waku avatar

ကြိုးစားမှုနှင့် မခံချင်စိတ်

waku

Published: 10 May 2018 › Updated: 10 May 2018ကြိုးစားမှုနှင့် မခံချင်စိတ်

ကြိုးစားမှုနှင့် မခံချင်စိတ်

မခံချင်းတဲ့စိတ်ဟာ အမှန်ကိုမြင်နိုင်တဲ့စိတ်တစ်မျိုးဖြစ်တယ်။ ကောင်းတဲ့အရာဘက်ကို အလေးထား မခံချင်စိတ်မျိုးထားရှိသင့်ပါတယ်။မခံချင်စိတ်နဲ့ အနိုင်လိုချင်စိတ်က ကွာခြားပါတယ်။ အနိုင်လိုချင်စိတ်က သူများကို ဘယ်လို နှိမ့်ချပြီးမှ အနိုင်ယူမယ်၊ သူများကို အနိုင်ကျင့် စိတ်ယုတ်ညံ့ ထားရှိကာ အနိုင်ကျင့်တာ၊ သူများရဲ့ကောင်းမွန်တဲ့ လုပ်ရက်တွေ ဖျက်စီးလိုက်တာမျိုးကို ဆိုလိုပါသည်။ မခံချင်စိတ်မျိုးဆိုတာ ဘက်တူရင် လူမရွေးဘဲ ယှဉ်ပြိုင်ချင်တဲ့ စိတ်သာဖြစ်ပါတယ်။ သူများလုပ်တက်ရင် ကိုယ်ရော ဘာလို့ မလုပ်နိုင် ၊ မဖြစ်နိုင်ရမှာလဲဆိုတဲ့စိတ်မျိုးနဲ့သာ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။
မခံချင်းစိတ်ဆိုတာ အလင်းရောင်နှင့်တူပါတယ်။ မခံချင်စိတ်ကြောင့် ဇွဲ၊ လုံ့လထား၊ ဝီရိယအား၊ စိတ်ထားကောင်းကောင်းထားတက်၊ ညဏ်မျက်စိပါ လင်းလာအောင် ပြုတက်သည်။ မခံချင်စိတ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်နိုင်ရာမှာသာ မခံချင်စိတ်ထားရမှာ ဖြစ်ပါတယ်။ မဖြစ်သင့် မဖြစ်နိုင်တာမျိုးတော့မှာတော့ မခံချင်စိတ်မထားပါနှင့်။မခံချင်စိတ်ဆိုတာ မိမိအတွက်အကျိုးရှိမယ့်နေရာမှာသာ ထားရပါမယ်။ ကိုယ်အတွက်အကျိုးရှိမဲ့နိုင်စေမဲ့ပုံရှိနေရင် လုံးဝမထားပါနှင့်။မခံချင်စိတ်မှန်ကန်မှုရှိနေရင် အဲသည်လူဟာ ဦးနှောက်အား ၊နှလုံးအား၊ အာရုံကြောအားတွေတောင် ကောင်းလာပါတယ်။ ဘာကြောင့်လဲဆိုရင် အ့သည်လူဟာ စိတ်ဓာတ်အားတွေ ကေားမွန်နေလို့ပါ။လူတစ်ယောက်မှာ မခံချင်စိတ်ဝင်လာရင် ကိုယ့်ကိုယ်ကို ပြုပြင်လာတယ်။ မှန်ကန်သောလမ်းကြောင်းကို ရှာဖွေလုပ်ကိုင်လာတယ်။ ကြိုးစားအားထုတ်လာတယ်။ ထို့ကြောင့် မခံချင်စိတ်ဟာ သိပ်ကိုကြိုးစားချင်တဲ့စိတ်မျိုးဖြစ်ပါတယ်။ လူတိုင်းအားလုံးလဲ ကောင်းမွန်တဲ့ မခံချင်စိတ်မျိုး ထားရှိသင့်ပါတယ်။
image

Photo Credit : Original source

Leave ကြိုးစားမှုနှင့် မခံချင်စိတ် to:

Written by

Read more #esteem posts


Best Posts From waku

We have not curated any of waku's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From waku