Ko Thant Zin avatar

အရှက်အကြောက်တရားမရှိကြတော့ဘူးလား

tharpauk

Published: 29 Aug 2018 › Updated: 29 Aug 2018အရှက်အကြောက်တရားမရှိကြတော့ဘူးလား

အရှက်အကြောက်တရားမရှိကြတော့ဘူးလား

“အရှက်အကြောက်တရားမရှိကြတော့ဘူးလား”

အားလုံးဘဲ မင်္ဂလာပါဗျာ။အခုတလော လောကကြီးကတော်တော်ကိုပြောင်းလဲလာပါတယ်။ကောသလအိပ်မက် အတိုင်း တဖြည်းဖြည်းဖြစ်လို့လာနေပါပြီ။အခုဆိုရင် ကျွန်တော်တို့တွေရဲ့ ပတ်ဝန်းကျင်မှာဆိုရင် မမြင်ဘူးတာ မကြားဘူးတာတွေ ကြားနေတွေ့နေရပါတယ်။ဒါတွေဟာ လူတွေရဲ့ လူမှုကျင့်ဝတ်တွေဖောက်ပြန်လာမှုတွေရဲ့ အကျိုးဆက်တွေပါဘဲ။ဒါတွေကြောင့်ဘဲ ကမ္ဘာကြီးက ဘေးဒုက္ခကပ်ဆိုးတွေနဲ့ ကြုံနေရတာဖြစ်ပါလိမ့်မယ်။ ကျွန်တော် အခုလိုပြောရတဲ့အကြောင်းကတော့ လွန်ခဲ့တဲ့ရက်က ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေး ၂ခုကြောင့်ပါဘဲ။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်ဟာ ကိစ္စလေးတစ်ခုနဲ့ စမ်းချောင်းကို သွားခဲ့ပါတယ်။စမ်းချောင်းရောက်တော့ ချိန်းထားတဲ့အချိန်က နာရီဝက်လောက်စောနေတာကြောင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခဏ၀င်ပြီး စောင့်နေလိုက်ပါတယ်။ အဲဒီအချိန်မှာ မိုးကလဲမဲမှောင်လာပြီး မိုးကလဲ သဲကြီးမဲကြီးကိုရွာချလိုက်ပါတယ်။အဲဒီအချိန်မှာ လက်ဖက်ရည်တစ်ခွက်မှာပြီး ဟိုကြည့်ဒီကြည့်နဲ့ ချိန်းထားတာကိုစောင့်နေလိုက်ပါတယ်။အချိန်က ပိုနေတာကြောင့် လက်ဖက်ရည်ဆိုင်မှာရှိတဲ့အားကစားဂျာနယ်ကို ကောက်ဖတ်ပြီး လာမယ့်အချိန်ကိုစောင့်နေလိုက်ပါတယ်။

250px-Teashop.jpg
Image Source

သိပ်မကြာခင်မှာဘဲ ကောင်းလေးနဲ့ ကောင်မလေးတစ်ယောက် မိုးရေထဲမှာ ပြေးလာရင်း ဆိုင်ရဲ့ ထောင့်တစ်နေရာက ခုံမှာ ၀င်ထိုင်လိုက်ကြပါတယ်။ကျွန်တော်လဲ တစ်ချက်လှမ်းကြည့်ပြီး ဖတ်လက်စဂျာနယ်ကိုဘဲ ဆက်ဖတ်နေလိုက်ပါတယ်။ အဲဒီအချိန်မှာဘဲ ဘေးက၀ိုင်းမှ တစ်ယောက်က ဟိုမှာကြည့်ဦး ဇာတ်လမ်းစနေပြီဆိုပြီး စကားပြောသံကြားလို့ ကြည့်လိုက်တဲ့အချိန်မှာ စောစောက၀င်လာတဲ့ ကောင်လေးနဲ့ကောင်မလေးက တစ်ယောက်ကိုတစ်ယောက် မိုးရေတွေသုတ်ပေးနေရင်းကနေ နမ်းတဲ့အဆင့်ထိရောက်သွားပါတယ်။ဆိုင်ထဲမှာကလဲ စားပွဲဝိုင်း ၄၀ိုင်းလောက်ဘဲ လူရှိမယ်ထင်ပါတယ်။ဆိုင်ထဲမှာ လူနည်းတာကြောင့် ဂရုမစိုက်ဘဲ ဖြစ်ပျက်နေကြတာ ဘေးကနေကြည့်နေတဲ့လူတွေတောင် မျက်နှာလွှဲရပါတယ်။တစ်ချို့ကလဲ သူတို့တောင်လုပ်ပြသေးတာဘဲ ကြည့်တဲ့လူကကြည့်တယ်ဆိုပြီး ကြည့်နေကြတဲ့လူတွေလဲရှိကြပါတယ်။ လူတွေပြောသံကြားတာကြောင့်လားမသိပါဘူး လုပ်နေတဲ့ကိစ္စတွေကိုရပ်လိုက်ပါတယ်။သိပ်မကြာခင်မှာဘဲ ချိန်းထားတဲ့လူ လာတာကြောင့် လက်ဖက်ရည်ဖိုးရှင်းပြီး ဆိုင်ထဲကနေထွက်ခဲ့လိုက်ပါတယ်။အခြေအနေကတော့ ဘာတွေဆက်ဖြစ်သည်ကိုတော့မသိပါ။

