ကျွန်တော်နှင့်အားလပ်ရက်
မင်္ဂလာပါ Steemit မှ မိတ်ဆွေများ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
ကျွန်တော့ရဲ့အားလပ်ရက်အကြောင်းပြန်လည်ဆက်ပါရစေဦးဗျ။
ကျွန်တော်လည်း ဇရပ်ပေါ်တွင် ခဏလေးနားကာ အမောဖြေပြီးနောက် အထက်စက်တော်ရာဘုရားရင်ပြင်ပေါ်သို့ တက်ရောက်ဖို့ရန် ပြင်ဆင်လိုက်ပါတော့သည်။ကျွန်တော်ဇရပ်ပေါ်မှ ဆင်းပြီး ဘုရားဘက်သို့လှည့်လိုက်ချိန်တွင် ဇရပ်နှင့်ကပ်လျက်တွင် ဘုရားဖူးပြည်သူများ သောက်သုံးရေများရရှိနိုင်ရန် လှူဒါန်းထားကြသော စတီးရေတိုင်ကီတစ်လုံးအား ၀မ်းသာအားရဖွယ်ရာ တွေ့မြင်ခဲ့ရပြန်သည်။သို့ပေမယ့်လည်း ကံဆိုးနေသည်က ထိုရေတိုင်ကီတွင် ရေပိုက်များတပ်ဆင်ထားခြင်းရှိမနေခြင်းပါ။ကျွန်တော်အထင်ပြောရရင်တော့ ရေတိုင်ကီအလှူရှင်က တိုင်ကီကိုလှူဒါန်းထားပြီး ရေတင်နိုင်ဖို့ရန် ပိုက်များလှူဒါန်းတပ်ဆင်ဖို့ရန် အခက်အခဲများရှိနေသည်ဟု ထင်မြင်မိပါသည်။ကျွန်တော်တို့ သိသလောက် ဤနေရာဤဒေသတွင် တောတောင်များမြင့်လွန်းပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရေရရှိရန်မှာ အနည်းငယ်အခက်အခဲရှိနေပါသည်။
ဘုရား၏အောက်ဘက်တောင်စောင်းအတိုင်းဆင်းသွားပါက တောင်အောက်တွင်စမ်းချောင်းကလေးတစ်ခုတော့ရှိနေပါသည်။ထိုစမ်းချောင်းမှာတော့ နွေရာသီဆိုလျှင် ရေများခမ်းခြောက်သွား ရေများက ဟိုတစ်အိုင်ဒီတစ်အိုင်ဖြင့် တင်ကျန်နေသည်များသာ ရှိနေတတ်ပါသည်။ထိုစမ်းချောင်းမှရေတင်ယူမည်ဆိုလျှင် ထိုစမ်းကလေးအား ဘိလပ်မြေအခိုင်အမာများဖြင့် ကျောက်တုံးကြီးများစီကာ ရေလှောင်နိုင်မှအဆင်ပြေလိမ့်မည်။ရေလှောင်နိုင်ကျောက်တုံးကြီးများမှာ နွေရာသီတွင် အဆင်ပြေနိုင်သော်လည်း မိုးရာသီတွင်တော့ ရိုးပေါ်မှ စီးဆင်းလာသည့်တောင်ကျရေများကို ခုခံကာကွယ်တားဆီးနိုင်ဖို့ရန် အတော်ပင်ခက်ခဲပေလိမ့်မည်။ထို့ကြောင့်လည်း အခုတိုင်ကီကြီးတွင် ရေပိုက်များတပ်ဆင်ထားခြင်းမရှိသည်ကို တွေ့မြင်ရခြင်းဖြစ်နိုင်ပါသည်။ကျွန်တော်တို့တက်လာခဲ့ရာ လမ်းတွင်ဖြတ်လာခဲ့သော အောက်စက်တော်ရာနားက ချောင်းကရေကိုတင်ယူမည်ဆိုပါကလည်း တောင်ကမြင့်လွန်းလှသဖြင့် တော်ရုံအင်ဂျင်ဖြင့်တက်နိုင်မည်မဟုတ်ပြန်။ထို့ကြောင့်အပေါ်တွင် ရေရရှိရန်အတော်ကလေး အခက်အခဲရှိနေပါတော့သည်။
