Tin Aung Soe avatar

စိန်ပန်းနီတွေ မြင်ရပါလျှင်

tin.aung.soe

Published: 16 Jun 2026 › Updated: 16 Jun 2026စိန်ပန်းနီတွေ မြင်ရပါလျှင်

စိန်ပန်းနီတွေ မြင်ရပါလျှင်

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ယခုချိန်သည်ကား အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်ကာလ ဖြစ်ပါသည်။
တက္ကသိုလ်ကျောင်းတော်ကြီးများလည်း ဖွင့်လှစ်နေပြီ ဖြစ်ပါသည်။
စိန်ပန်းတွေလည်း တပင်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ဝေဆာစွာ ပွင့်နေကြပြီ ဖြစ်ပါသည်။

စိန်ပန်းနီတွေ မြင်ရတိုင်း ကျွန်တော်သည် တွံတေးသိန်းတန် ၏ ချစ်ရက်ရှည်ရှည်အင်းလျားမြေ အမည်ရသော သီချင်းကို သတိတရ ဆိုညည်းဖြစ်ပါသည်။
"ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ၊
ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာ နယ်မြေ၊ တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်သာမြေ"

ယခင်ကလို ဆိုလျှင်တော့ ဒီသီချင်းလေးနှင့်အတူ Rising Star game ကစားကာ Gaming Activity post တင်ဖြစ်လိမ့်မည်။
ယခုတော့ RS game က ကစားလို့ မရသေးတော့ ဒီအတိုင်းသာ စိန်ပန်းနီပွင့်တွေကို ဓာတ်ပုံရိုက်ကာ တင်ပြလိုက်ပါတယ်။

Leave စိန်ပန်းနီတွေ မြင်ရပါလျှင် to:

Written by

Read more #hive-122133 posts


Best Posts From Tin Aung Soe

We have not curated any of tin.aung.soe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Tin Aung Soe