SHWE TOE avatar

My Life Experiences

shwetoe

Published: 02 Jan 2018 › Updated: 02 Jan 2018My Life Experiences

My Life Experiences

ဒီ​နေ့ ​ကျော်​​တော့်​သူငယ်​ချင်းမှ နင့်​ဆရာမ​ အ​ဖေဆုံးပြီတဲ့။ ရုတ်​တရက်​ အံဩသွားသည်။ 'ဘာ​ကြောင့်​ဆုံးတာလဲ' ​မေး​တော့ လျှာကင်​ဆာဖြစ်​ပြီးဆုံးတာတဲ့ ​ကျော်​​တော်​လဲ စိတ်​မ​ကောင်းဖြစ်​မိသွားသည်​။ ​ကျော်​​တော်​က သူ​ပြောမှသာ ဆုံးမှန်းသိတာ။ ​ဒီအချိန်​​နွေရာသီ​ကျောင်းပိတ်​​နေသည့်​ကာလ။ ​ကျော်​​တော့က အ​ပေါင်းသင်းနဲတယ်​။ ​အေး​အေး​ဆေး​ဆေး​နေသူ။ အိမ်​ထဲမှ အိပ်​ပြင်​​​တော်​ရုံမထွက်​။ ​အိမ်​နီးနားချင်း​တွေ​တောင်​​ပြောသည်​။ အ​မေ့ကို 'နင့်​မလဲ မိန်းခ​လေး​မွေးထားတာကြ​နေတာပဲ။ နင့်​သားက အိမ်​ထဲက အိမ်​ပြင်​​တောင်​မထွက်​ပါလား။' တဲ့ အဲလို​​တောင်​ပြောကြသည်​။ သူငယ်​ချင်းလာ​ပြောမှသာ ဘာ​ကြောင့်​ ဘယ်​လိုဆုံးမှန်းသိရသည်​။ ဆရာမနာမည်​က ​ဒေါ်​ဟေမာ ​ကျော်​​တော်​တို့​ကျောင်းရဲ့ အတန်းပိုင်​ဆရာမ အင်္ဂလိပ်​စာနဲ့ ဘဝတွက်​တာ သင်​သူ။ အခုဆုံးတာက သူ့အ​ဖေ ဦးအုံးကြည်​။ ဆရာမ​ဒေါ်ဟေမာက စာသင်​တာ​တော်​တယ်​​ဗျ။ စာလဲ​သေချာရှင်းပြနိုင်​တယ်။ ​ကျောင်းသား​​ကျောင်းသူ​တွေကို စာကိုစိတ်​ဝင်​စားပြီး မှတ်​ရလွယ်​​အောင်​​သေချာရှင်းပြနိုင်​သူ။ Letter ,Eassy တို့ဆိုလဲ ​ကျောက်​သင်​ပုန်းမှာ အလွတ်​​ချ​ရေး​တာ။ တခြားဆရာမ​တွေက​တော့ အထူးထုတ်​,ပညာ​ရေးပိုင်းတိုင်​ စာအုပ်​ထဲကူးပြီး ​ကျောက်​သင်​ပုန်းမှာ​ရေးတာ။ (ဤသည်​ ဆရာမကို​စော်​ကား​ခြင်းမဟုတ်​)

ရုတ်​တရက်​ ဆရာမအ​ဖေဆုံးပြီဆို​တော့ အံဩသွား၏။ ​ကျော်​​တော်​နဲ့ ဦးအုံးကြည်​က အကျွမ်းတဝင်​​တော့ သိပ်​မရှိပါ။ ​ကျော်​​တော့်​ အ​မေနဲ့က​တော့ ရှင်းရှင်း​ပြောရရင်​​တော့ ၂လုံးထီမိတ်​တွေ​ပေါ့။ ဦးအုံးကြည်​​ပေးတဲ့ ထီဂဏန်း​တွေက မှန်းသား​ဗျ။ တစ်​ရက်​ ထီ​လေးကြိမ်​ထွက်​တယ်​။ အနဲဆုံးနှစ်​ကြိမ်​​တော့​ပေါက်​တယ်​​ဗျ။ သူ​ပြောတာက​တော့ သူ့တွက်​နည်းထက်​ ဆရာ​တော်​​ပေးတဲ့ ဂဏန်း​တွေ၊ အိမ်​မက်​ကို နိမိတ်​ဖတ်​ပြီး ထီဂဏန်းထိုးတာတဲ့။ ​ကျော်​​တော့်​​​အ​မေက​တော့ သူ့ကို ဆရာသင်​ထားရသူ။ အ​မေကလဲ ထီကို သူ​ဌေးဖြစ်​၊ ​ခွေးဖြစ်​ဆိုသလို များများစားစားမထိုးပါ။ ​တော်​ရုံ​လောက်​ပဲ ထိုးတာပါ။

