သိန်းဇော်လင်း avatar

ကျွန်တော်၏ အတွေးအမြင်လေးများ

theinzawlin

Published: 26 May 2018 › Updated: 26 May 2018ကျွန်တော်၏ အတွေးအမြင်လေးများ

ကျွန်တော်၏ အတွေးအမြင်လေးများ

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရင်ဆိုင်ဖြေရှင်းနေရသော ကိစ္စရပ်များကို အဆင်ပြေချောမွေ့စေဖို့ရန်အတွက် အရေးကြီးဆုံးသောအရာမှာ စိတ်ပင်ဖြစ်ပါသည်။

Buddha-Weekly-0Flower-of-Mind-_l_32735708.jpg

Image Credit Source

ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရသော ကာလများတွင် စိတ်သည်သာလျှင် အဓိကကျသော နေရာမှာရှိနေပါသည်။ဘယ်အရာတွေကိုဘဲ လုပ်ကိုင်လုပ်ကိုင် စိတ်ကြည်လင်ဖြူစင်နေဖို့က အလွန်အရေးကြီးလှပေသည်။ကျွန်တော်တို့၏ စိတ်တွင် စိတ်ထွေးမှုများစွာရှိနေလျှင် ဘယ်အရာကိုပင်လုပ်ကိုင်လုပ်ကိုင် အဆင်မပြေမှုများကိုသာ ရင်ဆိုင်ရပေလိမ့်မည်။ခက်ခဲသော ကိစ္စရပ်များကို ဖြေရှင်းဖို့ရန်မှာလည်း ကျွန်တော်တို့၏ စိတ်သည် စိတ်လှုပ်ရှားမှုများကို ဦးစားမပေးဘဲ တည်ငြိမ်နေဖို့လိုအပ်ပေသည်။မည်သည့်ကိစ္စမဆို စိတ်လှုပ်ရှားစွာလုပ်ကိုင်ပါက အရာရာကိုမှားယွင်းသော ဘက်သို့ပြောင်းလဲသွားပေလိမ့်မည်။မိမိလိုချင်သော ရည်မှန်းချက်ပန်းတိုင်ကိုလည်း တိကျသော အချိန်နှင့် တိကျသောအဖြေကိုရရှိနိုင်လိမ့်မည် မဟုတ်ပေ။
ကျွန်တော်တို့၏ စိတ်သည်အလွန်တရာကို အရေးကြီးသည်ဆိုသည့်အတိုင်း စိတ်သာတည်ငြိမ်နေမည်ဆိုလျှင် ကျွန်တော်တို့ဖြစ်ချင်သော ဘယ်အရာကိုမဆို အောင်မြင်စွာလုပ်ဆောင်နိုင်ပေလိမ့်မည်။စိတ်၏လိုအင်ဆန္ဒသည် လွန်စွာကြီးမားလှပါသည်။ထို့ကြောင့် အင်အားကြီးမားလှသော ကျွန်တော်တို့၏ စိတ်သည် ကောင်းသောဘက်တွင်ရပ်တည်နိုင်ဖို့ရန် သတိထားရပေမည်။ကျွန်တော်တို့ ကောင်းသောအလေ့အကျင့်များကို စိတ်မနောကြည်လင်စွာ စဉ်းစားမည်ဆိုပါကလည်း မိမိပြုလုပ်လိုက်သော အရာဟူသမျှသည် သူတစ်ပါးအတွက် အလွန်ကိုအကျိုးရှိစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။စိတ်မနောကြည်လင်ချိန်တွင် တစ်စုံတစ်ဦးမှ မိမိအပေါ်ပြောဆိုဝေဖန်မှုများကိုလည်း အကောင်းမွန်ဆုံးအနေအထားဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ပေလိမ့်မည်။

