Ko Thant Zin avatar

ဝါတွင်းဆွမ်းလောင်းအသင်းများ

tharpauk

Published: 29 Jul 2018 › Updated: 29 Jul 2018၀ါတွင်းဆွမ်းလောင်းအသင်းများ

ဝါတွင်းဆွမ်းလောင်းအသင်းများ

“၀ါတွင်းဆွမ်းလောင်းအသင်းများ”

အားလုံးဘဲ မင်္ဂလာပါဗျ။ဒီတစ်ပတ်တော့ ၀ါဝင်ပြီဆိုတော့ လမ်းထဲက ၀ါတွင်းကာလပတ်လုံး အပတ်တိုင်း ဆွမ်းလောင်းဖို့အတွက် အစည်းအဝေးခေါ်လို့သွားခဲ့ရပါတယ်။လမ်းတိုင်းကိုယ်စီ ၀ါတွင်းဆွမ်းလောင်းဖို့ရာအတွက် ပြင်ဆင်နိုင်ရန် တိုင်ပင်ကြပါတယ်။ဒါဟာ ကျေနပ်စရာ ၀မ်းသာစရာကုသိုလ်ကောင်းမှုလေးတွေဖြစ်ပါတယ်။
7254007.jpg
Image Source
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင် ၀ါဝင်ပြီဆိုတာနဲ့ ရဟန်းသံဃာများဟာမိမိ ၀ါဆိုမည့်ကျောင်းတွင် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုသည့်ကျောင်းတွင် သီတင်းသုံးဝါကပ်တော်မူကြရပါတယ်။ အဲဒီလိုသီတင်းသုံးဝါကပ်တော်မူကြသော ရဟန်းတော်များကို ဆွမ်းအလို့ငှာလောင်းလှူကြရန်အတွက် ရပ်ကွက်တိုင်း လမ်းတိုင်းရှိဆွမ်းလောင်းဓမ္မာရုံများမှနေပြီး ကြွရောက်အလှူခံတော်မူကြသော ရဟန်းတော်များအားလောင်းလှူကြသည်မှာ ကြည်နူးဝမ်းသာစရာပင်ဖြစ်ပါသည်။
maxresdefault1.jpg
Image Source
လမ်းတိုင်းလမ်းတိုင်းမှလဲ မိမိဆွမ်းလောင်းသည့်ရက်မတိုင်မီတွင် ရက်ကွက်များရှိလမ်များအသီးသီးသို့ ဆွမ်းလောင်လှူနိုင်ရန်အတွက် အလှူခံထွက်ကြသည်မှာလည်း လမ်းသူလမ်းသားများ၏ စေတနာ သဒ္ဒါတရားနှင့်စည်းလုံးမှုကို မြင်တွေ့နိုင်ပါသည်။ကုသိုလ်ရေးအတွက် မိမိတို့ကိုယ်တိုင် တစ်လမ်းဝင်တစ်လမ်းထွက်၍ မမောနိုင်မပန်းနိုင် အလှူခံနေကြသည်မှာ တနည်းအားဖြင့် လုပ်အားဒါနကုသိုလ်လည်းမြောက်ပါသည်။

အဲဒီလို အလှူခံရရှိသောအလှူငွေများနှင့် အလှူခံတော်မူကြသောရဟန်းသံဃာများကို လောင်းလှူရန်အတွက် ချက်ပြုတ်ရေးကိုလည်း အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြသည်မှာ ပျော်ရွှင်စရာကောင်းသလို ကုသိုလ်လဲ တိုး၍ရစေပါသည်။နောက်တစ်နေ့မနက်စောစော ၄နာရီခွဲ၅နာရီဝန်းကျင်ဆိုလျှင် လမ်းအသီးသီးမှ ဆွမ်းလောင်းလှူခြင်းကို လော်စပီကာများဖြင့်အော်နေကြသည်မှာ ၀မ်းသာကြည်နူးစရာကောင်းလှပါသည်။သံဃာတော်များမှလည်း တစ်ပါးခြင်းလာသော သံဃာတော်များရှိသလို စာသင်တိုက်များမှစီတန်း၍လာသော သံဃာတော်များလည်းရှိကြပါသည်။