နောက်တစ်ကြိမ်ကတော့ မြောက်ဥက္ကလာကိုသွားဖို့ကိစ္စပေါ်လာတာကြောင့် ကားစီးဖို့မှတ်တိုင်ကိုထွက်လာခဲ့လိုက်ပါတယ်။ကားလာတဲ့အချိန်မှာ ကားပေါ်တက်လိုက်ပြီး အချိန်ကြာကြာစီးရမှာကြောင့် နောက်ဆုံးခုံတန်းကိုသွားထိုင်လိုက်ပါတယ်။ဖြစ်ချင်တော့ ကိုယ့်ရှေ့ကခုံက အတွဲက လူတွေမြင်တာကို မသိတာလား တမင်လုပ်နေတာလားမသိပါ။ကိုယ့်ရှေ့တင်ဆိုတော့ လုပ်ချင်သလို ဖြစ်ချင်သလိုကိုဖြစ်နေကြတာပါ။တစ်ယောက်နဲ့တစ်ယောက်ဖက်တဲ့အဆင့်မဟုတ်ဘဲ နမ်းတဲ့အဆင့်တောင်ရောက်နေတဲ့အခြေအနေပါ။အဲဒီအချိန်မှာ မတ်တပ်ရပ်စီးတဲ့ခရီးသည်မရှိတာလဲပါပါမယ်။ ဒါပေမယ့်လဲ ကိုယ့်ရှေ့မှာဖြစ်နေတာဆိုတော့ ယောင်္ကျားလေးကထားဦး မိန်းကလေးကပါဖြစ်နေတာဆိုတော့ ခေတ်ကြီးကအဲဒိလောက်တောင် ပြောင်းလဲနေတာလား စဉ်းစားစရာပါ။ပန်းခြံတို့ဘာတို့ဆိုရင်တော့ နားလည်နိုင်ပေမယ့် အခုလို လူမြင်ကွင်းတွေမှာ ဖြစ်ပျက်နေကြတာကို သူတို့ရဲ့ မိဘတွေများမြင်ရင်ဘယ်လောက်များ ရင်ထုမနာဖြစ်ကြမလဲမသိပါ။

DSCN9518.jpg
Image Source

ဒါတွေဟာ ခေတ်ကြီးကဘဲ ရှေ့ရောက်နေတာလား လူတွေကဘဲ လူမှုကျင့်ဝတ်တွေကို မလိုက်နာကြတာလား ၊မိဘဆိုဆုံးမမှုတွေကို အလေးမထားတာလားဆိုတာ တွေးကြည့်ရင် ရင်လေးစရာတွေပါ။အခုခေတ် ဆိုရှယ်မီဒီယာတွေဆိုတာကလဲ အသုံးချတတ်ရင် အကျိုးရှိပေမယ့် အသုံးချမှုလွဲမှားရင်တော့ အခုလိုမျိုး အတုမြင်အတတ်သင်တွေ ဖြစ်လာနိုင်ပါတယ်။အဲဒါကြောင့် မိဘတိုင်း အုပ်ထိန်းသူတိုင်းက မိမိတို့ရဲ့ သားသမီး တူ တူမတွေကို ကိုးကွယ်ရာဘာသာတရားရဲ့အဆုံးအမတွေကို သိရှိနားလည်ပြီး လူမှုကျင့်ဝတ်တွေ ပြည်သူ့နီတိကျင့်ဝတ်လေးတွေကို ငယ်စဉ်အခါကတည်းက ရိုသေကိုင်းရှိုင်း တတ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပြီး လမ်းမှားမရောက်အောင် ဆိုဆုံးမသင့်ကြောင်း သားသမီးချင်း နှမချင်းကိုယ်ချင်းစာသောစိတ်ဖြင့် တွေ့ရှိသောအကြောင်းအရာလေးအား အခြေခံတင်ပြလိုက်ရပါသည်။
ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါသည်။

logo.jpg

Thant Zin Soe(tharpauk@tharpauk)
MSC 134

Leave အရှက်အကြောက်တရားမရှိကြတော့ဘူးလား to:

Written by

Everytime can change my life.

Read more #myanmar posts


Best Posts From Ko Thant Zin

We have not curated any of tharpauk's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ko Thant Zin