untitled.jpg

Image Credit Source

ကျွန်တော်တို့၏ စိတ်များကြည်လင်မှုမရှိဘဲ ရှုပ်ထွေးနေချိန်များတွင်တော့ မျက်စိအမြင်ထဲဝင်လာသမျှ ဘယ်လောက်ပင် ကောင်းနေပါစေ မကောင်းသောဘက်ကိုဘဲ ဦးတည်သွားပေလိမ့်မည်။ဘယ်သူတွေ ဘာကိုပင်ကောင်းသည်ပြောပြော ကျွန်တော်တို့က မကောင်းသောဘက်ကိုဘဲ အာရုံရောက်သွားပေလိမ့်မည်။ကျွန်တော်တို့၏ စိတ်သည် အရမ်းလှုပ်ရှားလွန်းသောအခါများတွင် ဘယ်အရာကိုမဆို မှန်ကန်မှုမရှိဘဲ ၊ မစဉ်းစားဘဲဆုံးဖြတ်ချက်များကို မှားယွင်းစွာပြုလုပ်ကြပေလိမ့်မည်။ရင်ဆိုင်လာရသော မည်သည့်ကိစ္စများကိုမဆို စိတ်အေးအေးထားကာ စဉ်းစားမည်ဆိုပါက အရာရာတိုင်းကို အောင်မြင်စွာဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုကဲ့သို့ စိတ်၏အထားအသိုလိုအပ်ချက်များကို တွေ့ဆုံမြင်တွေ့ခဲ့ရသောကြောင့်ဖြစ်ပါသည်။ထိုသို့တွေ့ကြုံခဲ့သော အဖြစ်အပျက်များအားပြန်လည်မျှဝေပေးချင်သော စိတ်များက ကျွန်တော့အတွေးထဲတွင် များစွာနေရာယူစိုးမိုးလျက်ရှိနေခဲ့ပါသည်။ထိုအကြောင်းအရာမှာ အပြင်မှာဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုတော့မဟုတ်ခဲ့ပါ။

2013-10-02_52638.png

Image Credit Source

ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများ နေ့စဉ်ကြည့်ရှုနေကြသော SKYNET ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော အားကစားပွဲတစ်ခုဖြစ်ပါသည်။
ထိုနေ့က ကျွန်တော်သည် ရုံးမှပြန်ဆင်းချိန်တွင် ရုံးမှလုပ်ဖော်ကိုင်ဖက်များနှင့် ဘောလုံးကစားဖို့ရန် ချိန်းဆိုထားခဲ့ပါသည်။ကျွန်တော်လည်း အိမ်သို့ပြန်ရောက်ပြီး အ၀တ်အစားများလှဲကာ ဘောလုံးကစားဖို့ရန်ထွက်လာသောအချိန်တွင် လမ်းထိပ်ကအစ်ကိုတစ်ယောက်နဲ့တွေ့ဆုံဖို့ရန် လဘက်ရည်ဆိုင်သို့ ခဏ၀င်ရောက်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်နေသော အားကစားပွဲတစ်ခုကို ကြည့်ရှုခံစားမိပါတော့သည်။