ကျွန်တော်လည်းထိုတိုင်ကီကြီးကို ကြည့်ကာ တိုင်ကီကြီးတွင်ရေပိုက်များကို အဆင်ပြေချောမွေ့စွာတပ်ဆင်နိုင်ဖို့ရန် အလှူရှင်ကြီးများ မြန်မြန်ပေါ်ပေါက်လာနိုင်ပါရန်ဆုတောင်းနေရုံမှတစ်ပါး ဘာမှတော့လုပ်ပေးနိုင်ခြင်းမရှိခဲ့ပါ။ကျွန်တော်ထိုရေတိုင်ကီကြီးကျော်လွန်ကာ ခြေလှမ်းများလှမ်းလိုက်ချိန်တွင်တော့ ဘုရားဖူးဧည့်သည်များ ခေါင်းလောင်းထိုးလှူဒါန်းမှုများပြုလုပ်နိုင်ရန် ခေါင်းလောင်းတစ်ခုအား အလှူရှင်မိသားစုတစ်စုမှလှူဒါန်းထားသည်ကိုလည်း ၀မ်းသာကြည်နူးဖွယ်တွေ့ရှိရပြန်ပါသည်။ဘုရားဖူးပြည်သူများကလည်း မိမိတို့သဒ္ဒါတရားရှိရင်ရှိသလောက် တတ်နိုင်သလောက်လေး လှူဒါန်းထားသည်များကိုတွေ့ရှိပုံထောက်လျှင်တော့ တဖြည်းဖြည်းတော့ ဤဘုရားသို့လာရောက်ဖူးမြော်ကြသူများပြားလာသည်ကို တွေ့ရှိရပါတော့သည်။
ကျွန်တော်ထိုကျောက်ခဲလေးများကို တင်ပြီးနောက် တောင်အောက်သို့ပြန်လည်ဆင်းလာကြပါတော့သည်။ကျွန်တော်တို့သည် အောက်ဘက်သို့ပြန်ဆင်းသောအခါတွင် အတက်တုန်းကလိုမျိုး ပင်ပန်းခြင်းအလျဉ်းမရှိတော့ပေ။အဆင်းပေမို့ သာသာယာယာ အေးအေးဆေးဆေးပင်ဆင်းလာခဲ့ကြပေတော့သည်။
သူတို့လည်း ဓါတ်ပုံရိုက်ပြီး အောက်စက်တော်ရာဘုရားသို့ ဆက်လက်သွားကြပြန်ပါသည်။အောက်စက်တော်ရာသို့ သွားရောက်ရာ လမ်းကလေးကိုတော့ ဘုရားပြည်သူများ အလွယ်တကူဖြတ်သန်းသွားလာနိုင်ရန်အတွက် ၀ါးခြမ်းပြားကို အခင်းကလေးများပြုလုပ်ကာ တံတားကလေးအဖြစ်ပြုလုပ်ပေးထားသည်ကို တွေ့ရှိရပြန်ပါသည်။ဒေသခံများပြောပုံအရတော့ ထိုဝါးတံတားလေးများကို နှစ်စဉ်ပြုလုပ်ရသည်ဟု သိရှိရပြန်ပါသည်။ထိုသို့သွားလာဖို့ရန်အတွက် တံတားများကိုအခိုင်အမာပြုလုပ်ထားရန်လည်း မလွယ်ကူလှပေ။ကျွန်တော်တို့ မိုးရာသီများတွင် ထိုချောင်းသည်လည်း ရိုးမပေါ်မှစီးဆင်းလာသော တောင်ကျရေများကြောင့် ဘုရားခြေတော်ရာတည်ရှိရာ ကျောက်ဆောင်ကြီးသည်ပင် နစ်မြုပ်သွားရသည်ဟု ပြောကြပြန်ပါသည်။ထို့ကြောင့်လည်း ၀ါးတံတားလေးများကိုပင် နှစ်စဉ်နှစ်တိုင်းပြုလုပ်နေရသည်ဟု သိရှိခဲ့ရပါသည်။
ကျွန်တော်တို့လည်း ဘုရားတွင်ထပ်မံအနားယူပြီးနောက်ပြန်လည်ဆင်းလာကြပါတော့သည်။
စာဖတ်သူ ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။
Writter @theinzawlin
MSC - 128
Leave ကျွန်တော်နှင့်အားလပ်ရက် to:
Read more #myanmar posts
Best Posts From သိန်းဇော်လင်း
We have not curated any of theinzawlin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.