ကောင်းမွန်သောစိတ်ထား (၃)
လူတစ်ယောက်ဟာ စိတ်နောက်ကျူနေရင် စိတ်ညစ်ထေး ရှုပ်ပွေနေရင် အအိပ်ပျက်၊ အစားပျက်ဖြစ်နေရင် ၊ သူတစ်ပါးအကျိုး ဆောင်ရွက်ပေးပို့အသာထား၊ ကိုယ့်အတွက် အကျိုးရှိတာတောင် မမြင်နိုင်တက်တော့ပါဘူး။တစ်ခါတစ်ရံ
ကိုစိတ်က ကြံစည်သော်လည်းမဖြစ်၊ စိတ်ကမကြံစည်းထားသော်လည်း ဖြစ်တက်သည်ကို သတိထားကြည့်ပါ။ အရာရာမှာ စိတ်က ရှေ့ဆောင်ဦးစီး ဖြစ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့စိတ်နဲ့ ကြံဆောင်ပြုအပ်သော အပြုအမူမှန်မှသာလျှင် ကောင်းကျိုးချမ်းသာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။စိတ်ချမ်းသာမယ့် အကျိုးကိုခံသားလိုလျှင် စိတ်ချမ်းသာအောင်မယ့် အကြောင်းအရာကို ပြုမူရတယ်။ စိတ်ချမ်းသာမယ့် အကျိုးခံစားရမယ့် အကြောင်းမပြုဘဲ အကျိုးခံစားဖို့ မမျှော်လင့်နှင့်။
အရာရာကို အကောင်းဘက်ကနေ ကြည့်တက် ၊ မြင်တက်၊ နှလုံးသွင်းတက်ဖို့အတွက် ကောင်းမွန်သောစိတ်ထားတွေ ထားရှိသင့်ပါသည်။ စိတ်ကျန်းမားရေး ချို့ယွင့်ချက်ရှိတဲ့သူတွေရဲ့ အဓိကအားနည်းချက်ကတော့ အရာရာကို ခွင့်လွှတ်နားလည်ပေးမှု မရှိခြင်းပင်ဖြစ်သည်။
အဆင်ပြေမှုနဲ့ ကြုံတွေ့လာသည့်အခါ သူတစ်ပါး၏ အပြစ်ကို များများရှာတက်ပြီး ၊ မိမိရဲ့ စိတ်ကိုလည်း တည်ငြိမ်အောင်မထားနိုင်ခြင်ပင်ဖြစ်တော့သည်။ကျွန်ုပ်တို့၏စိတ်ကို ပျော်ရွှင်စွာထားနိုင်အောင် ကြိုးစားသင့်ပါသည်။ စိတ်ပျော်ခြင်းသည် ကံကောင်းခြင်းပင်ဖြစ်သည်။ ကံကောင်းမှုတွေနှင့်အတူ ကြိုးစားအားထုတ်နိုင်မယ်ဆိုလျှင် အောင်မြင်သော သူတစ်ယောက်ဖြစ်တော့မည်မှာ မလွဲဧကန်ဖြစ်သည်။
Credit Photo Facebook
Leave ကောင်းမွန်သောစိတ်ထား (၃) to:
Read more #esteem posts
Best Posts From waku
We have not curated any of waku's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.