download (1).jpg

Image Credit Source

ထိုအားကစားပွဲကတော့ အမျိုးသမီးဘော်လီဘော အားကစားပွဲတစ်ခုဖြစ်နေပါတော့သည်။ထိုအားကစားပွဲအား ကျွန်တော်နှင့်အတူလဘက်ရည်ဆိုင်မှ ဦးလေးကြီးပါ စိတ်ပါဝင်စားစွာဖြင့်အားပေးနေခဲ့ပါတော့သည်။ထိုပွဲစဉ်မှာ ဆားဘီးယားအမျိုးသမီးအသင်းနှင့် ပိုလန်အမျိုးသမီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသော ဘော်လီဘောအားကစားပွဲတစ်ပွဲဖြစ်နေခဲ့ပါသည်။ကျွန်တော်တို့စတင်ကြည့်ရှုချိန်မှာတော့ နှစ်ဖက်စလုံးက အကြိတ်အနယ်ဖြစ်နေပါတော့သည်။ပထမပွဲမှာတော့ ပိုလန်အမျိုးသမီးအသင်းက နိုင်ထားပုံရပါသည်။ဆားဘီးယားအသင်းကတော့ အရှုံးထဲမှ ပြန်လည်ရုန်းထွက်ဖို့ကို တစ်သင်းလုံးကြိုးစားနေကြပါတော့သည်။ဆားဘီးယားအသင်း၏ ကစားပုံများကို ကျွန်တော်အလွန်နှစ်သက်သဘောကျနေပါတော့သည်။ကျွန်တော်လည်း ဘယ်အသင်းရယ်လို့တော့မဟုတ် အစကအမှတ်မထင်ကြည့်နေရာကနေ ဆားဘီးယားအသင်းကို အားပေးဖြစ်ခဲ့ပါတော့သည်။ကျွန်တော်ဘာကြောင့် ဆားဘီးယားအသင်းကို ကြိုက်နှစ်သက်သွားသလဲဆိုရင် သူတို့အသင်း၏ စည်းလုံးညီညွတ်မှုများကြောင့်ဖြစ်နေခဲ့ပါတော့သည်။
ကျွန်တော်ထိုပွဲကိုကြည့်နေစဉ်မှာဘဲ သူတို့၏စိတ်ကလေးများသည် အလွန်ပင်လေးစားဂုဏ်ယူစရာဖြစ်နေခဲ့ပါတော့သည်။သူတို့သည် အရှုံးနှင့်ရင်ဆိုင်နေရသော်လည်း သူတို့သည် စိတ်အရမ်းကြီးလှုပ်ရှားသွားခြင်းမျိုးမပြပါဘဲ အေးဆေးတည်ငြိမ်စွာပင် ယှဉ်ပြိုင်ကစားနေကြပါတော့သည်။တစ်ဘက်အသင်း၏ တိုက်စစ်များကို အကောင်းဆုံးကာကွယ်နေကြပုံများက ကြည့်ရှုနေသူကျွန်တော့အဖို့အလွန်ပင်အားကျနေခဲ့မိပါသည်။ထိုသို့ပြိုင်ဆိုင်မှုပြင်းထန်စွာ ကစားနေချိန်မှာပင် ပိုလန်အသင်းမှကစားသမားများသည် စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဘဲ အမှားအယွင်းများဆက်တိုက်ဆိုသလို ပြုမူလာကြပါတော့သည်။စိတ်လှုပ်ရှားမှု ပိုပြင်းထန်လာသည်နှင့်အမျှ ကစားသမားအချင်းချင်း နားလည်မှုများလည်းလွဲလာကာ အချိတ်အဆက်မမိဘဲ ဖြစ်လာပါတော့သည်။
ပြိုင်ဘက်အသင်း၏ အမှားများဆက်တိုက်လုပ်ဆောင်လာမှုများကို ဆားဘီးယားကစားသမားများသည် စိတ်ကိုတည်ငြိမ်စွာစုစည်းကာ အခွင့်အရေးကောင်းများဖန်တီးလာနိုင်သည်ကိုလည်း တွေ့မြင်လာရပါတော့သည်။ဆားဘီးယားအသင်းတစ်သင်းလုံးက လုံးဝတည်ငြိမ်စွာပင် ပြိုင်ပွဲတစ်လျှောက်လုံးအမှားအယွင်းကင်းစွာပင် ပြိုင်ပွဲကိုထိန်းချုပ်လာနိုင်သည်ကို ကျွန်တော်အံ့သြစွာပင်တွေ့မြင်လာရပါတော့သည်။ထိုကဲ့သို့သူတို့၏ လုပ်ဆောင်မှုများသည် စိတ်တည်ငြိမ်လာသည်နှင့်အမျှ အသင်းတစ်သင်းလုံး အချိတ်အဆက်မိလာကာ စည်းလုံးညီညွတ်မှုများလည်း ပိုခိုင်မာလာသည်ကို မြင်လာရပြန်ပါသည်။ကစားသမားအချင်းချင်း နားလည်မှုများပိုမိုရရှိလာကာ တစ်ဘက်အသင်းအား ယှဉ်ပြိုင်နေသည်မှာ လေးစားအားကျစရာအလွန်ကောင်းလာခဲ့ပါသည်။
ဆားဘီးယားအသင်း၏ ကစားပုံကောင်းမွန်လာသော အချိန်တွင် ပိုလန်အသင်းမှာပို၍ပင် တပ်ပျက်လာကြပါတော့သည်။သူတို့နှစ်သင်း၏ အဓိကကျသောအချက်မှာ သူတို့၏ စိတ်နေစိတ်ထားများပင်ဖြစ်သည်ဟု ကျွန်တော်ထင်မြင်လာပါတော့သည်။ဆားဘီးယားအသင်းကတည်ငြိမ်လာသမျှ ပိုလန်အသင်းက ဂယောင်ချောက်ခြားတွေဖြစ်ကာ ကာကွယ်နိုင်လောက်သော ရိုက်ချက်များကိုပင် ကာကွယ်မှုမပြုနိုင်ဘဲ ပြိုင်ဘက်အသင်း၏ ပြုသမျှနုရသောအခြေအနေသို့ ပြောင်းလဲသွားပါတော့သည်။ပြိုင်ပွဲကြာရှည်လာလေ ပိုမိုသိသာထင်ရှားသော စိတ်နေစိတ်ထားများကိုမြင်တွေ့လာရပါတော့သည်။နောက်ဆုံးပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့ ဆားဘီးယားအသင်း၏ အနိုင်ယူမှုကို ပိုလန်အသင်းအနေနဲ့လက်မြောက်အရှုံးပေးလိုက်ရပါတော့သည်။
ထိုပွဲစဉ်အားကြည့်နေရင်းပင် ကျွန်တော်လည်း စိတ်ကိုထိန်းချုပ်သင့်သည်ဆိုသောအသိကို အရင်ကထက်ပိုမိုနားလည်သဘောပေါက်မိပါတော့သည်။ထို့ကြောင့်လည်း စိတ်ကိုထိန်းချုပ်သင့်သည့် အကြောင်းအရာများကို Steemit မှ မိတ်ဆွေများအားဝေမျှရန် အကြံတစ်ခုဖြစ်ပေါ်လာခဲ့ရပါတော့သည်။

