တစ်ဖက်သတ်
မိန်းကလေးရယ်
လှပတဲ့ မင်းအပြုံးတွေနဲ့
ဖမ်းစားညှို့ယူ ဆွဲငင်သလား
အတွေးထဲမှာ မင်းမျက်နှာ
ရွှန်းလဲ့နေသော မျက်ဝန်းများနဲ့
တည်ငြိမ်လွန်းသော မူယာတွေကို
အိပ်မက်ထဲထိ သယ်ဆောင်မိတဲ့
ငါ့ကိုငါလည်း ပြစ်တင်ဖို့တော့
မဖြစ်နိုင်ပါ
ပိုင်ရှင်မသိဘဲ စွမ်းလန်းရတဲ့
တစ်ဖက်သတ် အချစ်က
ငါ့အတွက်တော့
အလစ်သုတ်တဲ့ လူဆိုးပမာ
လိပ်ပြာမလုံ ဖြစ်ရပြီပေါ့
အချစ်ဆိုတာ ရယူခြင်းမဟုတ်
ဆိုရိုးစကား ဖက်တွယ်ထားကာ
ရင်မှာကျိတ်ပျော် နှစ်သိမ့်မြဲပါ
အသေအချာဆုံး စကားတစ်ခွန်း
ပြောပြရ ရင် မင်းကလွှဲပြီး
ငါ့ရင်ထဲကို ဝင်လာနိုင်သူ
မရှိတော့ပါ
ငါ့ချစ်ဆုံးက မင်းတစ်ယောက်သာ
ဖြစ်လို့နေမှာ ထာဝစဉ်ပါကွယ်
Writter@theizawlin
MSC - 128
Leave တစ်ဖက်သတ် to:
Read more #myanmar posts
Best Posts From သိန်းဇော်လင်း
We have not curated any of theinzawlin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.