Tin Aung Soe avatar

The Baby Herons in Monastery

tin.aung.soe

Published: 04 Jul 2026 › Updated: 04 Jul 2026The Baby Herons in Monastery

The Baby Herons in Monastery

Hello friends.

I visited a monastery near the village where I live this morning. There are large, old tamarind trees in the monastery grounds.

Herons live and build their nests on those big tamarind trees.
So, there are white heron droppings under the trees.
In the morning, the baby herons are walking under the trees.
The baby herons are not yet able to fly well, so they do not fly away even when I get close to them.

So I turned on my phone camera and took pictures of the heron nests.
The smell of heron droppings was so bad.
It was amazing that the monks welcomed herons into the monastery grounds.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ကျွန်တော် နေထိုင်သည့် ကျေးရွာအနီးက ဘုန်းကြီးကျောင်း သို့ မနက်က ရောက်ဖြစ်ခဲ့သည်။ ထိုဘုန်းကြီးကျောင်းဝင်း အတွင်း၌ သက်တမ်းရင့် မန်းကျည်းပင်ကြီးများ ရှိကြပါသည်။

ထိုမန်းကျည်းပင်ကြီးများ ပေါ်၌ ဗျိုင်းငှက်များ အသိုက်ဆောက်ကာ နေထိုင်ကြပါသည်။
သို့ဖြစ်၍ အပင်အောက်၌ ဗျိုင်းချေးများ ဖြူဖွေးနေပါသည်။
မနက်ကတော့ ဗျိုင်းအကောင်ပေါက်များသည် သစ်ပင်အောက် လမ်းလျှောက်နေကြပါသည်။
ဗျိုင်းပေါက်စလေးများသည် ကောင်းစွာ မပျံသန်းနိုင်ကြသေးသောကြောင့် ကျွန်တော် ၎င်းတို့အနား ရောက်သော်လည်း ပျံမပြေးကြပါ။

သို့ဖြစ်၍ ကျွန်တော်လည်း Phone Camera ဖွင့်ကာ ဗျိုင်းပေါက်များကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ဗျိုင်းချေး အနံ့များကတော့ နံပါသည်။
ဘုန်းကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဗျိုင်းငှက်များကို လက်ခံထားသည်မှာ အံ့ဩစရာပင်။

Leave The Baby Herons in Monastery to:

Written by

Read more #hive-106444 posts


Best Posts From Tin Aung Soe

We have not curated any of tin.aung.soe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Tin Aung Soe