h1skfam9wy.jpg

Image Credit Source

ကျွန်တော်တို့၏ မိတ်ဆွေ ၊ ညီအစ်ကိုမောင်နှမများအနေနှင့်လည်း မိမိတို့၏ စိတ်များကို အတတ်နိုင်ဆုံးထိန်းချုပ်ကာ လူ့လောကပတ်ဝန်းကျင်များတွင် ကျင့်ကြံနေထိုင်ကြဖို့ရန် တိုက်တွန်းချင်စိတ်များ အလိုလိုထက်သန်နေခဲ့ရပါတော့သည်။
ကျွန်တော်၏ မိတ်ဆွေ ၊ ညီအစ်ကိုမောင်နှမများသည်လည်း စိတ်ကိုတည်ငြိမ်စွာထိန်းချုပ်နိုင်စွမ်းမရှိသောကြောင့် မှားယွင်းခဲ့ဖူးသည်များလည်း အနည်းနှင့်အများတော့ကြုံကြိုက်ခဲ့ကြပေလိမ့်မည်။ဘယ်အကြောင်းအရာ ၊ ဘာတွေကိုဘဲလုပ်လုပ် စိတ်ကိုအရင်တည်ငြိမ်စွာထိန်းချုပ်လျှင် ပိုမိုကောင်းမွန်သောရလဒ်ကောင်းများကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရကြပေလိမ့်မည်။ထိုသို့ထိန်းချုပ်နိုင်စွမ်းများ မရှိနိုင်ခဲ့လျှင် ပိုလန်အသင်းကဲ့သို့ပင် အရှုံးနှင့်ရင်ဆိုင်တွေ့ကြုံကြရမည်မှာ မလွှဲဧကန်ပင်ဖြစ်ပေလိမ့်မည်။ထို့ကြောင့်ကျွန်တော်၏ မိတ်ဆွေများ မိမိတို့ရှင်သန်ရာ လောကပတ်ဝန်းကျင်တွင် အောင်မြင်သောလူစွမ်းကောင်းများဖြစ်နိုင်ကြဖို့ရန် စိတ်သာအဓိကကျသည်ဟု ခံစားမိသော ကျွန်တော်၏အတွေးအမြင်လေးများကို ဤတွင်ခေတ္တနိဂုံးချုပ်ပါရစေ။
စာဖတ်သူ မိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းရင်းး

Writter theinzawlin@theinzawlin
MSC - 128

Leave ကျွန်တော်၏ အတွေးအမြင်လေးများ to:

Written by

စေတနာကောင်းမှ ကံကောင်းမည်

Read more #myanmar posts


Best Posts From သိန်းဇော်လင်း

We have not curated any of theinzawlin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From သိန်းဇော်လင်း