သံဃာတော်များအား လမ်းအသီးသီးမှ လောင်းလှူကြသောကြောင့် ဆွမ်းများမှာ ပြည့်စုံ၍ပိုလျှံသောကြောင့် ၀မ်းသာကြရပြန်ပါသည်။ဝါတွင်းရောက်ပြီဆိုလျှင် လမ်းအသီးသီးမှ လောင်းလှူကြသောကြောင့်သံဃာတော်များမှာ ဆွမ်းအတွက်မပူပန်ရပေမည့် ၀ါပကာလများတွင်တော့ အချို့သံဃာတော်များမှာဆွမ်းအတွက်အခဲအခက်ဖြစ်သည်ကိုလဲ ကြုံခဲ့ရဖူးပါသည်။တစ်ခါကများဆိုလျှင် နယ်မှ စာဝါလိုက်ရန်အတွက် လာရောက်သင်ယူကြသောသံဃာ ၂ပါးမှာဆွမ်းအခက်အခဲဖြစ်နေသည့်အတွက် လမ်းအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး ဆွမ်းအလှူခံကြွဖို့ရာလိုက်လံမေးမြန်းနေသည်ကို ကြုံခဲ့ရဖူးပါသည်။နယ်မှလာသော သံဃာများအတွက် ဆွမ်းအတွက်ခက်ခဲသည်မှာအမှန်ဖြစ်ပါသည်။
11.jpg
Image Source
ကျွန်တော်တို့လမ်းထဲတွင်လည်း စာသင်တိုက်တစ်ခုမှ သောကြာနေ့မနက်တိုင်းတွင် သံဃာများစီတန်း၍ဆွမ်းခံကြွသော်လည်း မနက် ၅နာခွဲဝန်းကျင်ကြွသည့်အတွက်လောင်းလှူမည့်သူများမှာ အနည်းငယ်သာရှိပါသည်။စနေ့နေ့မနက် ၁၀နာရီဝန်းကျင်တွင် သန်လျင်သဘာဝရိပ်သာမှ သံဃာတော်များကြွလာလျှင် ဆွမ်းလောင်းလှူသူများမှာ တစ်လမ်းလုံးနီးပါးပင်ဖြစ်ပါသည်။မနက် ၅နာရီခွဲဝန်းကျင်ကြွတော်မူသော သံဃာတော်များအား လောင်းလှူသူနည်းရခြင်းသည် မနက်အစောဆွမ်းထမချက်နိုင်ခြင်းကြောင့်ဖြစ်မည်ထင်ပါသည်။

ထို့ကြောင့် ယခုလို ၀ါတွင်းဆွမ်းလောင်းဓမ္မာရုံများမှ ဆွမ်းများလောင်းလှူကြခြင်းကြောင့် သံဃာတော်များဆွမ်းအတွက် အခဲအခဲမရှိသလို ဆွမ်းလောင်းလှူရန်အတွက် အလှူငွေလှူဒါန်းခြင်း ၊အလှူခံခြင်း၊ဆွမ်းများချက်ပြုတ်ခြင်း စသောအလှူဒါန ၊လုပ်အားဒါနကုသိုလ်များကိုလည်း ရရှိနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်……။
စာဖတ်သူများအားလုံးကိုကျေးဇူးတင်ပါသည်…..။
logo.jpg

Thant Zin Soe(tharpauk@tharpauk)
MSC 134

Leave ၀ါတွင်းဆွမ်းလောင်းအသင်းများ to:

Written by

Everytime can change my life.

Read more #myanmar posts


Best Posts From Ko Thant Zin

We have not curated any of tharpauk's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ko Thant Zin