရှောင်မပြေးဘဲ ရင်ဆိုင်ခဲ့ရင် ဒီလိုအလုပ်မမြဲခြင်းကိစ္စတွေရှိလာမည်မထင်ပါ။ဒါကြောင့် မိမိအလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ကိုင်ပြီး အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါက နောက်တစ်ချိန်မှာ ၄င်အခက်အခဲတွေဟာ သင်ခန်းစာများရနိုင်ကြောင်း ခံယူရင်း အကောင်းဆုံးလုပ်ဆောင်သွားရမှာဖြစ်ပါတယ်……..။ယခုရေးသားမှုများတွင် လွဲမှားမှုများရှိခဲ့ပါက ကျွန်တော်၏အားနည်းချက်ကြောင့် နားလည်ဖတ်ရှုပေးစေချင်ပါသည်။စာဖတ်သူများအားလုံးကိုကျေးဇူးတင်ပါသည်………။
Thant Zin Soe(@tharpauk)
MSC 134
Leave ရင်ဆိုင်ဖြေရှင်းပါ to:
Read more #myanmar posts
Best Posts From Ko Thant Zin
We have not curated any of tharpauk's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.