waku avatar

မွန်မြတ်သောစိတ်ထား (၂)

waku

Published: 03 May 2018 › Updated: 03 May 2018မွန်မြတ်သောစိတ်ထား (၂)

မွန်မြတ်သောစိတ်ထား (၂)

ပညာရှိနေခြင်းထက် စိတ်ထား ကောင်း မကောင်းက ပိုအရေးကြီးတယ်။ ချမ်းသာခြင်းထက် ကိုယ်စိတ်နှလုံး အေးချမ်းနိုင်ဖို့က အရေးကြီးတယ်။ စိတ်ထားကောင်းမှ ဘဝမှာ အေးချမ်းသာယာမှုတွေနဲ့ နေနိုင်မယ်။စိတ်ထားကောင်းသူရဲ့ အတက်ပညာသည် မိမိ သူတစ်ပါး ၊ နှစ်ဦးသားအတွက် အကျိုးရှိစေတယ်။ စိတ်ထားကောင်းသူရဲ့ဟာ ယခုဘဝရော နောက်ဘဝအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ စိတ်ထားမကောင်းသူ၏ အတက်ပညာသည် မိမိ၊ သူတစ်ပါး နှစ်ဦးသား အတွက် ထိခိုက်စေသည်။ ဆင်းရဲစေသည်။ ယခုဘဝတွင် အကျိုးစီးပွား ပျက်စီးစေယုံသာမက နောက်ဘဝအတွက်လဲ ငြိမ်းချမ်းမှု ရရှိနိုင်မည်မဟုတ်ပေ။
စိတ်ကောင်းရှိဖို့အတွက်က အင်မတန်ကြိုးစားရတယ်။ လောဘကြီးသူက လောဘပျော့အောင် ၊ ဒေါသကြီးသူက ဒေါသလျော့အောင် ၊ မာန်မာနကြီးသွားတဲ့လူက မာန်မာန ကင်းစင်အောက် ၊ မနာလိုသဝန်တိုတက်တဲ့လူက သဝန်တိုစိတ်ပျောက်ကွယ်သွားအောင်၊ မဖြစ်မနေ ကြိုးစားပြီး စိတ်စေတနာကောင်းထားတက်အောင် လုပ်ဆောင်သင့်ပါသည်။
သင့်ကို ဒုက္ခပေးနေသူမှာ တခြားဘူမဟုတ်ပါ။ သင့်၏ စိတ်သာဖြစ်သည်။ သင့်စိတ်ကိုနိုင်လျှင် ဘာမှလုပ်၍ မဖြစ်နိုင်စရာ အကြောင်းမရှိပါ။ ကိုယ့်စိတ်ထားကို မွန်မြတ်အောင်ထားရှိနိုင်ဖို့ကို လူတိုင်းက မဖြစ်မနေ ကြိုးစားအားထုတ်သင့်ပါသည်။
image

Credit Photo Facebook

Leave မွန်မြတ်သောစိတ်ထား (၂) to:

Written by

Read more #esteem posts


Best Posts From waku

We have not curated any of waku's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From waku