ဦးအုန်းကြည်​ ​အပူပင်​မရှိ အေး​အေး​ဆေး​ဆေး​နေသူ။ မနက်​ ၄နာရီ ​လောက်​ဆို သူ့ရာဘာခြံ​လေးလာကြည့်​ပြီး ရာဘာ​စေးလာ​ကောက်​။ ရာဘာအခွံခြစ်​လုပ်​တာ​ပေါ့။ ရာဘာခြံက​တော့ သူ့ ဘိုးဘွားပိုင်​​မြေပါ။ သူထီ​ပေါက်​​တော့ ​ကျော်​​တော်​အ​မေ့ရဲ့မိတ်​​ဆွေ ​ဒေါ်​နီဆိုတဲ့ အိမ်​နားက​မြေကွက်​ (​ပေ ၁၀၀) ပတ်​လည်​ကိုထပ်​ဝယ်​လိုက်​တယ်​။ အဲတုန်းက ​ပေါက်​​ဈေးနဲဆို ၂၅သိန်း​လောက်​ပဲ​ရှိအုန်းမှာပါ။ ရန်​ကုန်​လိုမြို့ကြီး ပြကြီး​နေရာကို​တော့မဆိုလိုပါ။ သူ့မှာ ရာဘာခြံ​လေးရှိ​နေ​တော့ ပုံမှန်​ဝင်​​ငွေ​လေးရ​နေ​တော့ အဆင်​​ပြေသား​။ ​သူ့သမီး ​ဒေါ်​ဟေမာကလဲ အ​ဖေကို ပိုက်​ဆံ​ပေးချင်​တာမဟုတ်​။ သူလဲ သူ့​ယောကျာင်္နဲ့ က​လေးသုံး​ယောက်​ သူ့ဆရာမနဲ့လစာနဲ့ ​တောင်​မ​လောက်​။ ဦးအုန်းကြည်​ဆီက ဟိုနဲနဲဒီနဲ​နဲပြန်​တောင်း​နေသူ။ သူ​ယောကျာင်္းက​တော့ ကြက်​တိုက်​တာ ဝါသနာကြီးသူ​။ ကြက်​တိုက်​ရင်​ နိုင်​ရင်​​တော့ တစ်​ပွဲ ၅ထောင် ၁သောင်း ​လောက်​ရတယ်။လောင်းကစားကို မိုက်​ရူးရဲဆမ်​သူ​တော့မဟုတ်​။

ဆရာမက မနက်​ဆို​ကျောင်းသွား က​လေး​တွေစာသင်​၊ သူ့​ယောကျာင်္းက တပ်​ကြပ်​ကြီးစာ​ရေး၊ မနက်ေ​စာ​စောရုံးသွား ည ၈ နာရီ​လောက်​မှပြန်​လာ။ သူ့သားသမီး​တွေကလဲ ​ကျောင်းသွား။ ဦးအုန်းကြည်​ အိမ်​မှာတစ်​​ယောက်​တည်း။ ဘာမှလည်း လုပ်​စရာကိုင်​စရာမရှိ။ အပျင်း​ဖြေစရာလဲမရှိ။ အိမ်​မှာ တစ်​​ရောက်​တည်းကျန်​ခဲ့သူ။ ​ကျော်​​တော့်​အ​မေအိမ်​ကို မနက်​မနက်​ဆင်းလာပြီး​တော့ ထီဂဏန်း​တော့ လာမှာတယ်​။ တစ်​​နေကုန်​စာ ၄ကြိမ်​ ဘယ်​​လောက်​ဆိုပြီး တစ်​ခါတည်း​ပေးခဲ့တာ။ ​နောက်​​နေ့မနက်​မှ ထီ​ပေါက်​တာနဲ့ ထိုးမဲ့ထီဂဏန်းနဲ့ ထိုး​ကြေးကို​ချေပြီး ထပ်​ထိုးခိုင်း။ ဦးအုန်းကြည်​ဆုံးတဲ့ရက်​က သင်္ကြန်​ရက်​ကြီး​​ဗျ။ကျော်​​တော်​ အ​မေကလဲ သူဆုံးမှန်းမသိဘူး။ ​ကျော်​​တော်​က​တော့ ထင်​သား။ ထီဂဏန်းလာမမှာတာ​တော့ အ​ကြောင်းရှိလို့များလားလို့​တော့​ ​တွေးမိသား။

