လူတွေ၏စိတ်သဘော
စိတ်တွင်းရှိ အတွေးအကြံတို့သည် ကျွန်ုပ်တို့အားဖန်ဆင်းတယ်။ကျွန်ုပ်တို့၏ လက်ရှိအဖြစ်သည် ကျွန်ုပ်တို့၏ စိတ်အာရုံ၌ တည်ရှိခဲ့သည့် အတွေးအကြံတို့၏ စီမံဖန်တီးထားမှုများသာဖြစ်သည်။ လူတစ်ယောက်၏ စိတ်အာရုံ၌ မကောင်းဆိုးဝါး အတွေးအကြံများ ရှိတက်ပါတယ်။ ထိုသူထံသို့ ဆင်းရဲဒုက္ခသည် နွားနောက်က လိုက်လာသည့် လှည်းဘီးပမာ မခွာတမ်း လိုက်ပါတယ်။ အကယ်၍ လူတစ်ယောက်းည် စင်ကြယ်သော အတွေးအကြံအားဖြင့်သာ တည်ကြည်စွာ နေထိုင်မူ ချမ်းသာသုခသည် သူ၏ နောက်မှ အရိပ်ပမာ ထက်ကြပ်လိုက်ပါပေမည်ဟု တွေးခေါ်ရှင် (ဂျိမ်းအယ်လင်)က ဆိုပါသည်။
စိတ်ချမ်းသာ ပျော်ရွှင်မှု ရရှိလိုကုံသက်သက်ဆိုလျှင် မခက်။ အလြားသူများထက် ပို၌ စိတ်ချမ်းသာပျော်ရွှင်လိုသည် ဆိုသောအခါ၌သာ ကျွန်ုပ်တို့အတွက် ခက်လာရခြင်းဖြစ်သည်။ အကြောင်းမူ ကျွန်ုပ်တို့၏ စိတ်၌ အခြားသူများအား သူတို့ အမှန်တကယ် ပျော်ရွှင်နေကြသည်ထက် ပို၍ထင်မြင်မိတက်ကြသောကြောင့်ပါဟု (မွန်တက်စကျူး)က ကြံကြံဖန်ဖန် နက်နက်ရှိုင်းရှိုင်း တွေးခေါ်ခဲ့ပါသည်။
တစ်ခါတစ်ရံ သင်တို့၏စေတနာ ကိုယ်ချင်းစာစိတ်နှင့် အကောင်းလုပ်ပေးလည်း မကောင်းထင်ရင် ထင်တက်သည်။ သင်တို့၏ စေတနာစိတ်ကို သူ၏သိမ်ငယ်တဲ့ အသိညဏ်က လိုက်မမှီသောကြောင့်ဖြစ်ပါသည်။ စိတ်သည် ဗီဇအရပင် ဆင်းရဲသောအရာမှ နောက်ဆုတ်စမြဲဖြစ်လေရာ ပျော်ရွှင် ကြည်နူးမှုသည်လည်း မတည်မြဲခင်း အတွေးအယု၏ အနှောက်အယှက်ကို ခံရတက်လေသည်။
Credit Photo Original source
Leave လူတွေ၏စိတ်သဘော to:
Read more #esteem posts
Best Posts From waku
We have not curated any of waku's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.