Tin Aung Soe avatar

Trip River View

tin.aung.soe

Published: 12 Jun 2026 › Updated: 12 Jun 2026Trip River View

Trip River View

Hello friends.

Yesterday I went on a short trip.
It wasn't a pleasure trip.
I was taking my wife shopping for clothes.
We were buying clothes to resell and then delivering them to the area where they would be sold.

I chose the route that crossed the Duhtawaddy River by boat.
There are two routes from the village where I live to Mandalay.
The route that crossed the Duhtawaddy River by boat is shorter but more expensive.
However, I chose that route to get there faster.

On the way back, I enjoyed the beauty of nature while riding the boat.
Instead of being afraid of the river, I was happy to see the beauty of the clouds above the river.
I took pictures so that others could see and enjoy the beauty of the clouds.
That's why I'm sharing the beautiful pictures of nature here today.
May my friends be peaceful and happy.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

မနေ့က ခရီးတိုတစ်ခု ထွက်ဖြစ်ခဲ့သည်။
အပျော်အပါးသွားသည့် ခရီးတော့ မဟုတ်ပါ။
ဇနီးသည် အဝတ်အထည်များ ဝယ်ယူသည်ကို လိုက်ပို့ခြင်း ဖြစ်သည်။
ပြန်လည်ရောင်းချရန် အဝတ်အထည်များ ဝယ်ယူပြီး ရောင်းချမည့်ဒေသသို့ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

ထိုလမ်းခရီးအား ဒုဌဝတီမြစ်အား စက်လှေကြီးဖြင့် ဖြတ်သန်းကာ သွားရသော လမ်းကို ရွေးချယ်ဖြစ်ခဲ့သည်။
ကျွန်တော် နေထိုင်ရာ ကျေးရွာမှ မန္တလေးမြို့သို့ သွားသော လမ်းကြောင်း နှစ်ခု ရှိပါသည်။
ဒုဌဝတီမြစ်ကို စက်လှေဖြင့် ဖြတ်ရသော လမ်းကြောင်းသည် ပိုမို တိုတောင်းသော်လည်း စက်လှေခ ကုန်ကျပါသည်။
သို့ပေမယ့် ခရီးရောက်မြန်စေရန် ထိုလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။

အပြန်လမ်း စက်လှေ စီးနေရင်း သဘာဝအလှကို ခံစားကြည့်ရှုဖြစ်ခဲ့ပါသည်။
စက်လှေ စီးရင်း မြစ်ရေကို ကြောက်သည့်စိတ် အစား မြစ်ပြင်အထက်က တိမ်တွေ၏အလှကို ကြည့်ရှုကာ သာယာနေလိုက်ပါသည်။
ထိုစဉ် မိမိ ကြည့်ရှုခံစားမိသော တိမ်တွေ၏ အလှကို အခြားသူများ ကြည့်ရှုခံစားနိုင်စေရန် ဓာတ်ပုံရိုက်ယူဖြစ်ခဲ့သည်။
ဒါကြောင့်သာပဲ ယနေ့မှာတော့ သဘာဝအလှပုံများကို ဒီမှာ မျှဝေပေးလိုက်ပါတယ်။
မိတ်ဆွေများ ငြိမ်းချမ်းသာယာကြည်နူးနိုင်ကြပါစေ။

Leave Trip River View to:

Written by

Read more #hive-197685 posts


Best Posts From Tin Aung Soe

We have not curated any of tin.aung.soe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Tin Aung Soe