ဒီလိုနဲ့မကြာလိုက်​။

သူငယ်​ချင်းဆီ သတင်းကြားလိုက်​သည့်​ ဦးအုန်းကြည်​ လျာကင်​ဆာနဲ့ ဆုံးပြီဆိုတဲ့သတင်းကြားရ​လေ​တော့သည်​။

လျာကင်​ဆာဖြစ်​တဲ့ အ​ကြောင်းရင်းက​တော့ ​ဆေးလိပ်​​ကြောင့်​​ပေါ။ သူက ​ဆေး​ပေါ့လိပ်​အမြဲတမ်း အိမ်​မှာထိုင်​​သောက်​​နေသူ။ ဒါကလဲ ​​ဆေးလိပ်​​သောက်​သူတိုင်း လူတိုင်း မဖြစ်​ပါ။ တစ်​ချို့ အသက်​ ၇၅ ​လောက်​ထိ ​ဆေးလိပ်​​သောက်​နေသူ ဘာ​ရောဂါမှ မရှိဘဲဆုံးသွားသူ​တွေအများကြီး။ ​ကျော်​​တော့် အဖိုးက​တော့ ကျန်းမား​ရေးလိုက်​စားသူ။ အသက်​ ၆၀ ထိအားကစားလုပ်​​နေသူ။ ​ဆေးလိပ်​မ​သောက်​၊ ကွမ်းမစား လျာကင်​ဆာနဲ့ဆုံးတယ်​တဲ့။ အံဩစရာ​​တော့​ကောင်းတယ်​​ဗျ။

ဦးအုန်းကြည်​ကို ဆရာဝန်​​ပြောတာက​တော့ ​'ရောဂါအချိန်​မှီတားလို့ရခဲ့ရင်​​တော့ ဒီ​ရောဂါကို အမြစ်​ပြတ်​​အောင်​ကုလို့ရတယ်​တဲ့။ ခုက ​ရောဂါက သိတာ​နောက်​ကျတဲ့အတွက်​ ကုလို့မရ​တော့လို့ ကင်​ဆာလို့ပဲ​ပြောရ​တော့မယ်​' တဲ့။ 'ဒါ​ပေမဲ့ ရန်​ကုန်​​ဆေးရုံကို ပြကြည့်​ပါလား။ကျော်​​တော့်​တို့ဆီ ဒီ​ရောဂါကိုကု​ပေးလို့မရဘူး' လို့​ပြော၏။ ဆရာမ​ဒေါ်​ဟေမာက​တော့ သူဆီ​မှာ​ငွေရှိ​ပေမဲ့ အ​ဖေ့​ရောဂါကို စိတ်​မဝင်​စား။ ရန်​ကုန်​တက်​ပြီး ​ဆေးကုလဲ အလကားပဲဆိုပြီးစိတ်​ထဲထား၏။ ဦးအုန်းကြည်​ သူ့ရာဘာခြံ​လေးစိတ်​ထဲမှ​တော့ သတိရ​နေသည်။မြေကွက်​အသစ်​မှာ စိုက်​ထားတဲ့ ရာဘာပင်​​တွေ ဘယ်​​လောက်​ကြီးပြီလဲ။ ရာဘာ​စေး​ကောဘယ်​​လောက်​ရ​နေပြီလဲ။ ကြည့်​​ပေးမည့်​သူမရှိ။ ဦးအုံးကြည်​လဲ သူ့​ရောဂါနဲ့သူ အိပ်​ယာမှမထနိုင်​၊

