Tin Aung Soe avatar

Rural Nature and Herons

tin.aung.soe

Published: 13 Jun 2026 › Updated: 13 Jun 2026Rural Nature and Herons

Rural Nature and Herons

Hello friends.

Yesterday evening, I visited a friend's farm.
He was plowing the field with a tractor to plant peanuts for the rainy season.

It was getting dark in the evening as the sun was setting.
I saw herons gathering food in rows behind the tractor.
Herons are always taking advantage of opportunities.
The herons probably picked up the insects that emerged from the plowing of the soil and the seeds left over from the previous season.

I also seized the opportunity.
I was able to take photos of the beautiful countryside in the evening, the wild nature, and the herons gathering food.

That's why today, the Feathered Friends Community was able to share natural photos of herons foraging in the evening.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

မနေ့ညနေက မိတ်ဆွေတစ်ဦး၏ ယာခင်းဘက်သို့ ရောက်ဖြစ်ခဲ့ပါသည်။
မိတ်ဆွေသည် မိုးရာသီ မြေပဲ စိုက်ပျိုးရန် ယာခင်းကို ထွန်စက်ဖြင့် ထွန်ယက်နေခြင်း ဖြစ်ပါသည်။

ညနေခင်း နေဝင်ချိန် မှောင်စပြုနေပြီ။
ထွန်စက် နောက် တန်းစီလျက် ဗျိုင်းငှက်များ အစာကောက်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။
ဗျိုင်းငှက်များသည် အခွင့်အရေးကို အရအမိ ယူတတ်ကြသည်။
မြေလွှာကို ထွန်စက်ဖြင့် ထွန်ယက်လိုက်ရာမှ ပေါ်ထွက်လာသော ပိုးမွှားများ၊ ပြီးခဲ့သော ရာသီက ကျကျန်ခဲ့သော မျိုးစေ့များကို ဗျိုင်းငှက်များက ကောက်ယူစားကြခြင်း ဖြစ်မည်။

ကျွန်တော်သည်လည်း ရရှိလာသော အခွင့်အလမ်းကို ဖမ်းယူဖြစ်ခဲ့သည်။
ညနေခင်း ကျေးလက်သဘာဝ အလှ၊ တောသဘာဝ ဗျိုင်းငှက်များ၏ အစာကောက်ယူပုံများကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။

ဒါကြောင့်သာပဲ ယနေ့မှာတော့ Feathered Friends Community ၌ ညနေခင်း အစာကောက်နေကြသော ဗျိုင်းငှက်များ၏ သဘာဝဓာတ်ပုံများကို ဖော်ပြပေးနိုင်ခဲ့ပါသည်။

Leave Rural Nature and Herons to:

Written by

Read more #hive-106444 posts


Best Posts From Tin Aung Soe

We have not curated any of tin.aung.soe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Tin Aung Soe