အစားအသောက် အလွဲ
လူမှုကွန်ယက်များပေါ်မှာ တင်ထားသော
ဖုဘလောဂါများ၏ စားသောက်မှုကိုကြည့်ကာ
ကျွန်တော့်တူမသည် အစားအသောက်က်ု
ခုံမင်လေသည်။ များသောအားဖြင့် အမျိုးသမီးများ
က အမျိုးသားများထက် အစားအသောက်ကို ပိုမို
နှစ်သက်ကြသည်ဟု သတ်မှတ်ကြသည်။
သို့ပေသိ တူမတို့ ဇနီးမောင်နှံက တက်ညီ လက်ညီ
အစားအသောက် ခရေစီများဖြစ်ကြသည်။
လူမှုကွန်ယက်မှာ စားပြကြသော ဘလော့ဂါများကလည်း
ကြည့်သူကို သွားရည်ကျစေလောက်ပေသည်။
ထိုကြောင့် ကျွန်တော့်မှာ ထိုဘလော့များကို
မကြည့်မိအောင်နေရသည်။
ကိုယ်တွေက မကြည့်မိအောင် နေပါသည်ဆိုမှ
တူမက လာလာ ပြပါသည်။ သူရို့စားပြသည်က
အများအားဖြင့် စပိုင်ဆီခေါက်ဆွဲများကို အသီးအရွက်၊
အသားငါးပုစွန်ပင်လယ်စာများဖြင့် စားသောက်ပြ
သည်ကို ကြည့်ရသည်။ အခြားစားသောက်မှုများလည်း
ရှိပေမည်။ သို့ပေသိ ကျွန်တော့်တူမက ခေါက်ဆွဲ
စားသည်များကိုသာ အကြည့်များသည်ထင် သူလာပြ
တိုင်း ခေါက်ဆွဲများကို ပလုပ်ပလောင်းစားပြနေသော
ဘလော့ဂါများကိုသာ မြင်တွေ့ရပေသည်။
ထိုဘလောဂါများကို ကြည့်၍ ကျွန်တော်တို့ငယ်စဉ်က
လူကြီးများဆုံးမခဲ့သည်ကို သတိရမိသည်။
ဟဲ့ ဟင်းချိုရည်သောက်ရင်း အသံမမြည်းစေနဲ့။
အစားအသောက်စားတာ လမ်းလယ်ကို ထွက်မစားနဲ့လေ။
သူများတွေ မြင်ရင် စားချင်ပေမပေါ့။
ကိုယ်မကျွေးနိုင်ရင် သူများကို မမြင်စေနဲ့။
အစားအသောက်စားရင် ပါးစပ်က ပလပ်ပလပ်
မမြည်းစနေဲ့။ ထမင်းကို စားပိုးနင်အောင် ဗိုက်ကားအောင်
မစားနဲ့။ ထမင်းစားရင် လက်ငါးချောင်းလုံးကို ထမင်းတွေ
မပေစေနဲ့ စသဖြင့်ပေါ့ဗျာ ဆုံးမတာကို
ကြားခဲ့ရသည်။
ထိုအဆုံးအမများက ယခုခေတ်မှာတော့ ဘလော့ဂါ
များကို ကြည့်ကာ ဒိတ်အောက်သွားလေသလားဟု
အောင်းမေ့ရပေသည်။ အချို့အရာများက လိုက်နာ
ရမည်ရှိသလို။ အဆင်ပြေ လိုက်လျောစွာ ပြုမှုနေထိုင်
ရသည်များလည်း ရှိပေမည်။ အစားအသောက်နဲ့
ပတ်သက်၍ တိုးတက်လာသော လူနေမှုပုံစံများအတိုင်း
စားသောက်မှုများလည်း ပြောင်းလဲလာပေသည်။
အစားအသောက်ကို ထူးခြားဆန်းပြားစွာပြုလုပ်သလို၊
စားသုံးသူကို စားချင်လာစေအောင် ဆွဲဆောင်မှုများ
ကလည်း အမျိုးစုံလင်လှပေသည်။
မနေ့က တူမတို့ဇနီးမောင်နှံကို သူရို့သူငယ်ချင်းက
စားသောက်ဆိုင်တခုမှ စားစရာဝယ်ပေးသည်။ ထိုစားစရာကို
အိမ်မှ စားကြမည်ဖြစ်သည်။
စားသောက်ဆိုင်မှ စားစရာအမျိုးမျိုးမှာပြီး ပါဆယ်ထုပ်ပိုး
ယူလာသည်။ အိမ်သို့ရောင်သောအခါ
စားရန် အထုတ်ဖြည်း၍ စားမည်ပြုလုပ်သောအခါ
ကိုယ်ဝယ်ခဲ့သော ပစ္စည်းမဟုတ်ပေ။ ဟာ ဘယ်လို
ဖြစ်တာပါလိမ့်။ ဝယ်ယူခဲ့သော ဆိုင်က အိမ်နဲ့
အတော်ဝေးသည်။ မြို့ မြောက်နဲ့ တောင်ဘက်
ခရီးများဖြစ်နေသည်။
ထို့ကြောင့် စားသောက်ဆိုင်သို့ ဖုန်းဆက်အကြောင်း
ကြားရသည်။ ကျွန်တော်တို့မှာထားတဲ့
ပစ္စည်းက တမျိုး၊ ပါဆယ်ထုတ်ပေးတာက တမျိုး
ဖြစ်နေကြာင်းပြောပြရသည်။ ဆိုင်သို့ ပြန်လာပြီး
လည်လှည်ဖို့ကလည်း ခရီးဝေးသဖြင့် မည်သို့ပြုလုပ်ရမည်ကို
မေးကြည့်သည်။ ဝယ်ယူသည့်ပစ္စည်းက
တန်ဘိုးများပြီး ပါဆယ်ထည့်ပေးသော ပစ္စည်းက
တန်ဘိုးနည်းနေသည်။ ဖုန်းဖြင့် ပြေလည်စွာ
ပြောဆိုပြီးသည့်အခါ ပိုသောငွေကို ကေပေးဖြင့်
ဆိုင်က ငွေလွှဲပေးပို့လိုက်ပါသည်။ သို့ပေသိ
ကိုယ်ဝယ်သော ပစ္စည်းက ဈေးနည်းပြီး။ ပါဆယ်ထည့်
ပေးသည်က ဈေးပိုများနေပါမူ မည်သို့ရှိမည်မသိ။
တခါတလေတော့လည်း ထိုသို့ အလွဲများကလည်း
ရှိနေတတ်ပေသည်။
@htwegyi
May 13, 2026
Leave အစားအသောက် အလွဲ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.