ဒီလိုနဲ့ တ​နေ့ သူအိပ်​မ​ပျော်​​သေးဘဲ အိပ်​ယာထဲလဲ​နေတုန်း ​ဒေါ်​ဟေမာနဲ့ သူ​ယောကျာင်္း​ပြောသံကိုကြား​နေရသည်​။ စကားသံမသဲကွဲသဖြင့်​ ​သေချာနားစွင့်​လိုက်​၏။ ​သူ​ယောကျားင်္က ' ဟဲ့ နင့်​မှာစုထားတဲ့ ​ငွေ၁၅သိန်းရှိတယ်​မလား။ ငါတို့ဆိုင်​ကယ်​တစ်​စီး ဝယ်​ရ​အောင်​လား။' ' ရှင့်​ရူး​နေလား ငါ့အ​ဖေ ​နေမ​ကောင်းဘူး​လေ။ ​ရောဂါကုဖို့က ဘာနဲ့ကုမှာတုန်း။' ' ​နင့်​အ​ဖေက ကင်​ဆာဖြစ်​​နေတာ​လေ။ မကြာခင်​​သေ​တော့မဲ့ဟာကို ဘာကိုပူ​နေတာတုန်း။ ငါဆို့ဆိုင်​ကယ်​တစ်​စီးဝယ်​နိုင်​မှသွားဖို့လာဖို့ အဆင်​​ပြေမှာ။ ငါ့မှာ ရုံးသွား​ရတာ လမ်း​လျှောက်​ပြီး​သွား​နေရတာ ဆယ်​မိုင်​​လောက်​ရှိတယ်​။'
ဒီလိုနဲ့ ဦးအုန်းကြည်​ ဒီစကားသံ​တွေကြာပြီး ပိုက်​ဆံရှိရဲ့သားနဲ့ သူကို ​ဆေးရုံ​တောင်​မထား​ပေးပါလားဆိုပြီး စိတ်​ထဲမ​ကောင်းဖြစ်​ကာ​နောက်​​နေ့မှာ ဆုံးပြီးဆိုတဲ့ သတင်းကြားရ​လေ​တော့သည်​။ ကျွန်​​တော်​လဲ ဆရာမအိမ်​သွားပြီး လုပ်​စရာရှိတာ​တွေလုပ်​​ပေးရင်း အသု​ဘ လိုက်​ပို့ဖို့အချိန်​​ရောက်​ခဲ့သည်​။ ​မြန်​မာတို့၏ ထုံးစံတိုင်း မီးသဂြိုလ်​ခါနီး​ အုံးသီးကိုခွဲ ​နောက်​ပြန်​ပစ်​ပြီး မီးသဂြိုလ်​​လေသည်​။
ဒါနဲ့​ပဲရက်​လည်​ဆွမ်း​ကျွေး​ပြီး ​နောက်​​နေ့​လောက်​ရောက်​​တော့ သူတို့ ရာဘာခြံကို​ရောင်းလိုက်​ကြသည်​။ သူတို့လဲ သူတို့အလုပ်​တစ်​ဖက်​မို့ ရာဘာခြံကို မကြည့်​နိုင်​​သော​ကြောင့်​ဖြစ်​သည်​။ ရာဘာခြံမှာ​တော့ ဦးအုန်းကြည်​ မကျွတ်​မလွတ်​လို့ သရဲ​ချောက်​တယ်​၊ အရိပ်​ပြတယ်​ဆို​တော အသံ​တော့မကြားရပါ။ ဤသည်​ ဆန်းကြယ်​​သောအ​ကြောင်းရာမဟုတ်​​ပေမဲ့ ​လောကရဲ့ သ​ဘောသဘာဝ အဖြစ်​ပျက်​ကို ကိုးကားပြီး​​​ရေးသားထားခြင်းဖြစ်​သည်​။ အမှားပါရင်​လွတ်​ပါ။ ဆက်​လက်​ကြိုးစားပါအုံးမည်။ ​ကောင်း​သော​နေ့ဖြစ်​ပါ​စေ။

shwetoe@shwetoe
Photo crd (Google image)

Leave My Life Experiences to:

Written by

Read more #my posts


Best Posts From SHWE TOE

We have not curated any of shwetoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From SHWE TOE